ကိုရီးယားယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်အဖြစ် သရုပ်ဆောင် ခါရာ ခန့်အပ်ခံရ
|ကိုရီးယားယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်အဖြစ် သရုပ်ဆောင် ခါရာ ခန့်အပ်ခံရ
ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့် ချစ်ကြည် ရေး သံတမန်ခန့်အပ်တဲ့ အခမ်းအနားမှာ ပထမဆုံးအကြိမ် ကိုရီးယား ယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်အဖြစ် သရုပ်ဆောင် ခါရာကို အောက်တိုဘာလ ၂၃ရက်နေ့မှာတရားဝင် ခန့်အပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် နေအိမ်မှာ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင် ခါရာအနေနဲ့ သံတမန်အဖြစ် ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို အခုလိုပဲ ပြောခဲ့ပါတယ်။
“ သံတမန်အဖြစ်နဲ့ ပထမဆုံး လုပ်ဆောင်မှုအနေနဲ့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အွန်လိုင်း တိုက်ကွမ်ဒို ပြိုင်ပွဲအတွက် မြန်မာနိုင်ငံသားများ ပိုမိုစိတ်ပါ ဝင်စားလာအောင် အကောင်းဆုံး Promote လုပ်သွားဖို့ ရှိပါတယ်။ တိုက်ကွမ်ဒိုက ကိုရီးယား ယဉ်ကျေးမှု အားကစားတခု ဖြစ်ပြီးတော့ ကျနော် ကိုယ်တိုင်လည်း တိုက်ကွမ်ဒို အားကစားကို စိတ်ပါဝင်စားပြီး အချိန်ယူ လေ့ကျင့်နေပါတယ်”
” ရှေ့ဆက်ပြီးလည်း မြန်မာ – တောင်ကိုရီးယား ယဉ်ကျေးမှု ဖလှယ်ရးနဲ့ တောင်ကိုရီးယား ယဉ်ကျေးမှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း များကို ကြိုးစားအားထုတ် လုပ်ဆောင်သွားရင်း မြန်မာ့ ယဉ်ကျေးမှုများကိုလည်း တောင်ကိုရီးယား နိုင်ငံသားများ ပိုမိုသိရှိစေဖို့ ဆတက်ထမ်းပိုး ကြိုးစားအားထုတ် သွားပါမယ် “လို့ ခါရာက ပြောပါတယ်။
Unicode … ကိုရီးယားယဉ်ကျေးမ မြင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခါရာ ခန့်အပ်ခံရ
ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး (၄၅) နစ်ပြည့် ချစ်ကြည် ရေး သံတမန်ခန့်အပ်တဲ့ အခမ်းအနားမာ ပထမဆုံးအကြိမ် ကိုရီးယား ယဉ်ကျေးမ မြင့်တင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်အဖြစ် သရုပ်ဆောင် ခါရာကို အောက်တိုဘာလ ၂၃ရက်နေ့မာတရားဝင် ခန့်အပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် နေအိမ်မာ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင် ခါရာအနေနဲ့ သံတမန်အဖြစ် ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို အခုလိုပဲ ပြောခဲ့ပါတယ်။
“ သံတမန်အဖြစ်နဲ့ ပထမဆုံး လုပ်ဆောင်မအနေနဲ့ လာမယ့် နိုဝင်ဘာလမာ ကျင်းပမယ့် အွန်လိုင်း တိုက်ကွမ်ဒို ပြိုင်ပွဲအတွက် မြန်မာနိုင်ငံသားများ ပိုမိုစိတ်ပါ ဝင်စားလာအောင် အကောင်းဆုံး Promote လုပ်သွားဖို့ ရပါတယ်။ တိုက်ကွမ်ဒိုက ကိုရီးယား ယဉ်ကျေးမ အားကစားတခု ဖြစ်ပြီးတော့ ကျနော် ကိုယ်တိုင်လည်း တိုက်ကွမ်ဒို အားကစားကို စိတ်ပါဝင်စားပြီး အချိန်ယူ လေ့ကျင့်နေပါတယ်”
” ရဆက်ပြီးလည်း မြန်မာ – တောင်ကိုရီးယား ယဉ်ကျေးမ ဖလယ်ရးနဲ့ တောင်ကိုရီးယား ယဉ်ကျေးမ မြင့်တင်ရေးဆိုင်ရာ လုပ်ငန်း များကို ကြိုးစားအားထုတ် လုပ်ဆောင်သွားရင်း မြန်မာ့ ယဉ်ကျေးမများကိုလည်း တောင်ကိုရီးယား နိုင်ငံသားများ ပိုမိုသိရစေဖို့ ဆတက်ထမ်းပိုး ကြိုးစားအားထုတ် သွားပါမယ် “လို့ ခါရာက ပြောပါတယ်။
ဒီလို ခန့်အပ်ခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမအပေါ်မြန်မာနိုင်ငံသားများ စိတ်ပါဝင်စားမ မြင့်တင်နိုင်ရေးအတွက် တောင်ကိုရီးယား သမ္မတနိုင်ငံ ယဉ်ကျေးမ မြင့်တင်ရေးဆိုင်ရာ ဂုဏ်ထူး ဆောင် သံအမတ်အဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ Source ; Khar Ra’s Facebook