အမေရိကန် ဖလော်ရီဒါရှိ အိမ်တစ်လုံးအတွင်းမှ ဦးခေါင်းနှစ်လုံးဖြင့်မြွေတွေ့ရှိ

အမေရိကန် ဖလော်ရီဒါရှိ အိမ်တစ်လုံးအတွင်းမှ ဦးခေါင်းနှစ်လုံးဖြင့်မြွေတွေ့ရှိ

အမေရိကန် ၊ ဖလော်ရီဒါပြည်နယ်၊ Palm Harbor ရှိ အိမ်တစ်လုံးအတွင်းမှာ ဦးခေါင်းနှစ်လုံး ပါဝင်တဲ့ မြွေတစ်ကောင်ကို အောက်တိုဘာ ၂၁ ရက်နေ့က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိမြွေဟာ ဆန်းရှိုင်းခရိုင်အတွင်းမှာ အတွေ့ရများတတ်ပြီး အဆိပ်မရှိတဲ့ Southern Black Racer အမျိုးအစား မြွေမျိုးဖြစ်ကြောင်း ဖလော်ရီဒါ သားငါးနှင့်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကော်မရှင် (FWC) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖြစ်ရပ်ကို Bicephaly လို့ခေါ်တဲ့ ကြုံတောင်ကြုံခဲ ဖြစ်တတ်တဲ့ ဦးခေါင်းနှစ်လုံး ကွဲထွက်ခြင်းလို့သာ လတ်တလောသုံးသပ်ထားကြပါတယ်။ Bicephaly ဆိုတာကတော့ သန္ဓေသားလောင်းဟာ အမွှာအဖြစ် ကွဲထွက်ကာ မွေးဖွားရမယ့်အစား လမ်းခုလတ်မှာတင် ဆဲလ်ကွဲမှုရပ်တန့်ပြီး သန္ဓေသားလောင်းနှစ်ခု ပူးပေါင်းသွားတာပဲ ဖြစ်ပါတယ်။

” ဒီဖြစ်ရပ်ဟာ သဘာဝ တောတွင်းမှာဆိုရင် အသက်ရှင်ဖို့ ခဲယဉ်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်နှစ်ခုလုံးဟာ သီးခြားဆီ ဆုံးဖြတ်လုပ်ကိုင်တဲ့အတွက် ခန္ဓာကိုယ် တစ်ခုတည်းက လိုက်နာဖို့ ခက်ခဲလှပါတယ်။ အစား အသောက် စားတာက အစ၊ ရန်သူမုဆိုးဆီက ထွက်ပြေးတာမျိုးအထိ သူ့အတွက် ခက်ခဲမှာပါလို့ FWC ရဲ့ ထုတ်ပြန်လွှာမှာ ပါဝင်နေပါတယ်။

မြွေရဲ့ ဦးခေါင်း နှစ်ခုလုံးဟာ လှုပ်ရှားမှု နောက်ကို ထုတ်ပြန်သလို၊ လျှာလည်း ပြူတစ်ပြူတစ် လုပ်တတ်ကြောင်း၊ ဒါပေမယ့် ဦးခေါင်းနှစ်ခုလုံးရဲ့ တုန့်ပြန်မှုက အမြဲတစေ မတူညီနေကြောင်း FWC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ထူးထူးခြားခြား ဖြစ်ရပ်အနေနဲ့ အောက်တိုဘာလ အစောပိုင်းကလည်း ဖလော်ရီဒါ တောင်ပိုင်း မိုင်ယာမီကနေ ၃၅ မိုင်ကွာဝေးတဲ့ နေရာတစ်ခုမှာ ၁၈ ပေနဲ့ ၉ လက်မ အထိ ကြီးမားတဲ့ မြန်မာ့စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသေးတယ်။ Source ; Thu Ta Myay

Unicode … အမေရိကန် ဖလော်ရီဒါရ အိမ်တစ်လုံးအတွင်းမ ဦးခေါင်းနစ်လုံးဖြင့်မြွေတွေ့ရ

အမေရိကန် ၊ ဖလော်ရီဒါပြည်နယ်၊ Palm Harbor ရ အိမ်တစ်လုံးအတွင်းမာ ဦးခေါင်းနစ်လုံး ပါဝင်တဲ့ မြွေတစ်ကောင်ကို အောက်တိုဘာ ၂၁ ရက်နေ့က ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးရမိမြွေဟာ ဆန်းရင်းခရိုင်အတွင်းမာ အတွေ့ရများတတ်ပြီး အဆိပ်မရတဲ့ Southern Black Racer အမျိုးအစား မြွေမျိုးဖြစ်ကြောင်း ဖလော်ရီဒါ သားငါးနင့်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကော်မရင် (FWC) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖြစ်ရပ်ကို Bicephaly လို့ခေါ်တဲ့ ကြုံတောင်ကြုံခဲ ဖြစ်တတ်တဲ့ ဦးခေါင်းနစ်လုံး ကွဲထွက်ခြင်းလို့သာ လတ်တလောသုံးသပ်ထားကြပါတယ်။ Bicephaly ဆိုတာကတော့ သန္ဓေသားလောင်းဟာ အမွာအဖြစ် ကွဲထွက်ကာ မွေးဖွားရမယ့်အစား လမ်းခုလတ်မာတင် ဆဲလ်ကွဲမရပ်တန့်ပြီး သန္ဓေသားလောင်းနစ်ခု ပူးပေါင်းသွားတာပဲ ဖြစ်ပါတယ်။

” ဒီဖြစ်ရပ်ဟာ သဘာဝ တောတွင်းမဆိုရင် အသက်ရင်ဖို့ ခဲယဉ်းလပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနာက်နစ်ခုလုံးဟာ သီးခြားဆီ ဆုံးဖြတ်လုပ်ကိုင်တဲ့အတွက် ခန္ဓာကိုယ် တစ်ခုတည်းက လိုက်နာဖို့ ခက်ခဲလပါတယ်။ အစား အသောက် စားတာက အစ၊ ရန်သူမုဆိုးဆီက ထွက်ပြေးတာမျိုးအထိ သူ့အတွက် ခက်ခဲမာပါလို့ FWC ရဲ့ ထုတ်ပြန်လွာမာ ပါဝင်နေပါတယ်။

မြွေရဲ့ ဦးခေါင်း နစ်ခုလုံးဟာ လပ်ရးမ နောက်ကို ထုတ်ပြန်သလို၊ လျာလည်း ပြူတစ်ပြူတစ် လုပ်တတ်ကြောင်း၊ ဒါပေမယ့် ဦးခေါင်းနစ်ခုလုံးရဲ့ တုန့်ပြန်မက အမြဲတစေ မတူညီနေကြောင်း FWC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ထူးထူးခြားခြား ဖြစ်ရပ်အနေနဲ့ အောက်တိုဘာလ အစောပိုင်းကလည်း ဖလော်ရီဒါ တောင်ပိုင်း မိုင်ယာမီကနေ ၃၅ မိုင်ကွာဝေးတဲ့ နေရာတစ်ခုမာ ၁၈ ပေနဲ့ ၉ လက်မ အထိ ကြီးမားတဲ့ မြန်မာ့စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းဆီးရမိခဲ့ပါသေးတယ်။ Source ; Thu Ta Myay

Add a Comment

Your email address will not be published. Required fields are marked *