ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို ကိုဗစ်ကူးစက်ခံရ 

ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို ကိုဗစ်ကူးစက်ခံရ

နာမည်ကျော် ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟိုက ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းမှာ COVID-19 ရောဂါ လက္ခဏာတွေ ပြတာမျိုး တော့ မရှိဘူးလို့ ရော်နယ်လ်ဒင်ဟိုက ပြောပါတယ်။

ကျော်ကြားမှုတွေ ရှိခဲ့တဲ့ ဘောလုံးသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ဘာစီလိုနာနဲ့ အေစီမီလန် ကစားသမားဟောင်းဟာ ယခုဆိုရင် ဘရာဇီးနိုင်ငံ ဘယ်လိုဟော်ရီဇွန်တီမြို့က ဟို တယ်တစ်ခုမှာ သီးခြားခွဲကာ နေထိုင်သွားမယ်လို့ သိရပါတယ်။

” ဟိုင်း၊ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ပရိသတ်တို့ရေ၊ ကျွန်တော် ကိုဗစ်-၁၉ စစ်ဆေးမှု လုပ်ခဲ့ပါတယ်၊ ရလဒ်ကတော့ ဗိုင်းရပ်စ် ရှိနေတယ်လို့ အဖြေထွက်ပါတယ်၊ ကျွန်တော် နေလို့ကောင်းပါတယ်၊ ခုချိန်မှာ ကျွန်တော့်မှာ ရောဂါလက္ခဏာလည်း မပြပါဘူး” လို့ ရော်နယ်လ်ဒင်ဟိုက အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုကတော့ ပတ်စ်ပို့တ်အတုကိုင်ဆောင်မှု ကိစ္စနဲ့ ပါရာဂွေးနိုင်ငံမှာ ငါးလကျော်ကြာ အချုပ်ကျခံရပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ဘရာဇီးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ဆုကို ရရှိခဲ့ဖူးသူဖြစ်တဲ့ ရော်နယ်လ်ဒင်ဟိုနဲ့ ၎င်းရဲ့ အကိုဖြစ်သူတို့ဟာ ပါရာဂွေးမှာ ထောင်ဒဏ် တစ်လ၊ အဆန်စီယွန်မြို့က ဟိုတယ်တစ်လုံးမှာ နေအိမ်အကျယ်ချုပ် လေးလ တို့ကို ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာတော့ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၆,၀၀၀ ကျော် ရှိနေပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးမှု အများဆုံး နိုင်ငံ ဖြစ်နေပါတယ်။ Source ; Mizzima

Unicode … ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

နာမည်ကျော် ဘရာဇီးဂန္ထဝင် ဘောလုံးကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟိုက ၎င်းမာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အောက်တိုဘာ ၂၅ ရက်မာ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းမာ COVID-19 ရောဂါ လက္ခဏာတွေ ပြတာမျိုး တော့ မရဘူးလို့ ရော်နယ်လ်ဒင်ဟိုက ပြောပါတယ်။

ကျော်ကြားမတွေ ရခဲ့တဲ့ ဘောလုံးသမားဘဝတစ်လျာက် ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလားတို့ကို ကိုင်မြာက်နိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ဘာစီလိုနာနဲ့ အေစီမီလန် ကစားသမားဟောင်းဟာ ယခုဆိုရင် ဘရာဇီးနိုင်ငံ ဘယ်လိုဟော်ရီဇွန်တီမြို့က ဟို တယ်တစ်ခုမာ သီးခြားခွဲကာ နေထိုင်သွားမယ်လို့ သိရပါတယ်။

” ဟိုင်း၊ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ပရိသတ်တို့ရေ၊ ကျွန်တော် ကိုဗစ်-၁၉ စစ်ဆေးမ လုပ်ခဲ့ပါတယ်၊ ရလဒ်ကတော့ ဗိုင်းရပ်စ် ရနေတယ်လို့ အဖြေထွက်ပါတယ်၊ ကျွန်တော် နေလို့ကောင်းပါတယ်၊ ခုချိန်မာ ကျွန်တော့်မာ ရောဂါလက္ခဏာလည်း မပြပါဘူး” လို့ ရော်နယ်လ်ဒင်ဟိုက အင်စတာဂရမ်မာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမာ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုကတော့ ပတ်စ်ပို့တ်အတုကိုင်ဆောင်မ ကိစ္စနဲ့ ပါရာဂွေးနိုင်ငံမာ ငါးလကျော်ကြာ အချုပ်ကျခံရပြီး ပြီးခဲ့တဲ့ သြဂုတ်လကမ ဘရာဇီးကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ဆုကို ရရခဲ့ဖူးသူဖြစ်တဲ့ ရော်နယ်လ်ဒင်ဟိုနဲ့ ၎င်းရဲ့ အကိုဖြစ်သူတို့ဟာ ပါရာဂွေးမာ ထောင်ဒဏ် တစ်လ၊ အဆန်စီယွန်မြို့က ဟိုတယ်တစ်လုံးမာ နေအိမ်အကျယ်ချုပ် လေးလ တို့ကို ကျခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမတော့ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅၆,၀၀၀ ကျော် ရနေပြီး ဒါဟာ ကမ္ဘာပေါ်မာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးမ အများဆုံး နိုင်ငံ ဖြစ်နေပါတယ်။ Source ; Mizzima

Add a Comment

Your email address will not be published. Required fields are marked *