ချင်းပြည်နယ် ဆူရ်ဘုန်လေဆိပ်မှာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီ
|ချင်းပြည်နယ် ဆူရ်ဘုန်လေဆိပ်မှာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီ
ချင်းပြည်နည်၊ ဖလမ်းမြို့ ဆူရ်ဘုန်လေဆိပ်မှာ လေကြောင်းလိုင်း ပြေးဆွဲဖို့အတွက် ဒီနေ့မနက်ပိုင်းက ပထမဆုံးအကြိမ် စမ်းသပ်လေယာဉ်နဲ့ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။
ဆူရ်ဘုန် လေဆိပ်မှာတော့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က ရန်ကုန်-မန္တလေး-ဖလမ်း၊ ဖလမ်း-မန္တလေး-ရန်ကုန် ခရီးစဉ်တွေကို စတင်ပြေးဆွဲ သွားမှာဖြစ်ပြီး ပြေးဆွဲမယ့် ရက်ကိုတော့ ဒီနေ့စမ်းသမ်မှု အခြေအနေတွေ ကိုကြည့်ပြီး ကြေညာသွားမယ်လို့ သိရပါတယ်။
“ အခုကတော့ မြန်မာလေကြောင်းလိုင်းကပဲ စတင်ပြေးဆွဲသွားမှာ ပေါ့နော်၊ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ဒီလိုလေကြောင်းပြေးဆွဲနိုင်မယ်ဆိုရင်တော့ သွားရေးလာရေး မခက်ခဲတော့ဘဲ လွယ်ကူလျင်မြန်သွားမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ မြန်မာလေကြောင်းလိုင်း (MNA) ပဲ ပြေးဆွဲဖို့စီစဉ်ထားပြီး နောက်ပိုင်းမှာတော့ ပုဂ္ဂလိက လေကြောင်းလိုင်းတွေပါ ပြေးဆွဲနိုင်အောင် စီစဉ်သွားမယ်လို့ သိရပါတယ်။
ဆူရ်ဘုန် လေဆိပ်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လေယာဉ်ပြေးလမ်းအရှည်ပေ (၆၀၀၀) နဲ့ အကျယ် ပေ (၁၀၀) ရှိတယ်လို့ သိရပါတယ်။ Source ; O Media
Unicode … ချင်းပြည်နယ် ဆူရ်ဘုန်လေဆိပ်မာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီ
ချင်းပြည်နည်၊ ဖလမ်းမြို့ ဆူရ်ဘုန်လေဆိပ်မာ လေကြောင်းလိုင်း ပြေးဆွဲဖို့အတွက် ဒီနေ့မနက်ပိုင်းက ပထမဆုံးအကြိမ် စမ်းသပ်လေယာဉ်နဲ့ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။
ဆူရ်ဘုန် လေဆိပ်မာတော့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က ရန်ကုန်-မန္တလေး-ဖလမ်း၊ ဖလမ်း-မန္တလေး-ရန်ကုန် ခရီးစဉ်တွေကို စတင်ပြေးဆွဲ သွားမာဖြစ်ပြီး ပြေးဆွဲမယ့် ရက်ကိုတော့ ဒီနေ့စမ်းသမ်မ အခြေအနေတွေ ကိုကြည့်ပြီး ကြေညာသွားမယ်လို့ သိရပါတယ်။
“ အခုကတော့ မြန်မာလေကြောင်းလိုင်းကပဲ စတင်ပြေးဆွဲသွားမာ ပေါ့နော်၊ ကျွန်တော်တို့ ချင်းပြည်နယ်မာ ဒီလိုလေကြောင်းပြေးဆွဲနိုင်မယ်ဆိုရင်တော့ သွားရေးလာရေး မခက်ခဲတော့ဘဲ လွယ်ကူလျင်မြန်သွားမာဖြစ်ပါတယ်။
အခုဆိုရင်တော့ ရုံးလုပ်ငန်းတွေ ကျန်းမာရေး ကိစ္စတွေ တခြားသော ကိစ္စတွေလည်း အကုန်ကောင်းသွားမာပါ။ ” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
အခုအချိန်မာတော့ မြန်မာလေကြောင်းလိုင်း (MNA) ပဲ ပြေးဆွဲဖို့စီစဉ်ထားပြီး နောက်ပိုင်းမာတော့ ပုဂ္ဂလိက လေကြောင်းလိုင်းတွေပါ ပြေးဆွဲနိုင်အောင် စီစဉ်သွားမယ်လို့ သိရပါတယ်။
ဆူရ်ဘုန် လေဆိပ်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လေယာဉ်ပြေးလမ်းအရည်ပေ (၆၀၀၀) နဲ့ အကျယ် ပေ (၁၀၀) ရတယ်လို့ သိရပါတယ်။ Source ; O Media