တရားခံ မဖော်ထုပ်နိုင်သေးတဲ့ လေးနှစ်အရွယ် သမီးငယ်လေးရဲ့ အမှုမှ နောက်ဆုံးရသတင်းများ
|တရားခံ မဖော်ထုပ်နိုင်သေးတဲ့ လေးနှစ်အရွယ် သမီးငယ်လေးရဲ့ အမှုမှ နောက်ဆုံးရသတင်းများ
ရွှေတာင်မြို့နယ်မှာ အောက်တိုဘာ ၁၈ ရက်က ပျောက်ဆုံးသွားသော လေးနှစ်အရွယ် ကလေးငယ်ကို အောက်တိုဘာ ၂၆ ရက် မနက် ကိုးနာရီခွဲ့ခန့်က ကံသုံးဆင့် ကျေးရွာနဲ့ ကျောက်ဖူး ကျေးရွာ အကြား လူသွားလမ်းအနီး လယ်ကွင်းစပ်ကွင် မှောက်လျှက်အနေထားဖြင့် သေဆုံးလျှက် တွေ့ရှိခဲ့သည်ဟု မကျီးပေါက်ကုန်း အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်ထံက သိရသည်။
ပျောက်ဆုံးနေသော သမီးငယ်အတွက် မိဘနှစ်ပါးက ယတြာချေဖို့ ရွှေနတ်တောင်ဘုရားကို သွားရာလမ်းမှာ အဖေဖြစ်သူကအနံ့ရတာကြောင့် ရွာကို အကြောင်းကြားပြီး ရွာသားများနဲ့ ရှာဖွေခဲ့ရာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကိုလတ်က ပြောသည်။
” သူ့ယောက်ဖက အရင်စတွေ့တာ၊ ရွာထဲမှာပဲ သင်္ဂြိုလ်မလား မြို့ နယ်ကိုပဲ သယ်လာရမလား မေးကြည့်ဦးဆိုတော့၊ သူတို့က ရွာကို ဒီအတိုင်း ပြန်မသယ်ချင်တော့ဘူး အဲ့ဒီမှာပဲ အဆင်ပြေသလို ကြည့်လုပ်ပေးပါတဲ့၊ ကျနော်တို့ကို လွှဲပေးလိုက်တယ်ပေါ့၊ မြို့ထဲက ပရဟိတကားတွေနဲ့ မီးသင်္ဂြုလ်စက်ကို ယူဆောင်ခိုင်းလိုက်တယ်” ဟု ၎င်းကပြောသည်။
အလောင်းတွေ့ရှိပြီးချိန် စပါးခင်းအစပ်တွင် မှုခင်းဆရာဝန်များ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် ရွာသူရွာသားများ ရှေ့၌လူ နာတင် ကတ်ပေါ်သို့တင်ပြီး ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ သင်္ဂြိုလ် ခွင့်ပြုခဲ့ပြီး ကလေးငယ်၏ အဝတ်များကို စစ်ဆေးရန်ယူဆောင်သွားသည်ဟု ပြောသည်။
ကလေးငယ်၏ ရုပ်အလောင်းအား ရွှေတောင်နာ/ကူ အသင်းသားများက သုခဘုံ (၂) သင်္ဂြိလ်စက်သို့ သယ်ဆောင်ပြီး ရဲစခန်းထောက်ခံစာရယူကာ နေ့လယ် ၄ နာရီခန့်တွင် မီးသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း ရွှေတောင်နာ/ကူ အသင်း အတွင်းရေးမှူးထံက သိရသည်။
၎င်းကိစ္စနှင့် ပက်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးကို ပြည်သူများနှင့် ပူးပေါင်းကာ တတ်စွမ်းသမျှဆောင်ရွက်သွားမည်ဟု ရွှေတောင်မြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်က ပြောသည်။
“ကျနော် ရွှေတောင်မှာ ကြီးပြင်းလာတာပါ။ ဒီလိုကိစ္စမျိုးတွေ မတွေ့ဖူးသေးပါဘူး။ ဒါပထမဆုံးအကြိမ်ပဲ၊ ဒီလိုကိစ္စမျိုးကို ကျနော်တို့ ပြည်သူတွေက ငြိမ်ခံမနေဘူးဆိုတာ သက်သေပြတာပါ၊ ပြည်ထဲရေးကိုလည်း အမှုမှန်ပေါ်ပေါက်ဖို့ ပြည်သူနဲ့ အတူ လုပ်နိုင်သလောက် ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ဦးဝင်းနိုင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပက်သက်၍ ပြည်ခရိုင်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသောကြောင့် အမှုနှင့်ပက်သက်၍ အသေးစိပ် မသိရှိရသေးပါ။ Source ; မြေလတ်အသံ