ကြံကြံဖန်ဖန် မြို့စောင့်နတ်မင်းရုပ်ထုကိုမှ တက်ပြီးကားနှင့်ဝင်တိုက်မိသူရဲ့ အဖြစ်

ကြံကြံဖန်ဖန် မြို့စောင့်နတ်မင်းရုပ်ထုကိုမှ တက်ပြီးကားနှင့်ဝင်တိုက်မိသူရဲ့ အဖြစ်

မြို့စောင့်နတ်မင်းကြီးအတွက် ဂြိုလ်ဆိုးဝင်တဲ့ အကာလညသန်းခေါင်ယံ ညတစ်ညရဲ့ အတွေး

လူတွေတော်တော် ပြသနာ ရှာကြသည် … မြို့စောင့် နတ်မင်းကြီးရဲ့ နတ်နန်းကို မနေ့ညက သီတင်းကျွတ် လဆန်း ၁၀ ရက် ၊ (ဘို လိုဆိုရင် အောက်တိုဘာလ ၂၆ ရက်နေ့ ) ညသန်ခေါင်းယံမှာ ” ဝုန်း ” ဆိုတဲ့အသံကြားလို့ နတ်မျက်စေ့နဲ့ကြည့်လိုက်တာ နတ်ဖြစ်တဲ့ကျုပ်တောင် မျက်လုံးပြူး သွားရဒယ်..

ဟုတ်ပဗျာ လူတွေစီးတဲ့ ကားဆိုလား ? ဘာလား ? စီးတော်ယာဉ်ကြီးဟာ အရှိန်လွန်ပြီး ကျုပ်ရဲ့ပုံတူ ရုပ်ထုပေါ်တက်ခွလို့ ကျုပ်ရဲ့ရုပ်ထုတော်ဟာ မြေပေါ်မှာ ပိုးလိုးပက်လက်တွေကို လန်လို့ပါဆို မြေမှာခလို့ မမြင်ရက်စရာဘဲ …

ကျုပ်ဆိုတာက ယိုးဒယားနိုင်ငံတော်က ချိုင်းယဖုမ်းခရိုင် ” ဘန့်ထဲန်း ” မြို့စားနယ်ပိုင်ကြီးပါဗျာ ၊ ဒီခေတ်လိုပြောရရင် မြို့နယ်အုပ်ချုပ်ရေးမှူးကြီးပေါ့ ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ ခန့်က လာဘ်စားလွန်းလို့ဆိုလား ? သတ္တိရှိလွန်းလို့ဆိုလား ? ဘာလားပါဘဲ ? ( မသိချင်ကြစမ်းပါနဲ့ )

အစိမ်းသေသေပြီး မြို့ကိုစောင့်ရှောက်တဲ့နတ်မင်းအဖြစ်ပြည်သူတွေက အတင်းရော ဇွတ်ရော ဝိုင်းပြီးကိုးကွယ်ထားကြလို့ ကျုပ်မှာမကျွတ်မလွတ်ဘဲ ဒီမြို့မှာတဝဲလည်လည်နဲ့ နေ နေရတာပါ ..၊ ကျုပ်လည်း နတ်အခွင့်အရေးအပြည့်အဝရချင်တာပေါ့ ၊ ဟို စကီနတ်သမီးလေးတွေရှိတဲ့နေရာစုံကိုပတ်လိမ့်ချင်တာလေ .. ( ဘယ့်နှယ် လူတွေကျတော့ နိဗ္ဗာန်​ရောက်ကြောင်း တရားတွေကျင့်ကြံနေကြတယ် ၊ မတရားဘူး )

ကျွန်ုပ်ဘဝ မြို့စောင့်နတ်မင်းကြီးအဖြစ်နဲ့ လူရိုသေ ရှင်ရိုသေနဲ့ မြို့လယ်ခေါင်မှာ ခပ်တည်တည် မရယ်မပြုံး ခန့်ခန့်ညားညားနဲ့ထီးထီးကြီး ရပ်တည်လာတာ နှစ်တွေလည်း မနည်းတော့ပါဘူး ၊ ဟိုလူကဆင်ရုပ် မြင်းရုပ်လေးနဲ့လာပူဇော်လိုက် ( လူလစ်ရင် ပြန်ထုတ် ရောင်းစားလိုက် ) ၊ ပန်း ဆီမီး အမွှေးတိုင်တွေနဲ့ လာပူဇော်လိုက် ၊

စားစရာသောက်စရာ ယမကာ အချိုရည်တွေလာဆက် သလိုက်နဲ့ ကျုပ်မှာအငွေ့နဲ့ တင်ကျေနပ်နေရတာပ ၊ အံမယ် ဝတ္တုငွေတွေကျ တော့ ကျုပ်နဲ့ဘာဆိုင်လို့ တုန်းဆို ၊ ဟို .. ရုပ်ထု ထိန်းသိမ်းရေးကော်မတီက စုထားပေးကြတယ်လေ ..( လူလစ်ရင်တော့ ဘုံးကြဝုန်းကြပေါ့ ) စတာပါ

အကျွန်ုပ်အတွက် ထီးနဲ့နန်းနဲ့ ကန္နားနဲ့အတည်တ ကျမရှိခင်က ရှေးနှစ်ပေါင်း ၁၈၀ နှစ်ကတည်းက ခုနှစ်ရက်သားသမီးတွေကယုံယုံကြည်ကြည်နဲ့ ပူဇော်ပသခဲ့ကြလို့ အကျွန်ုပ်ကလည်း ဘေးမသီရန်မခအောင် ပြန်လည် စောင့်ရှောက်တော်မူခဲ့ရင်း ခေတ်ကာလတွေရွေ့လျားလာတော့ လူတွေကကျုပ်အတွက် ဧရာမနတ်နန်းကြီးတည်ဆောက်ပေးဘို့တင်ဒါတွေခေါ် ၊ ကန်ထရိုက်တွေနဲ့မဲနှိုက် ၊ ကော်မတီတွေဖွဲ့ ၊ ရန်တွေဖြစ်ကြ ၊ အကွဲကွဲအပြဲတွေ ဖြစ် ၊ လောဘတက်သူတွေကတက်နဲ့

ကျွန်ပ်လည်း စိတ်မချမ်းမသာနဲ့ အိပ်မက်ပေးပြီး ” ကဲမောင်မင်းတို့ ..ရှိစေတော့ ငါ့ဘာသာငါ မြို့လယ်ခေါင်မှာ ချောမောခန့်ညားတဲ့ရုပ်ထုလေးနဲ့အသိအမှတ်ပြုကြမယ်ဆိုရင်လည်း နွေမိုးဆောင်း ရာသီမရွေးအဖေကြီးကျေနပ်ပါပြီ ကွယ် .. ငါ့နတ်နန်းဖြစ်မြောက်ရေးကြောင့်မင်းတို့တစ်တွေ စိတ်ဝမ်းမကွဲကြပါနဲ့ ” ဆိုပြီး ဇွတ်အတင်းတားမြစ်ခဲ့လို့ အခုလိုရုပ်ထုလေးနဲ့ မကျဉ်းမကျယ်ဇိမ်ကြလာတာ ၁၇ နှစ်တောင် ကျော်ခဲ့ပြီဆိုပါတော့

လူ့ကံနတ်ကံ နှစ်ခုကံကလည်း တယ်တိုက်ဆိုင်းသကိုးကွဲ့ .. ကိုယ့်ရုပ်ထုတောင်ကိုယ် Defence မလုပ် လိုက်နိုင်ပါဘူးဆို မှ ( ရှက်ထှာ ) ဘယ့်နှယ်ကွယ် ကံဆိုးချင်တော့ မနေညက အကျွန်ုပ်မြို့နယ်မှာ ကားတွေလည်းရှင်းလို့ အေးချမ်းသာယာ လှတယ်ဆိုပြီး စကီနတ်သမီးလေးနား တိတ်တိတ်လေး သွားလည်မိပါတယ် ၊

သတိတစ်ချက်လွတ်တာနဲ့ ကားနံပါတ် ၁၉၆၈ မစ်ဆူဘီရှီ ပစ်ကပ်ကားသမား အမောင် ဆာနစ်ဟာ ကျုပ်ရဲ့နတ်ရုပ်ထုကို ဝင်တိုက်ပြီး ကားက ပဒြပ်ရပ်ဖင်ထောင်လို့ ကားခေါင်းထဲမှာ ငုတ်တုတ် ဘာဒဏ်ရာမှမရဘဲ နတ်ကိုင်မှာကို အကြောက်လွန်နေပုံပါ .. အေးအေး ရှိစေတော့ကွယ် ၊ ငါရုပ်ထုအသစ် ရတာပေါ့ မောင်မင်းကြီးသားရယ်

အခုတော့ မြို့စောင့်နတ်မင်း ရုပ်ထု ထိန်းသိမ်းကာကွယ် ရောက်စောက်ရေး ကော်မတီက ကျုပ်ရဲ့ရုပ်ထုကို ပိုမိုခန့်ညားအောင် ခေတ်မှီတဲ့ ဒီဇိုင်းတွေနဲ့ ပြန်လည်ထုဆစ်ဘို့အတွက် လျော်ကြေးငွေထိုင်းဘတ် ၃၈၀၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ် ၊

စီးတော်ယာဉ်ကို ပရမ်းပဒါမောင်းတဲ့ ကိုယ်တော်ချော ကလည်းကြည်ဖြူပြီး သားပါ ၊ ကျုပ်ရဲ့ ဘုန်းတန်ခိုး အာနုဘော်ကို ဖိန့်ဖိန့်တုန်နေအောင် ကြောက်ရှာနေသကိုး ၊ သိတယ်နော် နတ်ကိုင်ရင်ဘာဖြစ်သွားမယ်ထင်သလဲ ?

ဘာဘဲပြောပြော ယခင်က ဘတ် ၁၅၀၀၀၀ တန် အကျွန်ုပ်ရဲ့ ရုပ်ထုဟာ ဤအမူးသမား ကောင်းမှုကြောင့် မြေခရတယ် ၊ ပြောင်းလဲချိန်တန်လို့ အသစ်တဖန် ပြန်လည်ဖန်တီးမယ့် အကျွန်ုပ်ရဲ့ ဘတ်၃ သိန်း ၈ သောင်းတန် ရုပ်ထုကြီးကို မြင်ယောင်တွေးကြည့်မိရင်း မြို့စောင့်နတ်မင်းကြီး အပျော်ကြီးပျော် နေမိပါပြီဗျာ ,,,,,?

တစ်ခုဘဲရှိဒယ် လာဘ်စားပြီး ပုံမလာပန်းမလာ မျက်လုံးပြူးပြူး ပုကွကွ ရုပ်ဆိုးဆိုး ရုပ်ထုထွက်လာလို့ကတော့ နတ်ရုပ်ထုထိန်း / ကော် အဖွဲ့နာဘို့သာ ပြင်ပေတော့ … ဟေ့ … ဤတွင်နတ်၏အတွေးပြီးပါပြီ ။ Source ; SiThuMaung

Add a Comment

Your email address will not be published. Required fields are marked *