ရွှေလီမြို့ ဖုန်းအပိုပစ္စည်းစက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ရသော မြန်မာအလုပ်သမားများအနက် မြန်မာနိုင်ငံသို့ ခြောက်ဦး ပြန်ရောက်ရှိ
|ရွှေလီမြို့ ဖုန်းအပိုပစ္စည်းစက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ရသော မြန်မာအလုပ်သမားများအနက် မြန်မာနိုင်ငံသို့ ခြောက်ဦး ပြန်ရောက်ရှိ
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ဖုန်းအပိုပစ္စည်း စက်ရုံတစ်ခုတွင် ပိတ်လှောင်ခံခဲ့ ရသော မြန်မာနိုင်ငံသား ၃၉ ဦးအနက် ခြောက်ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ် ဂိတ်တစ်ခုဖြစ်သော နန်းတော် ဂိတ်မှတစ်ဆင့် ယနေ့နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
အဆိုပါ မိန်းကလေး ခြောက်ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၉ ဦးသည် ရွှေလီမြို့ရှိဖုန်းအပို ပစ္စည်းတပ် ဆင်သည့် တရားမဝင်စက်ရုံတွင် ဆက်လက်လုပ်ကိုင်လို စိတ်မရှိတော့သဖြင့် အခြားနေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရရေး စက်ရုံပိုင်ရှင်နှင့် ညှိနှိုင်းခဲ့ကြသော်လည်း ညှိနှိုင်းမှုအဆင်မပြေ သဖြင့်အဆောက် အဦး တစ်ခု အတွင်းပိတ်လှောင်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပိတ်လှောင်ခံရသူများအနက်မှ Online အသုံးပြုသူတစ်ဦးက FaceBook page မှတစ်ဆင့် မိမိ တို့ပိတ်လှောင် ခံနေရကြောင်း နှင့် တရုတ်နိုင်ငံတွင် နေထိုင်ခွင့် ကတ်များကိုလည်း သိမ်းဆည်းထား ကြောင်း၊ ရေမတိုက်၊ ထမင်းမကျွေး ကြောင်းကို Live လွှင့် အသိပေးခဲ့ ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၊ မူဆယ်မြို့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံရွှေလီမြို့ရှိ သက်ဆိုင်ရာသို့ဆက် သွယ်ကာ စုံစမ်းမူများပြုလုပ်ခဲ့ပြီး နောက် တရုတ်နိုင်ငံ လူကုန်တားအဖွဲ့နှင့် ဆက်သွယ်၍ ပိတ်လှောင်ခံ နေရသော မြန်မာနိုင်ငံသားများကို နာရီပိုင်းအတွင်း ကယ်ဆယ်ခဲ့ကြောင်း နှင့် ယင်းသို့ပြုလုပ်သည့် စက်ရုံ ပိုင်ရှင်ကိုလည်း ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ယင်းနောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒအရ တရုတ်နိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်လိုသူ ၃၃ ဦးအား ရွှေလီစက်မှုဇုန်ရှိ တ ရားဝင် အလုပ်ရုံများသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့် ပြုထားသည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လိုသူ အမျိုးသမီး ၆ ဦးကိုလည်းမူဆယ်နယ်စပ် နန်းတော်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်းနှင့် ယခုအခါ မူဆယ်မြို့၊ ပြည်ထောင်စုဘော်လုံးကွင်းရှိ Covid-19 Q စင်တာတွင် ဆေးစစ်မှုများပြုလုပ်နိုင်ရန် ပို့ဆောင် ပေးထားကြောင်း သိရသည်။ Source ; Pyi Myanmar