အသက် ၈၅နှစ်အထက် အဘိုး အဘွားများအား လူမှုရေးပင်စင်လျှောက်ထားပါရန် အစိုးရထပ်မံနှိုးဆော်

အသက် (၈၅) နှစ်အထက် အဘိုး အဘွားများအား လူမှုရေးပင်စင်လျှောက်ထားပါရန် အစိုးရထပ်မံနှိုးဆော်

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် သက်ကြီးရွယ်အိုများကို တစ်လလျှင် (၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၃) လ တစ်ကြိမ် ( ၃၀,၀၀၀ ) ကျပ် ထောက်ပံ့ပေးလျက် ရှိနေရာ ယင်းအစီ အစဉ်မှာ အကျုံးဝင်တဲ့ ဘိုး၊ ဘွားများကို စာရင်းသွင်း လျှောက်ထားပေးဖို့ အ စိုးရက ထပ်မံနှိုးဆော် လိုက်ကြောင်း တွေ့ရှိရပါတယ်။

ထိုအစီအစဉ်မှာ သက်ကြီးရွယ်အိုများ ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ သက်ကြီးရွယ်အိုများရဲ့ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နဲ့ မိသားစုဝင်တွေရဲ့ ထိခိုက်လွယ်မှုတို့ကို လျော့ချပေးရန်အတွက် နိုင်ငံတော်အစိုးရမှ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အကျုံးဝင်တဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ မိမိတို့နေထိုင်တဲ့ နီးစပ်ရာမြို့နယ်/ ရပ်ကွက်/ ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများသို့ အသက်အတွက် အထောက်အထားတွေဖြစ်တဲ့ မှတ်ပုံတင်/ နိုင်ငံသား စီစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆ ) ဖြင့် စာရင်းသွင်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ အထောက်အထားတွေ မရှိရင်တော့ အဆင့် (၄) ဆင့်ပါတဲ့ ထောက်ခံစာပုံစံနဲ့ စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး ပိုမိုပြည့်စုံတဲ့ သတင်း အချက်အလက်တွေ ရယူလိုပါက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ Ref ; MOI

Unicode … အသက် (၈၅) နစ်အထက် အဘိုး၊အဘွားများအား လူမရေးပင်စင်လျာက်ထားပါရန် အစိုးရထပ်မံနးဆော်

လူမရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် သက်ကြီးရွယ်အိုများကို တစ်လလျင် (၁၀,၀၀၀) ကျပ်နန်းဖြင့် (၃) လ တစ်ကြိမ် ( ၃၀,၀၀၀ ) ကျပ် ထောက်ပံ့ပေးလျက် ရနေရာ ယင်းအစီ အစဉ်မ အကျုံးဝင်တဲ့ ဘိုး၊ ဘွားများကို စာရင်းသွင်း လျာက်ထားပေးဖို့ အ စိုးရက ထပ်မံနဆော် လိုက်ကြောင်း တွေ့ရရပါတယ်။

ထိုအစီအစဉ်မာ သက်ကြီးရွယ်အိုများ ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ သက်ကြီးရွယ်အိုများရဲ့ ဝင်ငွေလုံခြုံမကို မြင့်တင်ရန်နဲ့ မိသားစုဝင်တွေရဲ့ ထိခိုက်လွယ်မတို့ကို လျော့ချပေးရန်အတွက် နိုင်ငံတော်အစိုးရမ အသက် (၈၅) နစ်အထက် သက်ကြီးရွယ်အိုများကို လူမရေးပင်စင်ထောက်ပံ့ခြင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အကျုံးဝင်တဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ မိမိတို့နေထိုင်တဲ့ နီးစပ်ရာမြို့နယ်/ ရပ်ကွက်/ ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးမးရုံးတွေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လူမဝန်ထမ်းရုံးများသို့ အသက်အတွက် အထောက်အထားတွေဖြစ်တဲ့ မတ်ပုံတင်/ နိုင်ငံသား စီစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆ ) ဖြင့် စာရင်းသွင်း လျာက်ထားနိုင်မာ ဖြစ်ပါတယ်။

အထက်ပါ အထောက်အထားတွေ မရရင်တော့ အဆင့် (၄) ဆင့်ပါတဲ့ ထောက်ခံစာပုံစံနဲ့ စာရင်းပေးသွင်းနိုင်မဖြစ်ပြီး ပိုမိုပြည့်စုံတဲ့ သတင်း အချက်အလက်တွေ ရယူလိုပါက လူမဝန်ထမ်း ဦးစီးဌာနသို့ ဆက်သွယ် စုံစမ်းနိုင်မာ ဖြစ်တယ်လို့ သိရရပါတယ်။ Ref ; MOI

Tags:

Add a Comment

Your email address will not be published. Required fields are marked *