ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်သူ ဒီရစ်ဒါ အချုပ်ကွက်ဖြင့် အနိုင်ယူ

ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်သူ ဒီရစ်ဒါ အချုပ်ကွက်ဖြင့် အနိုင်ယူ

ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရီနီရာ ဒီရစ်ဒါက ပထမအချီအတွင်း၌ အချုပ်ကွက်ဖြင့် အလဲထိုးအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လွှဲပြောင်းရယူ နိုင်ခဲ့သည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ( ONE MMA ပြိုင်ပွဲ) တွင် လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကို ရရှိထားသော ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ၄င်း၏ လေးကြိမ်မြောက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် ယနေ့ ( အောက်တိုဘာလ၃၀ရက်) ညပိုင်းတွင် စင်ကာပူ နိုင်ငံ၌ စိန်ခေါ်သူ ရီနီရာ ဒီရစ်ဒါ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

ထိုပွဲတွင် အောင်လအန်ဆန်ကို စိန်ခေါ်သူ ဒီရစ်ဒါက ပထမ အချီ ၃ မိနစ် နှင့် ၃၀ စက္ကန့်တွင် လည်ပင်းကို နောက်ကနေအချုပ်ကွက်ဖြင့် အလဲထိုး အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

အသက် ၃၀ နှစ် အရွယ်ရှိ ရီနီယာ ဒီရစ်ဒါသည် MMA ပြိုင်ပွဲ၁၂ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ရယူထားနိုင်သူဖြစ်ပြီး အောင်လအန်ဆန်၏ ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ထိုးသတ်သည့် ပွဲမှာပင် ပထမဆုံး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ အောင်လအန်ဆန်က One MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၂၀၁၇ ဇွန်လတွင် ရရှိထားခဲ့ပြီး ယခင် ယှဉ်ပြိုင်ထားခဲ့သော မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါး ပတ်ကာကွယ်ပွဲ သုံးကြိမ်၌ သုံးပွဲလုံးတွင် အလဲထိုး အနိုင်ယူ နိုင်ခဲ့သည်။

ပထမအကြိမ်တွင် ဂျပန်နိုင်ငံသား ကင်မ်ဟစဲဂါဝါကို ငါးချီ၌ လည်း ကောင်း၊ ဒုတိယအကြိမ်တွင် လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာကီကို ပထမအချီ၌ လည်းကောင်း၊

တတိယအကြိမ်တွင် ကင်မ်ဟစဲဂါဝါကို ဒုတိယ အချီ၌လည်းကောင်း အလဲထိုး၍ ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင် ခဲ့သော်လည်း စတုတ္တအကြိမ် ခါးပတ်ကာကွယ်ပွဲမှ အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ Source ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *