ဖိလစ်ပိုင်တွင် ၁နာရီ မိုင် ၁၃၀ နှုန်း တိုက်ခတ်နိုင်တဲ့ မုန်တိုင်းကြီးကြောင့် လူ ၁ သန်းကို ဘေးကင်းရာရွှေ့ပြောင်းထားရ
ဖိလစ်ပိုင်တွင် ၁နာရီ မိုင် ၁၃၀ နှုန်း တိုက်ခတ်နိုင်တဲ့ မုန်တိုင်းကြီးကြောင့် လူ ၁ သန်းကို ဘေးကင်းရာရွှေ့ပြောင်းထားရ
ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ်ထဲ အင်အားအပြင်းဆုံးလို့ ဆိုနိုင်တဲ့Goni တိုင်ဖုန်းမုန်တိုင်းဟာ တနာရီကို ၁၂၇ မိုင် လေတိုက်နှုန်းနဲ့ ဦးတည် ချဉ်းကပ်လာနေပြီး တနင်္ဂနွေနေ့မှာ Luzon ကျွန်းမကြီးကို ဖြတ်မတိုက်ခင် ဖိလစ်ပိုင် အရှေ့ဘက်ကမ်းရိုးတန်း အစွန်က Catanduanes ကျွန်းကို မနက်ပိုင်းမှာ ဝင်ရောက်ဖျက်ဆီးဖွယ် ရှိတယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
အဲဒီဒေသမှာ လေပြင်းရိုက်ခတ်မှုနဲ့ ရေကြီး မြေပြိုတာတွေ ကြုံလာ နိုင်တာမို့ ဒေသခံ ဖိလစ်ပိုင်ပြည်သူ ၁ သန်းနီးပါးကို နေအိမ်တွေကနေ စွန့်ခွာစေပြီး ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ အာဏာပိုင်တွေ နှိုးဆော် ထားပါတယ်။
ခိုလှုံရေး စင်တာတွေအဖြစ် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ၊ ပြည်သူ့ အားကစားရုံတွေနဲ့ အစိုးရပိုင် အရေးပေါ်ခိုလှုံ ရေး အဆောက်အဦတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
ကြုံလာမယ့် သဘာဝဘေး ဒုက္ခကို ဖြေရှင်းနိုင်ဖို့ ဒေသအာဏာပိုင် တွေဟာ စနေနေ့တုန်းက အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေကို အသင့်ပြင်ထားသလို အသက်ကယ် ပစ္စည်းတွေ၊ ကယ်ဆယ်ရေးယာဉ်တွေကိုပါ ကြိုတင်ပြင်ဆင် ထားပါတယ်။
Goni တိုင်ဖုန်းမုန်တိုင်းကြောင့် ပင်လယ်လှိုင်းလုံးအမြင့်ဟာ ၁၀ ပေလောက်အထိ မြင့်တက် ရိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Source ; VOA
Unicode … ၁နာရီ မိုင် ၁၃၀ နန်း တိုက်ခတ်နိုင်တဲ့ မုန်တိုင်းကြီးကြောင့် ဖိလစ်ပိုင်မာ လူ ၁ သန်းကို ဘေးကင်းရာရွပြောင်းထားရ
ဖိလစ်ပိုင်နိုင်ငံမာ ဒီနစ်ထဲ အင်အားအပြင်းဆုံးလို့ ဆိုနိုင်တဲ့Goni တိုင်ဖုန်းမုန်တိုင်းဟာ တနာရီကို ၁၂၇ မိုင် လေတိုက်နန်းနဲ့ ဦးတည် ချဉ်းကပ်လာနေပြီး တနင်္ဂနွေနေ့မာ Luzon ကျွန်းမကြီးကို ဖြတ်မတိုက်ခင် ဖိလစ်ပိုင် အရဘက်ကမ်းရိုးတန်း အစွန်က Catanduanes ကျွန်းကို မနက်ပိုင်းမာ ဝင်ရောက်ဖျက်ဆီးဖွယ် ရတယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ခန့်မန်းထားပါတယ်။
အဲဒီဒေသမာ လေပြင်းရိုက်ခတ်မနဲ့ ရေကြီး မြေပြိုတာတွေ ကြုံလာ နိုင်တာမို့ ဒေသခံ ဖိလစ်ပိုင်ပြည်သူ ၁ သန်းနီးပါးကို နေအိမ်တွေကနေ စွန့်ခွာစေပြီး ဘေးလွတ်ရာ ရာင်တိမ်းကြဖို့ အာဏာပိုင်တွေ နးဆော် ထားပါတယ်။
ခိုလရေး စင်တာတွေအဖြစ် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ၊ ပြည်သူ့ အားကစားရုံတွေနဲ့ အစိုးရပိုင် အရေးပေါ်ခိုလ ရေး အဆောက်အဦတွေကို အသုံးပြုမာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဒီဒေသမာပဲ Molave တိုင်ဖုန်းမုန်တိုင်း ဝင်တိုက်ခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး မြေနိမ့်ပိုင်း ရွာတွေနဲ့ စိုက်ပျိုးမြေတွေပါ ရေမြုပ်ခဲ့ရပါတယ်။ အဲဒီနောက် Molave မုန်တိုင်းဟာ တောင်တရုတ် ပင်လယ်ကိုဖြတ်ပြီး ဗီယက်နမ် နိုင်ငံဘက် ထွက်သွားခဲ့တာပါ။
ကြုံလာမယ့် သဘာဝဘေး ဒုက္ခကို ဖြေရင်းနိုင်ဖို့ ဒေသအာဏာပိုင် တွေဟာ စနေနေ့တုန်းက အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေကို အသင့်ပြင်ထားသလို အသက်ကယ် ပစ္စည်းတွေ၊ ကယ်ဆယ်ရေးယာဉ်တွေကိုပါ ကြိုတင်ပြင်ဆင် ထားပါတယ်။
Goni တိုင်ဖုန်းမုန်တိုင်းကြောင့် ပင်လယ်လင်းလုံးအမြင့်ဟာ ၁၀ ပေလောက်အထိ မြင့်တက် ရိုက်ခတ်နိုင်တယ်လို့ ခန့်မန်းထားပါတယ်။ Source ; VOA
Add a Comment
Your email address will not be published. Required fields are marked *