မလှိုင်မြို့နယ်တွင် မြေကျင်းတူးရာမှ ရဟန္တာရုပ်ထုတော် (၃) ဆူ တွေ့ရှိ

မလှိုင်မြို့နယ်တွင် မြေကျင်းတူးရာမှ ရဟန္တာ ရုပ်ထုတော် (၃) ဆူ တွေ့ရှိ

မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ် ၊ ကမ္ဘားဖြူကျေးရွာ အုပ်စု ၊ ကွင်းအမှတ် (၂ဝ၈) ၊ မိတ္ထီလာ – မြင်းခြံသွား မော်တော်ကားလမ်းမဘေး မိုင်တိုင် ၂၃ မိုင်ရှိ နယူးဖို့ စက်သုံးဆီ အရောင်းဆိုင် မြောက်ဖက် ဦးမြင့်ကြိုင်၏ မြေကွက် တွင် ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က သစ်ပင် စိုက်ရန် မြေကျင်းတူးရာမှ ရဟန္တာ ရုပ်ထု တော် (၃) ဆူတွေ့ရှိ ကြောင်း သိရသည် ။

အဆိုပါ ရဟန္တာသုံးဆူမှာ စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် မတ်တပ်ရပ် ရုပ်ထုတော်ဖြစ်ပြီး ဉာဏ်တော် အမြင့်မှာ လက်မ (၃ဝ) ခန့် ရှိသည် ။ ရုပ်တုတော်၏ အောက်ခြေတွင် အရှင် ကောဏ္ဍည ၊ အရှင် မောဂ္ဂလာန် ၊ အရှင်ရေဝတ ဟူ၍ ဘွဲ့အမည် စာတန်းထိုးထားပြီး သပိတ်ပိုက်ထားသည့် မတ်တပ်ရပ် ရဟန္တာပုံတော်များဖြစ်သည် ။

အဆိုပါ သတင်းကို ကြားသိရပြီး လူအများလာရောက် ဖူးမျှော် ကြသဖြင့် အများပြည်သူဖူးမျှော် ကြည်ညိုနိုင်ရန် ယာယီ မဏ္ဍပ်ဆောက်လုပ်ပူဇော် ထားမည်ဖြစ်ကြောင်း သိရသည် ။ crd ; IPRD Mahlaing

Unicode … မလင်မြို့နယ်တွင် မြေကျင်းတူးရာမ ရဟန္တာ ရုပ်ထုတော် (၃) ဆူ တွေ့ရ

မန္တလေးတိုင်း ဒေသကြီး၊ မလင်မြို့နယ် ၊ ကမ္ဘားဖြူကျေးရွာ အုပ်စု ၊ ကွင်းအမတ် (၂ဝ၈) ၊ မိတ္ထီလာ – မြင်းခြံသွား မော်တော်ကားလမ်းမဘေး မိုင်တိုင် ၂၃ မိုင်ရ နယူးဖို့ စက်သုံးဆီ အရောင်းဆိုင် မြောက်ဖက် ဦးမြင့်ကြိုင်၏ မြေကွက် တွင် ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က သစ်ပင် စိုက်ရန် မြေကျင်းတူးရာမ ရဟန္တာ ရုပ်ထု တော် (၃) ဆူတွေ့ရ ကြောင်း သိရသည် ။

အဆိုပါ ရဟန္တာသုံးဆူမာ စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် မတ်တပ်ရပ် ရုပ်ထုတော်ဖြစ်ပြီး ဉာဏ်တော် အမြင့်မာ လက်မ (၃ဝ) ခန့် ရသည် ။ ရုပ်တုတော်၏ အောက်ခြေတွင် အရင် ကောဏ္ဍည ၊ အရင် မောဂ္ဂလာန် ၊ အရင်ရေဝတ ဟူ၍ ဘွဲ့အမည် စာတန်းထိုးထားပြီး သပိတ်ပိုက်ထားသည့် မတ်တပ်ရပ် ရဟန္တာပုံတော်များဖြစ်သည် ။

အဆိုပါ သတင်းကို ကြားသိရပြီး လူအများလာရောက် ဖူးမျာ် ကြသဖြင့် အများပြည်သူဖူးမျာ် ကြည်ညိုနိုင်ရန် ယာယီ မဏ္ဍပ်ဆောက်လုပ်ပူဇော် ထားမည်ဖြစ်ကြောင်း သိရသည် ။ crd ; IPRD Mahlaing

Add a Comment

Your email address will not be published. Required fields are marked *