ဆောင်းဦးလှိုင်ကိစ္စနဲ့ပါတ်သက်ပြီး ကျားပေါက်ကိုပညာသားပါပါနဲ့ပြောလိုက်တဲ့ မောင်မောင်အေး

ဆောင်းဦးလှိုင်ကိစ္စနဲ့ပါတ်သက်ပြီး ကျားပေါက်ကို ပညာသားပါပါနဲ့ပြောလိုက်တဲ့ မောင်မောင်အေး

” ကျားပေါက်ရေ … အစ်ကို တခုပြောစရာရှိတယ်.. အားလည်းနာစရာ မလိုဘူးနော် … ငြင်းလည်း နားလည်ပေးတယ်..” လို့ စကားခံပြီး ဖုန်းခေါ်ခဲ့ဖူးတယ်… ” ရတယ် အစ်ကို.. ဒီလူနဲ့ဒီလူ ဘာလုပ်ချင်လဲပြော ” ဆိုလို့ …

” အောင်နိုင်ရေးအတွက် ပဲခူးမှာ လိုက်ဆိုပေးလို့ရမလား ? ” လို့ တခွန်းမေးလိုက်တာ … စဉ်းစားဦးမယ် တိုင်ပင်ဦးမယ်တောင် မ တွေဝေဘဲ ” သိပ်ရတာပေါ့ ” ဆိုပြီး လိုက်ခဲ့တဲ့သူ …

သူက ကိုယ့်အတွက်ကြောင့် ဒါမျိုး အောင်နိုင်ရေးပွဲမှာ လိုက်ခဲ့တာမဟုတ်သလို .. ကိုယ်ကလည်း ကိုယ့်ကိုယ်ကျိုး စီးပွားကြောင့် ဒီပွဲဖိတ်ခဲ့တာ မဟုတ်မှန်း အချင်းချင်း ထုတ်ပြောစရာမလိုပဲ နားလည်သိ သိခဲ့ကြတာ… ကျေးဇူးတရားဆိုတာ တင်တတ်ရင် သိပ်မင်္ဂလာရှိတယ် …

အခုသူ့ကို အပြစ်မြင်နေတဲ့ တေးရေးဆရာ ရဲ့ “ မျှော်လင့်ချက်တစုံတရာ “ သီချင်းဆိုလည်း အဲ့လိုဖန်တီး ပေးနိုင်ခဲ့တဲ့ အတွက် အခုထိ ကျေးဇူးတင်လို့ မဆုံးဘူး… နောင်လည်း အဲ့သီချင်းအတွက်ကျေးဇူးတင် နေဦးမှာ …

အဲ့ဒီလိုပဲ ကိုရွှေကျား ရဲ့ ၂၀၁၅ က “ သိပ်ရတာပေါ့ “ တခွန်းရော အခု ၂၀၂၀ “ ကြောက်ခေတ် “ အတွက်ရော ကိုယ်တွေမှာ ကျေးဇူးတင်လို့ကိုမဆုံးဘူး…

” မင်းက ဘယ်တုန်းက ဘယ်လောက်ပဲ နီ ခဲ့တာပါ” တို့ … “မင်း နီတာ ငါ့ ခြေသန်းတံခါး ညှပ်သလောက်တောင် မနီပါဘူး ” တို့ စတဲ့ ဟိုပေတံ ဒီပေတံတွေနဲ့ လိုက်တိုင်းနေတဲ့သူတွေ တွေ့တိုင်းလည်း ကျေးဇူးတင်မိပြန်ရော… ငါ့မှာအဲ့ဒီလို အတွေးအခေါ် ခံယူချက် တွေမရှိသင့်အောင် သင်ပြပေးတဲ့ သင်ဆရာတွေ အဖြစ်နဲ့ပေါ့….

အဲ့ဒီအကျိုးဆက်က အရာရာမှာ ငါ ဆိုတဲ့ အတ္တအတွေးတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ချွန်းအုပ် ပေးနိုင်လာတယ်…

ကိုယ့်ကိုပရဟိတ အရမ်းလုပ်တဲ့သူလို့ သူများတွေမြင်နေရင် တကယ်တော့ ငါဟာ တကယ်ပရဟိတ လုပ်နေတဲ့သူတွေရဲ့ ခြေဖျား တောင် မမီသေးလို့ ပရဟိတသမားလို့လည်း မခေါ်ထိုက်တဲ့သူလို့ ခံ ယူလိုက်တဲ့အခါမှာ ဘယ်သူတွေက ဘယ်သူတွေကိုဘယ်လိုကူညီ နေတာဟာ ငါကူညီနေတာ လောက်တောင် မရှိပါလားဆိုတဲ့ ပေါတောတော နှိုင်းရစိတ်တွေ ဘယ်တော့မှ မဝင်လာတော့ဘူး…

တကျပ်ဖိုး ပရဟိတ လုပ်တဲ့သူဟာလည်း တကျပ်ဖိုးအလျောက် အကျိုးရှိတယ် .. တဆယ်ဖိုး လုပ်သူဟာလည်း တဆယ်ဖိုးစာအကျိုးရှိတယ်… ငါ တထောင်ဖိုးလုပ်လို့ တရာဖိုးလုပ်သူကို သွားနှိမ်စရာအ တွေးလည်းဝင်စရာမရှိတော့ဘူး… တကယ်တော့ တသိန်းဖိုး တသန်းဖိုး လုပ်နေတဲ့ သူတွေကလည်း အများကြီးကိုး …အားလုံးက အများအတွက် နိုင်သလောက် ကောင်းတာတွေလုပ်သမျှဟာ ကျေးဇူးတင်စရာ တွေချည့်ကိုး….

” အရင်အာဏာ ရူးတွေခေတ်တုန်းက မင်းက ဘယ်လောက်လုပ်ခဲ့လို့လဲ “တို့… ” ငါကတော့ ဘယ်လောက်တောင်လုပ်ခဲ့တာ “တို့… ” အခုခေတ်ကောင်းမှ လာလုပ်ပြမနေနဲ့ ” တို့ ဘာတို့ဆို တာလည်း အပေါ်ကပြောခဲ့သလို ပေါကြောင်ကြောင် ပေတံတိုင်းနည်းမျိုး တွေပဲ ….

အဲ့တာကြောင့် ခုနောက် ပိုင်းနှစ်တွေမှာ အများအတွက် နိုင်ငံရေးရော ပရဟိတရော ကောင်းတာ မှန်တာ လုပ်သင့်တာတွေ လုပ်တာမှန်သမျှဟာ ငါကဘယ်လောက်ဖိုး သူကဘယ်လောက်ဖိုးဆိုပြီး လိုက် တိုင်းထွာနေစရာ လိုအပ်တယ်လို့ ထင်နေတဲ့ ဘယ်သူ့ကိုမဆို ရွံတတ် … ခပ်ခွာခွာနေတတ် လာတာကိုက လူဖြစ်ရကျိုး နပ်ခြင်းတရား လို့ခံယူရင်း ….

FB ပေါ်မှာ ဉာဏ်အလင်းဖွင့် ဖွင့်ပေးနေတဲ့ တရုတ်မလင်လေးကိုလည်း ကျေးဇူးအထူးတင်လိုက်ရပါတယ် … Source ; Mg Mg Aye

Add a Comment

Your email address will not be published. Required fields are marked *