အမေရိကန်ကျောင်းသင်ရိုးတွင် ထည့်သွင်းသင်ကြားပေးခြင်း ခံရသည့် အိန္ဒိယ၏ သစ်တောလူသား အကြောင်း
|အမေရိကန်ကျောင်းသင်ရိုးတွင် ထည့်သွင်းသင်ကြားပေးခြင်း ခံရသည့် အိန္ဒိယ၏ သစ်တောလူသား အကြောင်း
သီးနှံမဖြစ်ထွန်းတော့တဲ့ သဲမြေ ကျွန်းပေါ်မှာ တစ်ကိုယ်တည်းအားနဲ့ ဆယ်စုနှစ် လေးခုကြာ ပြုပြင်စိုက်ပျိုးအားထုတ် မှုကြောင့် ဧက ၅၅၀ ကျယ်ပြီး အုပ်ဆိုင်းတဲ့ သစ်တောကြီး ပြန်လည် မွေးဖွားလာစေခဲ့တဲ့ အိန္ဒိယ အမျိုးသား ဂျာဒေ့ဗ်ပါယန်ရဲ့ အကြောင်းကို အမေရိကန် ကျောင်းသင်ရိုး စာအုပ်မှာ ထည့်သွင်း သင်ကြားနေပြီလို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ ကွန်နက်တီကပ်ပြည်နယ် ဘရစ်စတော စာသင် ကျောင်းတွေရဲ့ ဆဋ္ဌမတန်း ကျောင်းသင်ရိုး မှာ သစ်တောပြန်လည် မွေးဖွားစေသူရဲ့ အားကျ အတုယုဖွယ် ကဏ္ဍအနေနဲ့ထည့်သွင်းသင်ကြား ပေးမှာလို့ သိရပါ တယ်။
ကျောင်းရဲ့ ဂေဟဗေဒ သင်ခန်းစာရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပဒမာရှရီဂျာဒေ့ဗ်ပါယန်ရဲ့ ကြိုးစားအားထုတ်မှု အကြောင်းကို အမေရိကန် ကျောင်းသား လူငယ်တွေ အတုယူ သင်ကြားနေ ကြပါပြီလို့ ဘရစ်စတောမြို့၊ ဂရင်းဟေးလ်စာသင် ကျောင်းမှ ဆရာမတစ်ဦးဖြစ်တဲ့ နာဗာမီး ရှာမာက ပြောကြားခဲ့တာပါ။
အာသံပြည်နယ် အရှေ့ပိုင်း၊ မာဂျူလီ ကျွန်းမှာ ဂေဟစနစ် ပျက်သုဉ်းမှု အတွက် ပါယန်က တစ်ဦးတည်းနဲ့ စိတ်ရှည် လက်ရှည် ပြုပြင်ခဲ့ တာကြောင့် စိမ်းစိုတဲ့ တောအုပ်ကြီး ပြန်ရလာခဲ့ပြီး ဆင်၊ သမင်၊ ကြံ့၊ ကျားနဲ့ အခြား ကျေးငှက် တိရစ္ဆာန်တွေ ခိုနားကျက်စားရ တဲ့ လောက ဘုံဗိမာန်လေး ပြန်ဖြစ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်း ရုပ်ရှင် နှစ်ခုကို ပြသပြီး ကလေးတွေကို သင်ကြားပေးနေပါတယ် လို့နာဗာမီးရှာမာက ဆိုပါတယ်။ ခရက်ဒစ်