ဝန်ထမ်းများရဲ့ အိမ်သာတက်ချိန်ကို ကန့်သတ်ထားသောကြောင့် အွန်လိုင်းမှာ ဝေဖန်ခံနေရတဲ့ တရုပ်ပြည်မှ ကုမ္ပဏီတစ်ခု
|ဝန်ထမ်းများရဲ့ အိမ်သာတက်ချိန်ကို ကန့်သတ်ထားသောကြောင့် အွန်လိုင်းမှာ ဝေဖန်ခံနေရတဲ့ တရုပ်ပြည်မှ ကုမ္ပဏီတစ်ခု
မကြာသေးမီ ရက်ပိုင်းက တရုတ်ပြည်မှ ကုမ္ပဏီတစ်ခုက ရောင်းအားကျတဲ့ ဝန်ထမ်းတချို့ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပိုးကောင်တွေ စားခိုင်းတာ၊ မိမိကိုယ်ကို အနာတရဖြစ်စေရန် အတင်းအကြပ်ခိုင်းစေတာ အစရှိတဲ့ အမျိုးမျိုးသော ပြစ်ဒဏ်ပေးမှုကြောင့် ဆိုရှယ်မီဒီယာတွေမှာ အပြောခံရပြီး ဆူပူထကြွ သွားခဲ့ပါတယ်။အခုလည်း နောက်တစ်မျိုး ထပ်ပေါ်လာ နေပြန်ပါပြီ။
တရုတ် ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းများရဲ့ အိမ်သာတက်ချိန် ကိုကန့်သတ်ရန် အိမ်သာအတွင်း အချိန်ဖမ်းစက်များ တပ်ဆင်ထားကြောင်း တရုတ် သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။ ဒီသတင်း ပျံ့နှံ့သွားပြီး မကြာမီ ဝေဘိုဝဘ်ဆိုက်မှာ လူအများအပြား စိတ်ဝင်စားခံရတဲ့ သတင်းခေါင်းစဉ် တစ်ခု အချိန်တိုအတွင်း ဖြစ်လာပါတယ်။
၎င်းကုမ္ပဏီသည် ဝန်ထမ်းများ၏ လူ့အခွင့်အရေးကို ချိုးဖောက်တယ်၊ လွန်လွန်းပါတယ်လို့လည်း များစွာ ဝေဖန်ထားကြပါတယ်။ ဒါပေမယ့် ယင်းကုမ္ပဏီကလည်း အခုလို ပြန်လည် ရှင်းပြထားပါတယ် ။ ဝန်ထမ်းများရဲ့ အိမ်သာတက်ချိန်ကို လေ့လာရန် အချိန်ဖမ်းတာဖြစ်ပါတယ်။
ဘာလို့လဲ ဆိုတော့ အိမ်သာ အခန်းက ဝန်ထမ်းဦးရေထက် နည်းပြီး အိမ်သာတက်ဖို့ စောင့်နေရတဲ့ နောက်လူတွေ အချိန်မဖြုန်းတီးရအောင် ရည်ရွယ်တာ ဖြစ်ပြီးတော့၊ ဝန်ထမ်းတွေရဲ့ အခွင့်အရေးချိုးဖောက်တာ မဟုတ်ကြောင်း ဆိုထားပါတယ်။
အခုလိုဖြစ်ရပ်မျိုး တရုတ်မှာ ပထမဆုံးအကြိမ်မဟုတ်ပဲ အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့သော ၃ နှစ်လောက်က စီချွန်းပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက ဖြစ်ပွားခဲ့ဖူး ပါတယ်။ ကုမ္ပဏီက ရောင်းအားကျတဲ့ ဝန်ထမ်းတွေကို အိမ်သာခွက် ထဲကရေ သောက်သုံးခိုင်းပြီး အပြစ်ပေးခဲ့ဖူးပါတယ်။ အဲ့တုန်းကလည်း သောက်မိတဲ့ ဝန်ထမ်းများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး နေမကောင်း အော့အန်တာတွေ ဖြစ်ခဲ့ကြပါတယ်။
အမှန်တကယ် ပြုလုပ်ကြောင်း ထိုကုမ္ပဏီက ဝန်ခံသွားပြီး ဤသို့ပြုလုပ်ရခြင်းကလည်း ဝန်ထမ်းများရဲ့ အလုပ် စွမ်းရည်ကို ပိုမိုစွမ်းဆောင်စေနိုင်ပြီး၊ ပေးအပ်တဲ့ သတ်မှတ်ချက် ပြည့်အောင်လည်း အလုပ်ကြိုးစား စေလိုသော ဆန္ဒဖြင့်သာ ပြုလုပ်ခဲ့ရကြောင်း ပြောကြားသွားတာ တွေ့ရှိရ ပါတယ်။ Source ; Popolay