အလှူလာခံတဲ့ ဒကာတွေများပြားလွန်းလို့ ကျောင်းပြောင်းပြေးခဲ့ရတဲ့ ထီကံထူးရှင်ဘုန်းဘုန်း

အလှူလာခံတဲ့ ဒကာတွေများပြားလွန်းလို့ ကျောင်းပြောင်းပြေးခဲ့ရတဲ့ ထီကံထူးရှင်ဘုန်းဘုန်း

ထိုင်းနိုင်ငံ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိ ဦးဇင်းတစ်ပါးမှာ မကြာသေးမီက ထိုင်းဘတ်ငွေ (၁၈) သန်း ( မြန်မာငွေ ကျပ်သိန်း ၇,၅၀၀ နီးပါး) ထီကံထူးခဲ့ပြီး ငွေကြေးလိုအပ်သူတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း အလှူခံဒကာ များပြားလွန်းတဲ့အတွက် လက်ရှိကျောင်းမှ တိတ်တဆိတ် ရွှေ့ပြောင်းသွားကြောင်း သိရပါတယ်။

ဘန်ကောက်မြို့ပြင်၊ Nonthaburi အရပ်ရှိ Wat Thinnakorn Nimit ဘုန်းကြီးကျောင်းမှ အသက် (၆၇) နှစ်အရွယ် ဘုန်းတော်ကြီး Montri Samajjo ဟာ ထီကံထူးခဲ့ပြီးနောက် ဘုန်းကြီးကျောင်းကိုလည်း ငွေကြေး အများအပြား လှူဒါန်းခဲ့သလို အခြား ငွေကြေးလိုအပ်သူ များစွာကိုလည်း လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဘုန်းတော်ကြီး ပိုက်ဆံလှူဒါန်းနေကြောင်း သတင်းကြားပြီးနောက် အလှူခံ ပုဂ္ဂိုလ်များပါ နေ့ရောညပါ လာရောက် အလှူခံနေကြတဲ့အတွက် အေးချမ်းစွာ တရားအားထုတ်မှုကို အနှောက်အယှက် ဖြစ်နေတဲ့အပြင် ကျိန်းစက်ချိန်အထိပါ လာရောက်ကြတဲ့ အတွက် စိတ်ငြိမ်းချမ်းမှု မရှိတဲ့အတွက်ကြောင့် ကျောင်းပြောင်းသွားရတာ ဖြစ်ကြောင်း သိရပါတယ်။

” ဘုန်းတော်ကြီး ကျောင်းမှာ မရှိတော့ပါဘူး။ ထပ်မလာကြာပါနဲ့တော့။ ခုလို လာနေကြတာဟာ သံဃာတွေရဲ့ တရားအားထုတ်မှု ကို အနှောက်အယှက် ဖြစ်ပြီး ကျောင်းမှာလည်း ငြိမ်းချမ်းမှု မရှိတော့ပါဘူး” လို့ အထက်ပါ ဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါးက မိန့်ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရဟန်းသံဃာတွေကို ထီကံစမ်းခွင့် မပေးထားကြောင်း Coconuts Bangkok က သတင်းရေးသား ထားပါတယ်။ ဒါပေမယ့် ကျောင်းကိုလာပြီး အပူကပ်တဲ့ ထီသည် တစ်ဦးထံမှ ကူညီတဲ့အနေနဲ့ ဝယ်ယူလိုက်ခြင်းသာဘဖြစ်ကြောင်း ထီကံထူးရှင်ဦးဇင်းက မိန့်ဆိုပါတယ်။ Ref ; thethaigar

Add a Comment

Your email address will not be published. Required fields are marked *