မဲရုံများတွင်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ပညာရေးဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်
မဲရုံများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ပညာရေးဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဆရာများအဖွဲ့ချုပ်မှ ဂုဏ်ပြု
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် မဲရုံများတွင် ဂုဏ်သိက္ခာရှိရှိ နိုင်ငံ့တာဝန် ကျေပွန်စွာ အကောင်းဆုံး ပူးပေါင်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြသော ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက စာထုတ်ပြန် ထားပါတယ်။
အလားတူ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း မဲရုံ အသီးသီးမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်မှုကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်ခဲ့ကြောင်း ညွှန်းဆို ဂုဏ်ပြုထားပါတယ်။
Unicode … မဲရုံများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ပညာရေးဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးနင့် ဆရာများအဖွဲ့ချုပ်မ ဂုဏ်ပြု
၂၀၂၀ ပြည့်နစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် မဲရုံများတွင် ဂုဏ်သိက္ခာရရ နိုင်ငံ့တာဝန် ကျေပွန်စွာ အကောင်းဆုံး ပူးပေါင်း တာဝန်ထမ်းဆောင်နိုင်ခဲ့ကြသော ပညာရေးဝန်ကြီးဌာနမ ဆရာ ဆရာမများ၊ ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင် ဂုဏ်ပြု မတ်တမ်းတင်အပ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက စာထုတ်ပြန် ထားပါတယ်။
အလားတူ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း မဲရုံ အသီးသီးမာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘက်လိုက်မကင်းစွာ ဆောင်ရွက်မကြောင့် လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်ခဲ့ကြောင်း ညွန်းဆို ဂုဏ်ပြုထားပါတယ်။
ထို့ပြင် မဲရုံတာဝန် အဆင့်ဆင့်မာ တာဝန် ထမ်းဆောင်ခဲ့ကြသောဆရာ၊ ဆရာမများနဲ့ အခြား တာဝန်ရသူများကို ကျန်းမာရေးလုံခြုံစိတ်ချမ ရစေရန်အတွက် ကျန်းမာရေး စောင့်ရာက်မများ၊ Covid -19 ရောဂါအတွက် Swab Test များ ပြုလုပ်ပေး ဖို့ကိုလည်း တာဝန်ရသူများထံ ဆရာများအဖွဲ့ချုပ်က တောင်းဆို ထားပါတယ်။Ref: MDN, Myanmar Teachers’Federation
Tags:
Add a Comment
Your email address will not be published. Required fields are marked *