အိပ်ယာထက်မှာ တစ်ကိုယ်တည်း အာသာဖြေနေတဲ့ ဗီဒီယိုပေါက်ကြားခဲ့လို့ အသင်းလူစာရင်းက နုတ်ထွက်ခဲ့ရ ရုရှလက်ရွေးစင်အသင်းခေါင်းဆောင်

အိပ်ယာထက်မှာ တစ်ကိုယ်တည်း အာသာဖြေနေတဲ့ ဗီဒီယိုပေါက်ကြားခဲ့လို့ အသင်းလူစာရင်းက နုတ်ထွက်ခဲ့ရ ရုရှလက်ရွေးစင်အသင်းခေါင်းဆောင်

တနင်္လာနေ့က ထုတ်လွှင့်ခဲ့တဲ့ ရုရှနေ့လည်ခင်း ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ကြည့်ရှုခဲ့ရသူတိုင်း တုန်လှုပ်သွားစေမယ့် အဖြစ်အပျက် တစ်ခု ရှိနေခဲ့ပါတယ်။ ရုရှနိုင်ငံရဲ့ အဓိက ရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ Russia-1 ကနေ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာတော့ ရုရှလက်ရွေးစင် ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင် ဒီဇူဘားရဲ့ တစ်ကိုယ်တော် အာသာဖြေနေတဲ့ ရုပ်သံဖိုင် ပါဝင်နေခဲ့တာပါ။

ကြီးမားတဲ့ ရုပ်သံစခရင်န်ကြိးတစ်ခုက အစီအစဉ်တင်ဆက်သူတွေရဲ့ နောက်မှာရှိနေပြီး ဒီဇူဘားရဲ့ အာသာဖြေနေတဲ့ ပုံရိပ်ကထင်ထင်ရှားရှားကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် ရုရှအသင်းခေါင်းဆောင်ဟာ နေးရှင်းလိဂ်ပွဲတွေ ကစားရမယ့် အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး ကြီးမားတဲ့ အရှက်ရမှုနဲ့ လည်း ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

နိုင်ငံတွင်းက အိမ်ရှင်မတွေ စောင့်ကြည့်နေတဲ့ အချိန်ကာလ မျိုးမှာ ဒီလိုအစီအစဉ် တင်ဆက်ခဲ့မှုက တော်တော်လေးတော့ ကြီးမားတဲ့အရာတစ်ခုဖြစ်ခဲ့မှာ သေချာပါတယ်။အရပ်ခြောက်ပေ လေးလက်မရှိပြီး လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ ကစားသမားကြီး`ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ရုရှအတွက် ခြေစွမ်းပြခဲ့ပြီး အသင်းကို ကွာတားဖိုင်နယ် အဆင့်ထိ ပို့ဆောင်ပေးခဲ့ကာ ဂုဏ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ရုရှကလပ် ဇင်းနစ်မှာ ကစားနေပြီး ကွင်းတွင်း အောင်မြင်မှုတွေ ရရှိနေတဲ့ ဒီဇူဘားအတွက် စိတ်ပျက်စရာ ကာလတွေဖြစ်လာခဲ့ရပါတယ်။ အသက် ၃၂နှစ်အရွယ် ရုရှနာမည်ကျော် ကစားသမားရဲ့ ဖုန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ဟက်ခံခဲ့ရတယ်လို့ သိရပြီး သူ့ရဲ့တစ်ကိုယ်တော် အာသာဖြေမှုကို ရိုက်ကူးခဲ့တဲ့ ဗီဒီယိုကလည်း အွန်လိုင်းပေါ်မှာ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

အိပ်ယာထက်မှာ လဲလျောင်းနေကာ ကင်မရာကို စိုက်ကြည့်နေပြီး စိတ်ကျေနပ်မှုရရှိအောင် ကြိုးပမ်းနေတဲ့ ဒီဇူဘားရဲ့ မျက်နှာပေါ်မှာ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေတာကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ညက ပြုလုပ်ခဲ့မှုက ချက်ချင်း ဆိုသလိုပဲ ရုရှနိုင်ငံတွင်းမှာ ပြန့်နှံ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပိုပြီးတော့ ဆိုးဝါးခဲ့တာကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဇင်းနစ် နဲ့ခရက်စ်နာဒေါ်တို့ရဲ့ ပွဲစဉ်မှာ ဒီဇူဘား ပယ်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဇင်းနစ်က ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာသူက လူစား ဝင် ကစားပေးခဲ့ရပြီး ပယ်နယ်တီကန်သွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီးဒီလွဲချော်မှုဟာ သူ့ရဲ့အိပ်ယာထက်ကတစ်ကိုယ်တော်အာသာ ဖြေမှုကြောင့်လို့ ပရိသတ်တွေက လှောင်ပြောင်နေခဲ့ပြီဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဒီဇူဘားက တောင်းပန်မှုတွေ ပြုလုပ်ခဲ့ရာမှာ ” ကျွန်တော်တို့ အားလုံးက မကောင်းမှုတွေကို ပြုလုပ်လေ့ ရှိသူတွေပါ၊ အခုလို ဖြစ်ခဲ့တာတွေအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်၊ ကျွန်တော့်ကို အပြစ်မမြင်ပဲ အားပေးထောက်ခံပေးခဲ့တဲ့ ပရိသတ် တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *