သီချင်းဟောင်းတစ်ပုဒ် ပြန်ဆိုဖို့ ခွင့်ပြုလို့ သေချာစီစဉ်ပြီးခါမှ ကန့်ကွက်ခံလိုက်ရတဲ့ အဖြစ်နဲ့ကြုံလိုက်ရတယ်ဆိုတဲ့ အာဇာနည်
|သီချင်းဟောင်းတစ်ပုဒ် ပြန်ဆိုဖို့ ခွင့်ပြုလို့ သေချာစီစဉ်ပြီးခါမှ ကန့်ကွက်ခံလိုက်ရတဲ့ အဖြစ်နဲ့ကြုံလိုက်ရတယ်ဆိုတဲ့ အာဇာနည်
အဆိုတော် အာဇာနည်ကတော့ လတ်တလောမှာ သီချင်းဟောင်းတစ်ပုဒ်ကို ခွင့်ပြုလို့ အသံသွင်းပြီးခါမှ ကန့်ကွက်ခံရတဲ့ အကြောင်းကိုပြောပြလာပါတယ်။ သီချင်းဟောင်းတစ်ပုဒ်ကို ပြန်ဆိုဖို့ အတွက်ပြင် ဆင်ပြီးကာမှ ကန့်ကွက်ခဲ့သူကြောင့် အစီအစဉ်တွေ ပျက်ခဲ့ရတဲ့အကြာင်းကို ရင်ဖွင့်ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
ကိစ္စတိုင်းကိုလည်း စဉ်းစားချင့်ချိန်ပြီး လုပ်ကြပြောကြဖို့ ဆုံးဖြတ်ကြဖို့ကိုလည်း တိုက်တွန်းရေးသားထားတာ တွေ့ရပါတယ်။
“ ကျွန်တော် အာဇာနည် ဂီတလောကမှာ ကြီးတဲ့သူရိုသေ ငယ်တဲ့သူ ရိုင်းပင်းကုညီ နေလာခဲ့ပါတယ်။ လူဆိုတာအမှားမကင်း ပုထုစဉ်ဖြစ်တာကြောင့် တစ်ခါတစ်ရံ မှားတာတွေလဲ ရှိပါတယ်။ ဒါပေမဲ့ မည်သူ တစ်ဦးတစ်ယောက်အပေါ်ကိုမှ မယုတ်မာခဲ့ဘူးဆိုတာယုံကြည်ပါတယ်။ အဆိုတော် သက်တမ်းတစ်လျှောက် ကိုယ့်သီချင်းကိုယ်ဆိုခဲ့သလို ကမ္ဘာပေါ်မှာလည်း ရှိရှိသမျှ သီချင်းတွေကို ခေတ်အဆက်ဆက် ပြန်ဆိုကြတယ်။
စီးပွားဖြစ် လုပ်ကြတယ်။ တောင့်တလို့ဖန်တီးကြတဲ့ ပြန်ဆိုတေးလည်း ဆိုပါတယ်။ ပြန်ဆိုတေးရဲ့ သဘောတရားကို သိတဲ့သူတွေ ရှိသလို မသိသေးတဲ့သူတွေလဲ အများအပြားရှိတဲ့ လောကကြီးမှာ တေးသီချင်းသီဆိုပြီး ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုလုပ်ပါတယ်။ သီချင်းကို ချစ်မြတ်နိုး သူတစ်ယောက်ဖြစ်လို့ ဘယ်လို သီချင်းမျိုးကိုမဆို သီချင်းကိုချစ်တဲ့စိတ်နဲ့ အမြဲဆိုပါတယ်။
ပြန်ဆိုတေး တွေပြန်ဆိုတိုင်းလည်း အမြဲrespect ပေးသလို ဘယ်သူရေးတာ၊ ဘယ်သူ ဘယ်အချိန်တုန်း ကဆိုခဲ့တာ ဆိုပြီး အသိအမှတ်ပြု ပြောဆိုလေ့ ရှိပါတယ်။ ဒါကိုနားလည်တဲ့ ပရိသတ်တွေရှိသလို နားမလည်တဲ့ပရိသတ်တွေကိုလည်း နားလည်ပါတယ်။ အခု ပြောချင်တာက သီချင်းဟောင်း တစ်ပုဒ်ကိုပြန်ဆိုဖို့ ကမ်းလှမ်းလို့ လက်ခံပြီးခါမှ ခွင့်ပြုဖို့အဆင်မပြေ တာကြောင့် မဆိုတော့ပါဘူး။ ရပါတယ်။ ဘာမှ မဖြစ်ပါဘူး။
အဆင်ပြေပါတယ်ဆိုပြီး အမှန်တကယ် စိတ်ထဲလည်း အဆင်ပြေ နေခဲ့ပါတယ်။ နောက်တော့ အဲဒီသီချင်းကို ဆိုဖို့အဆင်ပြေပါတယ်ဆိုလို့ စီစဉ်သူတွေရော အစီအစဉ်ဖြစ်မြောက် အောင်ဝိုင်း ဝန်းလုပ် ဆောင်သူများရော တီးခတ် အသံဖမ်းတဲ့ ညီအစ်ကိုများနဲ့ ကျွန်တော်ပါ ဝမ်းသာအားရ အသံ သွင်းပြီးကာမှ ခွင့်ပြုထားတာကို အလွယ်တကူ ကန့်ကွက်ခဲ့တဲ့ အဖြစ်မျိုးကြုံခဲ့ရလို့ ဒီစာကိုရေးတာ ဖြစ်ပါတယ် ”လို့ အာဇာနည်က စိတ်ခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့လည်း သူ့အရွယ်ဟာ အသက် အရမ်းမကြီးသေးသလို အသက်မငယ်တော့တဲ့ လူတစ်ယောက် ဖြစ်တာကြောင့် ကိစ္စတိုင်းကိုလည်း စဉ်းစားချင့်ချိန်ပြီးမှာ ပြောကြဆုံးဖြတ်ကြဖို့ တိုက်တွန်းထားပါသေးတယ်။ အာဇာနည်က အခုလက်ရှိမှာ ဆိုရင်လည်း The Voice Myanmar မှာဒိုင်တစ်ယောက်အနေနဲ့ပါ ဝင်နေပြီး အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်နေတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ် ပါတယ်။ Source ; Pyi Myanmar