အိန္ဒိယနိုင်ငံ Ayodhaya မြို့မှ ဒီပါဝလီ မီးထွန်းပွဲ ဆီမီးခွက် အရေအတွက် အများဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့
|အိန္ဒိယနိုင်ငံ Ayodhaya မြို့မှ ဒီပါဝလီ မီးထွန်းပွဲ ဆီမီးခွက် အရေအတွက် အများဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့
အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းမြို့ Ayodhaya ဟာ ဟိန္ဒူ မီးထွန်းပွဲတော် ဒီပါဝါလီပွဲ အခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆီ မီးခွက် ၆၀၆၅၆၉ ခုကို အနည်းဆုံး ၄၅ မိနစ်ကြာထိ မီးထွန်းပူဇော်ခဲ့ခြင်းဖြင့် ဒုတိယနှစ်မြောက် ကမ္ဘာ့ဂင်းနစ်စံချိန် ဝင်ခဲ့ပြန်တယ်လို့ သိရပါတယ်။
သောကြာနေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ) က ဟိန္ဒူဘုရား Ram မွေးဖွားခဲ့တဲ့ မြို့ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ Ayodhaya မြို့ မှာဟိန္ဒူဘုရား Ram ၁၄ နှစ်ကြာမှာပြည်ပကနေ ပြန်ရောက်လာတဲ့ အထိမ်းအမှတ်နဲ့ ထောင်ပေါင်းများစွာသော စေတနာ့ဝန်ထမ်း တွေဟာ diyas လို့ခေါ်တဲ့ မီးခွက်တွေကို Saryu မြစ်ကမ်းတစ်လျှောက်နဲ့ နေအိမ်တွေမှာ အမှောင်ချကာ ဆီမီးထွန်းညှိပူဇော်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့နှစ်က ယင်းမြို့မှာ ဆီမီးခွက် ၄၀၉၀၀၀ ထိ ထွန်းညှိပူဇော်ခဲ့တယ်လို့ သိရပါတယ်။ ဆီမီးခွက်တွေဟာ မြစ်ကမ်းဘေးတစ်လျှောက် လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာအတွက် စိတ်ဝင်စားဖွယ်၊ အာရုံစိုက်ဖွယ် ဖြစ်နေခဲ့ပေမယ့် လူအချင်းချင်း အကွာအဝေးတွေ သတ်မှတ်ချက်တွေကို လျစ်လျူရှုမှုဖြစ်စေတယ်လို့ Uttar Pradesh ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Shishir Kumar က ပြောဆိုပါတယ်။
Guinness World Record မှ ကိုယ်စားလှယ် တွေဟာ ပွဲတော်ကို ဒရုန်း ကင်မရာတွေနဲ့ စောင့်ကြည့်ပြီးနောက် ပြည်နယ်ရဲ့ ထိပ်တန်းအရာရှိ Yogi Adityanath ကို ဂင်းနစ် မှတ်တမ်းဝင် အသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့တယ်လို့ Kumar က ပြောကြားခဲ့ပါတယ်။ Source ; Akonthi
Unicode …အိန္ဒိယနိုင်ငံ Ayodhaya မြို့မ ဒီပါဝလီ မီးထွန်းပွဲ ဆီမီးခွက် အရေအတွက် အများဆုံးအဖြစ် ဂင်းနစ်မတ်တမ်းဝင်ခဲ့
အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းမြို့ Ayodhaya ဟာ ဟိန္ဒူ မီးထွန်းပွဲတော် ဒီပါဝါလီပွဲ အခမ်းအနားရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆီ မီးခွက် ၆၀၆၅၆၉ ခုကို အနည်းဆုံး ၄၅ မိနစ်ကြာထိ မီးထွန်းပူဇော်ခဲ့ခြင်းဖြင့် ဒုတိယနစ်မြောက် ကမ္ဘာ့ဂင်းနစ်စံချိန် ဝင်ခဲ့ပြန်တယ်လို့ သိရပါတယ်။
သောကြာနေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ) က ဟိန္ဒူဘုရား Ram မွေးဖွားခဲ့တဲ့ မြို့ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ Ayodhaya မြို့ မာဟိန္ဒူဘုရား Ram ၁၄ နစ်ကြာမာပြည်ပကနေ ပြန်ရောက်လာတဲ့ အထိမ်းအမတ်နဲ့ ထောင်ပေါင်းများစွာသော စေတနာ့ဝန်ထမ်း တွေဟာ diyas လို့ခေါ်တဲ့ မီးခွက်တွေကို Saryu မြစ်ကမ်းတစ်လျာက်နဲ့ နေအိမ်တွေမာ အမင်ချကာ ဆီမီးထွန်းညပူဇော်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့နစ်က ယင်းမြို့မာ ဆီမီးခွက် ၄၀၉၀၀၀ ထိ ထွန်းညပူဇော်ခဲ့တယ်လို့ သိရပါတယ်။ ဆီမီးခွက်တွေဟာ မြစ်ကမ်းဘေးတစ်လျာက် လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာအတွက် စိတ်ဝင်စားဖွယ်၊ အာရုံစိုက်ဖွယ် ဖြစ်နေခဲ့ပေမယ့် လူအချင်းချင်း အကွာအဝေးတွေ သတ်မတ်ချက်တွေကို လျစ်လျူရမဖြစ်စေတယ်လို့ Uttar Pradesh ပြည်နယ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရသူ Shishir Kumar က ပြောဆိုပါတယ်။
Guinness World Record မ ကိုယ်စားလယ် တွေဟာ ပွဲတော်ကို ဒရုန်း ကင်မရာတွေနဲ့ စောင့်ကြည့်ပြီးနောက် ပြည်နယ်ရဲ့ ထိပ်တန်းအရာရ Yogi Adityanath ကို ဂင်းနစ် မတ်တမ်းဝင် အသိအမတ်ပြုလက်မတ် ပေးအပ်ခဲ့တယ်လို့ Kumar က ပြောကြားခဲ့ပါတယ်။ Source ; Akonthi