မန္တလေးမြောက်ပြင် ထားဝယ်ရပ်ရဲ့ ချစ်စရာကောင်းတဲ့ တန်ဆောင်တိုင်ရိုးရာဓလေ့တခု

မန္တလေးမြောက်ပြင် ထားဝယ်ရပ်ရဲ့ ချစ်စရာကောင်းတဲ့ တန်ဆောင်တိုင်ရိုးရာ ဓလေ့တခု

ကျနော်တို့ မန္တလေးမြို့မှာ မြောက်ပြင်ထားဝယ်ရပ်ဆိုတာ မြောက်ဘက်ကျုံး ၁၂ လမ်းနဲ့၇၇ လမ်းမှာ တည်ရှိတာပါ ။ ဒီထားဝယ်ရပ်ဆိုတာ မန္တလေးမြို့နန်းတည် ကတည်းက မြောက်ထားဝယ်ဆောင်မင်းမှု့ထမ်းများကို နေထိုင်ဖို့ပေးခဲ့တဲ့ ရပ်ကွက်လို့ အဆိုရှိပါတယ်။မန္တလေး ရွှေနန်းတော်ကြီးမှာ တောင်ထားဝယ်ဆောင် နဲ့မြောက်ထားဝယ်ဆောင်ဆိုပြီး နန်းဆောင် နှစ်ဆောင်ရှိပါတယ်။

ထားဝယ်ဆောင်ဆိုတာ ဟံသာဝတီ ဆင်ဖြူရှင်မင်း လက်ထက်က ထားဝယ်မြို့ပါ သူရဲကောင်းများကို ရွေးချယ်ပြီး ထိုအဆောင်နစ်ဆောင်မှာ စွဲမြဲစေသည်ဖြစ်လို့ ထားဝယ်ဆောင်လို့ခေါ်ကြောင်း မှတိသားရပါတယ် ။ တောင်ထားဝယ်အမှု့ထမ်းများကို ယခုဆေးရုံကြီး တောင်ဘက်မှာ နေရာချထားခဲ့လို့ တောင်ထားဝယ်စုလို့ခေါ်ပြီး မြောက်ထားဝယ် အမှု့ထမ်းများကိုတော့ အခုမြောက်ပြင် ၁၂လမ်းနဲ့ ၇၇ လမ်းမှာ နေရာချထားလို့ မြောက်ထားဝယ်စုလို့ ခေါ်ပါတယ် ။

ကျနော်တို့ မန္တလေးသားများကတော့ မြောက်ပြင်ထားဝယ်ရပ် လို့ခေါ်ကြပါတယ် ။ ဒါက ထားဝယ်ရပ်ရဲ့သမိုင်းပါ။ ဒီထားဝယ် ရပ်မှာ ရိုးရာ အစဉ်အလာလေးတခု ရှိလေရဲ့ ။ ဒါကတော့ သိတဲ့သူလည်း သိတယ် တချို့လည်းမသိဘူးပေါ့ ။ ကျနော်တို့မန္တလေးသူ မန္တလေးသားတွေတောင် တချို့မသိကြပါဘူး ။ ဒါကဘာလဲဆိုတော့ တန်ဆောင်မုန်း လပြည့်နေရဲ့ ထားဝယ်ရပ် စတုဒီသာအလှုလေးပါ ။

ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးနဲ့အပြိုင် ကျနော်တို့ မန္တလေးမှာတော့ အများစုက မုန့်လုံးလုံးကြပါတယ် ။ဒီအထဲမှာထူးထူးခြားခြား ထားဝယ်ရပ်က အိမ်တိုင်း အိမ်တိုင်းရှေ့မှာ အိုးကင်းလေးတွေ မုန့်ရည်အိုးလေးတွေ မီးဖိုလေးတွေ စာတော်ပဲပြုတ် လင်ပန်းလေးတွေ ကိုယ်စီနဲ့မုန့်ပျားသလက် စတုဒီသာလုပ်ပါတယ် ။ တကယ် ပျော်စရာကောင်းပါတယ် ။ မန္တလေးမြောက်ပြင် ထားဝယ်ရပ်ရဲ့ ရိုးရာချစ်စရာဓလေ့ လေးတခုပါ ။

တန်ဆောင်တိုင် လပြည့်ရောက်တော့မယ် အဖိတ်နေ့လိုနေ့တွေမှာ မူန့်လုပ်ဖို့ထားဝယ်ရပ် ကအိမ်တွေက မုန့်ကြိတ်ကျ ပြင်ကြဆင်ကြပေါ့ တန်ဆောင်တိုင် လပြည့်ညလည်းရောက်ရော ညနေစောင်းတာတဲ့ ကိုယ့်အိမ်ရှေ့တွေကိုယ်မှာ အိုးကင်းလေးတွေ မုန့်ရည်အိုး လေးတွေ စားတော်ပဲပြုတ် လင်ပန်းလေးတွေ ကိုယ်စီနဲ့မုန့်ပျားသလက်လုပ်တော့တာပဲ ။

မခေါ်မုန့်လူံးလုံးသလိုပါပဲ … ဘယ်သူကမှ စားသွားပါ ယူသွားပါဆိုပြီး ခေါ်နေမှာမဟုတ်ဘူး … မုန့်ပျားသလက် လုပ်နေတဲ့ကြိုက်တဲ့ အိမ်ရှေ့ အယုတ်အလတ် အမြတ်မရွေး ကြိုက်သလို ဝင်စားကြတာပါ … ဒီနေရာမှာ စိတ်မကောင်းစရာ တစ်ခုက လွန်ခဲ့တဲ့ ၅နှစ်လောက်ကစပြီး မြောက်ပြင်ထားဝယ်ရပ်မှာ ဒီအစဉ်အလာလေး ကွယ်ပျောက်သလောက် ဖြစ်လာပါတယ် ။

အရင်ကလို မုန့်ပျားသလက် လုပ်ကြတဲ့အိမ်တွေ မရှိကြတော့ဘူး ။ဒီခေတ်ကလေးတွေက စိတ်မဝင်စားကြတာရယ် လပြည့်နေ့ညမူးရူးသောင်းကျန်းကြတဲ့ ဒါဏ်တွေ မခံနိင်ကြတော့လို့ မလုပ်ဖြစ်ကြတာလို့ ထားဝယ်ရပ် ဒေသခံများက ပြောကြပါတယ် ။

မန္တလေးတမြို့လုံးမှာ ဒီမြောက်ပြင်ထားဝယ်ရပ်ကဘဲ ထူးခြားတဲ့တန်ဆောင်တိုင် လပြည့်နေ့ည မခေါ်မုန့်ပျားသလက် အလှုလေးရှိတာမို့ မပြောက်မပျက်ဘဲ ရေရှည်တည်တံ့နိင်ပါစေလို့ဆန္တပြုရေးးသားလိုက်ပါတယ် … လေးစားစွာဖြင့် ခရက်ဒစ် ; Min Swe

Add a Comment

Your email address will not be published. Required fields are marked *