မြန်မာနိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလ ၂၁ ၂၂ ၂၃ ရက်တွေမှာ အချိန်အခါမဟုတ် ဖျက်မိုးများရွာသွန်းလာနိုင်
|မြန်မာနိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလ ၂၁ ၂၂ ၂၃ ရက်တွေမှာ အချိန် အခါမဟုတ် ဖျက်မိုးများ ရွာသွန်းလာနိုင်
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်သက်မှုဖြစ်ပေါ်ရာသို့ အရှေ့ဘက်မှ လေပွေလှိုင်များ စုပြုံတိုးဝင်မှုကြောင့်နိုဝင်ဘာလ ၂၁ ၊ ၂၂ ၊ ၂၃ ရက်တွေမှာ
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှာ အချိန်အခါမဟုတ် ဖျက်မိုးများ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာ သွန်းနိုင်လာ ပါတယ်။
ကျွန်တော်ရဲ့ ရက်ဝေး ခန့်မှန်းချက်မှာတော့ နိုဝင်ဘာလ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်လာပါတယ်လို့ ခန့်မှန်းခဲ့ ပါတယ်။
သို့သော် ရှမ်းပြည်နယ်ကတော့ နိုဝင်ဘာလ ၂၄-၂၅ ရက်နေ့လောက်မှ မိုးရွာသွန်းနိုင်မှာ ဖြစ်ပါတယ်။ ရက်ဝေး ခန့်မှန်းချက် ထုတ်ပြန်ခဲ့သော်လဲ ရက်နီးလာလို့ တောင်သူဦးကြီးများ အထောက်အကူဖြစ်စေရန် မိုးလိုအပ်နေသောသူများ လိုအပ်သလို ကြိုတင်စီမံ နိုင်စေရန်နှင့် မိုးလိုမအပ်သော သူများမှလဲ လိုအပ်သလို ကြိုတင် ကာကွယ်မှု အစီမံများ ပြုလုပ်နိုင်စေရန် ရည်ရွယ်ပြီး တင်ပြပေးတာ ဖြစ်ပါတယ်။
မိုးအရမ်း မများနိုင်သော်လဲ အချို့သီးနှံ့များက မိုထိရင် အပင်ပေါက်တတ်သောကြောင့် အပျက်အစီးနည်းစေရန် စေတနာဖြင့်အသိပေး နိုးဆော်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ။ တောင်သူ ဦးကြီးများလဲသီနှံးပင်များ အထွက်တိုးပြီး မြေကြီးက ရွှေသီးသလို အောင်မြင်ဖြစ်ထွန်းပြီး တိုးတက် ကြီးပွာကြပါစေ ။ ခရက်ဒစ် ; ဝေဖြိုးဟန် ( လေကြောင်း မိုးလေဝသ )