မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ တောင်သူဦးကြီးများအတွက် ( ၂၁ . ၁၁ . ၂၀၂၀ မှ ၃၀ . ၁၁ . ၂၀၂၀ ) ရက်နေ့အထိ ခန့်မှန်းချက်
|မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ တောင်သူဦးကြီးများအတွက် ၂၁ . ၁၁ . ၂၀၂၀ မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ ခန့်မှန်းချက်
၂၁ . ၁၁ . ၂၀၂၀ မွန်းလွဲ ၃ နာရီ ၅၉ မိနစ်
ယခုရက်ပိုင်း အမေးများလာသော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ မကွေးတိုင်းဒေကြီး မန္တလေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ပိုင်းမှာ မိုးရွာနိုင်ခြေရှိလားဆိုပြီး အမေးများ လာပါတယ်။
မြေပဲ၊ နေကြာ ၊ ကုလာပဲ ၊ ပဲတီစိမ်း၊ မတ်ပဲ စသော ပဲအမျိုးနှင့် ကြက်သွန်နီ ကဲ့သို့ ဆောင်းသီးနှံ စိုက်ပျိုး ထားသော တောင်သူဦးကြီးများအနေနဲ့ ရေပေးဝေမှုစနစ်ဟာ အရမ်း အရေးကြီးပါတယ်။ ရေ ပေးရမဲ့အချိန် ရေမပေးရင်အပင်များက ရေဓာတ်ခမ်းခြောက်ပြီး သေစေနိုင်သလို ရေးပေးပြီးမိုးသည်းထန်စွာ ရွာသွန်းပြန်ရင်လဲ အပင်များ ရေနစ်မြုတ်ပြီး သေဆုံးနိုင်ပြန်ပါတယ်။
ဒါကြောင့် အပင်များရေလိုနေလို့ ရေတင်ချင်လို့ မိုးလေဝသ အခြေအနေလေး ပြောပေးပါခင်ဗျာဆိုတဲ့ တောင်သူများအတွက် ခန့်မှန်း ပေးခြင်းသာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ မတိုင်မီရော ၂၅ ရက်နောက်ပိုင်း နိုဝင်ဘာလလကုန်အထိရော မုန်တိုင်းကြောင့်ဖြစ်စေ အရှေ့လေပွေလှိုင်းများကြောင့်ဖြစ်စေ၊ အထက်လေစီးကြောင်းများကြောင့်ဖြစ်စေ မိုးရဖို့အလားအလာ မရှိလောက် နည်းပါတယ်။
မိုးရွာခဲ့မယ်ဆိုရင်လဲ စိုက်ပျိုးရေးအတွက် ရေလုံလောက်အောင် အ ထောက်အကူ ဖြစ်စေအောင် မိုးရွာသွန်းမှာ မဟုတ်ဘူးလို့ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးပြတ်သွားတာ ရက်အတော်လေး ကြာလာပြီဖြစ်လို့ ဆောင်းရာသီဖြစ်သော်လဲ အချို့နေရာတွေမှာတော့ မြေဆီလွာဟာ တစ်ဖြည်းဖြည်းနဲ့ခြောက်သွေ့ လာတာကိုသတိပြုစေလိုပါတယ်။
မြေအောက်ရေ ထုပ်ယူသုံးစွဲလို့ရပါက မိမိတို့ သီးနှံပင်များရဲ့ရေလိုအပ်ချက် အပေါ်မှုတည်ပြီး လိုအပ်ပါက မိုးကိုမမျှော်ပဲ ရေတင်ပြီးစိုက်ပျိုးရေး လုပ်ကြဖို့ကို အကြံပြု တင်ပြလိုပါတယ်။ ကျွန်တော်အမျိုးမျာက တောင်သူများဖြစ်လို့ ကျွန်တော်ရဲ့ခန့်မှန်းချက်များဟာလဲ တောင်သူ ဦးစားပေးခန့်မှန်းချက်များသာ ဖြစ်နေပါလိမ့်မယ်။
ထိုကြောင့် Post ကို မကြိုက်သူများနှင့် အသုံးမဝင်ဘူးလို့ ယူဆသူများ မဖတ်ဘဲ ကျော်သွားနိုင်ပါတယ်။ ရိုင်းစိုင်စွာပြောဆိုခြင်းမျိုး မလုပ်ကြဖို့ မတ္တာရပ်ခံပါတယ် ခင်ဗျာ။ တောင်သူ ဦးကြီးများလဲသီနှံးပင်များ အထွက်တိုးပြီး မြေကြီးက ရွှေသီးသလို အောင်မြင်ဖြစ်ထွန်းပြီး တိုးတက် ကြီးပွားကြပါစေ ။ Source ; ဝေဖြိုးဟန် ( လေကြောင်းမိုးလေဝသ)