တနသာင်္ရီပင်လယ်ပြင်မှ ကျောက်ငါးများသေဆုံးရခြင်းမှာ ရေတွင်ပြဒါးပါဝင်မှုနှုန်း မြင့်မားနေခြင်းကြောင့်ဟုသိရ
|တနသာင်္ရီပင်လယ်ပြင်မှ ကျောက်ငါးများသေဆုံးရခြင်းမှာ ရေတွင် ပြဒါးပါဝင်မှုနှုန်း မြင့်မားနေခြင်းကြောင့်ဟုသိရ
တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ လန်ပိကျွန်းအနီး အဏ္ဏဝါ အမျိုးသားဥယျာဉ် ပတ်ဝန်းကျင်နဲ့ ညောင်ဝိကျွန်း အနီးတစ်ဝိုက်မှာ နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ကျောက်ငါးများသေဆုံးကာ ရေပ်ါမျောနေခြင်းနဲ့ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ ရေတွင် ပြဒါးပါဝင်နှုန်း ပုံမှန်ထက် များပြားနေတာကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး ကျောက်ငါး နမူနာ (၂) ကောင်နဲ့ ပင်လယ်ရေနမူနာ (၁ မီတာ၊ ၁၈ မီတာ ၊ ၃၆ မီတာ အနက်တို့မှ) များကို ငါးလုပ်ငန်းပညာ၊ ရန်ကုန်တက္ကသိုလ်နဲ့ ငါးလုပ်ငန်းဦးစီးဌာနရှိ ဓာတ်ခွဲခန်းများမှာ စစ်ဆေးခဲ့ရာ ကျောက်ငါးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးရောဂါများကြောင့် မဟုတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
သေဆုံးကျောက်ငါးတွေရဲ့ အသည်းမှာ အနည်းငယ် ကြီးနေတာကို တွေ့ရှိရတဲ့အတွက် ရေထဲမှာပါဝင်တဲ့ ပြင်ပဓာတ်သတ္ထုနဲ့ မသန့်ရှင်းတဲ့ အညစ်အကြေးများကို အသည်းမှ ချေဖျက်ရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယူဆပြီး ရေကို ဆက်လက်စစ်ဆေးရာ ရေအရည်အသွေးမှာ ငါးများသေနိုင်တဲ့ အခြေအနေ မရှိကြောင်း သိရပါတယ်။
ဆက်လက်ပြီး ရေနမူနာများထဲမှာ အာဆင်းနစ်၊ ခဲ၊ ကက်ဒမီယမ်နဲ့ ပြဒါး ပါဝင်မှုနှုန်းများကို စစ်ဆေးရာမှာ ကျန်တဲ့ Heavy metal တွေ ပါဝင်မှုနှုန်းက အန္တရာယ်မရှိပေမယ့် ပြဒါးပါဝင်မှုနှုန်းမှာတော့ ရှိသင့်တဲ့ နှုန်းထက်မြင့်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သေဆုံးကျောက်ငါးတွေကို လူစားသုံးရန် သင့်၊ မသင့်ကိုတော့ ဆက်လက် စစ်ဆေးဖို့အတွက် လိုအပ်တဲ့ ငါးနမူနာတွေ ထပ်မံတောင်းထားဆဲဖြစ်သလို၊ ခရီးသွားခွင့်ရချိန်မှာ ဖြစ်ပွားရာဒေသကို ကိုယ်တိုင်သွားရောက်ပြီး ပိုမိုခိုင်လုံတဲ့အဖြေတွေ ရရှိရန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ Ref ; MOI