ဘုရားပေးသော လက်ပိုင်ရှင် ဂန္တဝင်ဘောလုံးမှော်ဆရာ မာရာဒိုနာ နှလုံးရပ်ပြီးရုတ်တရက်ကွယ်လွန်

ဘုရားပေးသော လက်ပိုင်ရှင် ဂန္တဝင်ဘောလုံးမှော်ဆရာ မာရာဒိုနာ နှလုံးရပ်ပြီးရုတ်တရက်ကွယ်လွန်

ဘုရားပေးသော လက်ပိုင်ရှင်လို့ နာမည်ကျော်တဲ့ အာဂျင်တီးနားဂန္တဝင် ဘောလုံးအကျော်အမော် မာရာဒိုရာနာဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားပါပြီ။

အသက်ခြောက်ဆယ် ရှိနေပြီဖြစ်တဲ့ မာရာဒိုနာဟာ လွန်ခဲ့တဲ့ သုံးပတ်ကျော်လောက် ကတည်းက ဦးနှောက်သွေးယို ရောဂါခံစားနေရပြီးနေအိမ်မှာ ဆေးကုသမှုခံယူနေတုန်း ရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားလို့ တညီ တညွတ်တည်း သတ်မှတ်ခံထားရတဲ့ မာရာဒိုနာဟာ သူ့ရဲ့ ကစားသမား သက်တမ်းတလျောက် အရက်နဲ့ကိုကင်း စွဲလမ်းမှု‌တွေကြောင့် ပြဿနာပေါင်းများစွာနဲ့ နာမည်ကြီးခဲ့တဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။

မာရာဒိုနာဟာ ၁၉၈၆ ကမ္ဘာဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန် အသင်းဘက်ကို သူ့ရဲ့နာမည်ကျော် ဘုရားပေးသောလက်နဲ့ သွင်းယူခဲ့တဲ့ဂိုးက အခုအချိန်အထိ ကမ္ဘာ့အငြင်းပွား စရာအ ကောင်းဆုံး ဂိုးအဖြစ်လည်း သတ်မှတ်ခံနေရတုန်း ဖြစ်ပါတယ်။

မာရာဒိုနာအတွက် ဝမ်းနည်းစကားများ

” ခင်ဗျားက ကျွန်တော်တို့ နိုင်ငံကို ကမ္ဘာ့ထိပ်ဆုံးနေရာ ပို့ဆောင်ပေးခဲ့တယ်။ ကျွန်တော်တို့ အားလုံးအတွက် အကြီးမားဆုံးသောပျော် ရွှင်မှုကို ပေးစွမ်းခဲ့တယ်။ ထာဝရအကြီးမြတ်ဆုံးသူပါပဲ။ ခင်ဗျားကို နိုင်ငံက ပိုင်ဆိုင်ခဲ့ဖူးလို့ ကျေးဇူးပါ။ ကျွန်တော်တို့ အားလုံးအသက်ရှိနေသေးတဲ့အထိ ခင်ဗျားကို လွမ်းဆွတ်နေကြမှာပါ ” (အာဂျင်တီးနားသမ္မတ အယ်လ်ဘတ်တိုဖာနန်ဒက်စ်)

” အာဂျင်တီးနားနိုင်ငံနဲ့ ဘောလုံး ကမ္ဘာအတွက် အရမ်းဝမ်းနည်းစရာ နေ့ဖြစ်ခဲ့ပါပြီ။ သူထွက်သွားပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ကိုဘယ်တော့မှ မထားခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာထာဝ ရ တည်ရှိသူ ဖြစ်လို့ပါပဲ” (မက်ဆီ)

” နှိုင်းယှဉ်လို့မရတဲ့ မှော်ဆရာပဲ။ ထွက်ခွာသွားတာ စောလွန်းပါတယ်။ ဒါပေမဲ့သူဟာ အတိုင်းအဆမရှိတဲ့ အမွေအနှစ်တွေကို ထားခဲ့ ပေးတယ်။ ဘယ်တော့မှ ဖြည့်လို့မရနိုင်တော့တဲ့ ကွက်လပ်ကြီးတော့ကျန်ခဲ့တယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့ ဆရာကြီးရေ ” (စီရိုနယ်ဒို)

“ဘယ်လိုများ ဝမ်းနည်းဖို့ကောင်းလိုက်တဲ့ သတင်းလဲဗျာ။ တကယ့်ဂရိတ် သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးလိုက်တာပဲ။ ကမ္ဘာကြီးအတွက်လည်း သူရဲကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတယ်။ ပြောချင်တာတွေ အများကြီးကျန်နေသေးပေမယ့် အခုအချိန်က ဘုရားသခင်ဟာ သူ့မိသားစုအတွက် ခွန်အားပေးပေးရမယ့်အချိန်ပါ။ တစ်နေ့ မင်းနဲ့ငါကောင်းကင်ပေါ် ဘောလုံးအတူတူကစားနိုင်ဖို့ မျှော်လင့်ပါတယ်” (ပီလီ) Ref  ; Dailymail / Source ; Omedia

Add a Comment

Your email address will not be published. Required fields are marked *