


စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းနဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms. Mariam Sherman ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာလ (၂၆) ရက်နေ့က အဲဒီကိစ္စကို နေပြည်တော်မှာ ဆွေးနွေး ခဲ့ကြပါတယ် ။


မြန်မာနိုင်ငံ အနေနဲ့လည်း နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance အဖွဲ့ရဲ့ ထောက်ပံ့ငွေအပြင် ကမ္ဘာ့ဘဏ်ချေးငွေတို့ကို အသုံးပြုပြီး ကိုဗစ်ကာကွယ်ဆေး ဝယ်ယူအသုံးပြုသွားမယ်လို့ ဒီရက်ပိုင်းထဲမှာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး ရရှိနိုင်မယ့် အဆိုပြုလွှာကို Gavi, the vaccine alliance ဆီ ဒီဇင်ဘာလ (၇) ရက်နေ့ အရောက်ပေးပို့ဖို့လည်း ပြင်ဆင်နေကြပါတယ်။Source ; Omedia

Unicode … ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ ကမ္ဘာ့ဘဏ်က မြန်မာကို ဒေါ်လာသန်း (၆၀) ထောက်ပံ့မည်

ကိုဗစ် ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း (၆၀) ထောက်ပံ့ပေးဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးနေကြပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းနဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms. Mariam Sherman ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာလ (၂၆) ရက်နေ့က အဲဒီကိစ္စကို နေပြည်တော်မာ ဆွေးနွေး ခဲ့ကြပါတယ် ။

ကမ္ဘာ့ဘဏ်အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူနိုင်ရေး ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံ ထောက်ပံ့ပေးဖို့ အောက်တိုဘာ (၁၃) ရက်နေ့က အတည်ပြုခဲ့တာပါ။ ဒါကြောင့် အဲဒီဒေါ်လာ (၁၂) ဘီလီယံ ထဲကနေ မြန်မာ နိုင်ငံကို ဒေါ်လာသန်း (၆၀) ထောက်ပံ့ပေးဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance အဖွဲ့ရဲ့ ထောက်ပံ့ငွေအပြင် ကမ္ဘာ့ဘဏ်ချေးငွေတို့ကို အသုံးပြုပြီး ကိုဗစ်ကာကွယ်ဆေး ဝယ်ယူအသုံးပြုသွားမယ်လို့ ဒီရက်ပိုင်းထဲမာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး ရရနိုင်မယ့် အဆိုပြုလွာကို Gavi, the vaccine alliance ဆီ ဒီဇင်ဘာလ (၇) ရက်နေ့ အရောက်ပေးပို့ဖို့လည်း ပြင်ဆင်နေကြပါတယ်။Source ; Omedia

Add a Comment

Your email address will not be published. Required fields are marked *