လူနာများ၏ကိုယ်တွင်းအင်္ဂါများကို တရားမဝင်ထုတ်ယူမှုဖြင့် တရုပ်ဆ ရာဝန်များထောင်ဒဏ် ချမှတ်ခံရ

လူနာ၏ကိုယ်တွင်းအင်္ဂါများကို တရားမဝင်ထုတ်ယူမှုဖြင့် တရုပ်ဆ ရာဝန်များထောင်ဒဏ် ချမှတ်ခံရ

ဆရာဝန်လေးယောက်ပါတဲ့ လူခြောက်ယောက် အဖွဲ့ဟာ အက်စီးဒင့် လူနာတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို တရားမဝင် ထုတ်ယူမှုနဲ့ ထောင်ဒဏ် အသီးသီး ချမှတ်ခံလိုက်ရ တယ်လို့ တရုပ် မီဒီယာတွေက ဆိုပါတယ်။

အဲဒီအဖွဲ့က ကွယ်လွန်သူတွေရဲ့ ကျန်ရစ်သူမိ သားစုတွေကို ကွယ်လွန်သူရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ သဘောတူ သလားဆိုပြီး မေးလေ့ရှိပါတယ်။

ကျန်ရစ်သူမိသားစုကလှူပါ့မယ်ဆိုပြီး သဘောတူ လက်မှတ်ထိုးလိုက်ပေမယ့် အဲဒီသဘောတူညီချက် စာရွက်က အတုတွေပါ။ သူတို့ ဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် အတွင်းမှာ အန်ဟွီပြည်နယ်ဆေး ရုံက လူပေါင်း ၁၁ ယောက်ဆီကနေ ကျောက်ကပ်တွေ၊ အသည်းတွေ ထုတ်ယူခဲ့ပါတယ်။

ဒါကြောင့်အခုဆိုရင် သူတို့ခြောက်ယောက်ဟာ ထောင်ဒဏ် ၁၀ လ ကနေ ၂၈ လကြား အသီးသီး ချမှတ်ခံလိုက်ရတာပါ။ လူခြောက်ယောက်ပါတဲ့ အဖွဲ့မှာ လေးယောက်ကဆေးရုံမှာ ရာထူးကြီးကြီး ဆ ရာဝန်တွေ ဖြစ်ကြပါတယ်။

သူတို့က ကားအက်စီးဒင့်ဖြစ်လို့ ရောက်လာတဲ့ လူနာတွေ ဒါမှမဟုတ် ဦးနှောက်သွေးယိုမှုနဲ့ ရောက်လာတဲ့ လူနာတွေကို အဓိက ပစ်မှတ်ထားတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ ပြီးရင် အဲဒီကိုယ်တွင်း အင်္ဂါတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းတာဖြစ်ပါတယ် ။

တရုပ်မှာ ကိုယ်တွင်းအင်္ဂါ လိုအပ်ချက် အရမ်းများနေပြီးလှူဒါန်းသူရှိမှ ကိုယ်တွင်းအင်္ဂါ အစားထိုးလို့ရတဲ့ အခြေအနေ ရောက်နေပါတယ်။ ဒါကြောင့် အရင်ကဆိုရင် တရုတ်ဟာ ကွပ်မျက်ခံရတဲ့ အကျဉ်းသားတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူပြီး အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပါတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်တာဟာ အရမ်းဝေဖန်ခံရတဲ့အတွက် ဆက်မလုပ်တော့ဖို့ အစိုးရက ၂၀၁၅ခုနှစ်မှာ တရားဝင်တားမြစ်လိုက်ပါတော့တယ်။ ဒါကြောင့် အခုဆိုရင် ကိုယ်တွင်းအင်္ဂါရဖို့ အလှူရှင်တွေကိုပဲ အားကိုး နေရပါတော့တယ်။ ဒါပေမဲ့ တရုပ်မှာ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူ အရမ်းနည်းနေ ပါသေးတယ်။ Source ; BBC

Tags:

Add a Comment

Your email address will not be published. Required fields are marked *