ကမ္ဘာ့အမွေအနှစ် ပိရမစ်ပေါ်တွင်ဆက်စီပုံများ ရိုက်ကူးသူဓာတ်ပုံ ဆရာ အဖမ်းခံရ

ကမ္ဘာ့အမွေအနှစ် ပိရမစ်ပေါ်တွင်ဆက်စီပုံများ ရိုက်ကူးသူဓာတ်ပုံ ဆရာ အဖမ်းခံရ

အီဂျစ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် ပိရမစ် များပေါ်တွင် အမျိုးသမီးတဦး၏ sexy ပုံများကိုရိုက်ကူးသူ ဓာတ်ပုံဆရာကို သက်ဆိုင်ရာအာ ဏာ ပိုင်များက ဖမ်းဆီး လိုက်ပါသည်။ ၎င်းဓာတ်ပုံဆရာသည် ကိုင်ရိုမြို့အပြင်ရှိ နှစ်ပေါင်း ၄၇၀၀ သက်တမ်းရှိ ဂျိုဇာပိရမစ် (Pyramid of Djoser)aပ်ါတွင် ဆယ်လ်မာအယ်လ်ရှီမီ အမည်ရ အကမယ်တဦးနှင့် အတူ ကိုယ်လုံးပေါ်ပုံများ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

အကယ်မယ် ဆယ်လ်မာသည် follower ထောင်ပေါင်းများစွာရှိသည့် သူမ၏ Instagram အကောင့်တွင် ယင်းဓာတ်ပုံ များတင်လိုက်ပြီးနောက် အင်တာနက်ပေါ်တွင် တမဟုတ်ချင်းပျံ့နှံ့သွားခဲ့သည်။ ဓာတ်ပုံဆရာနှင့်အတူ ဆယ်လ်မာလည်း အဖမ်းခံထားရကြောင်း ပြည်တွင်းသတင်း အချို့က ဖော်ပြသည်။

ဆယ်လ်မာက ဓာတ်ပုံများကို instagram မှ ပြန်လည် ဖြုတ်ချခဲ့သော်လည်း ယဉ်ကျေးမှု သမိုင်းကြောင်းအရ တန်ဖိုးကြီးမားသည့် ပိရမစ် ပေါ်တွင် မလေးမစား ပြုမူသည့်အပေါ် ရှေးဟောင်းသုတေသီများ အပါအဝင်လအများပြည်သူကို ဒေါသထွက်စေခဲ့သည်။

ယူနက်စကို စားရင်ဝင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ပိရမစ်များတွင် အဂါရဝ မလျော်ကန်သည့် လုပ်ရပ်များ အဖြစ်ပွားစေရန် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များ ချမှတ်ထားရှိပြီဖြစ်ကြောင်း၊ယခုဖြစ်စဉ် မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည် ဆိုခြင်းနှင့်ပတ်သက်၍ အီဂျစ် ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့မှ ဝန်ထမ်း ၆ ဦးကို စစ်ဆေးလျက်ရှိကြောင်း ခရီးသွားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း ခွင့်ပြုချက်မရှိဘဲ ပိရမစ်ပေါ်တက်ခဲ့ပြီး ဂီဇာရှေးသင်္ချိုင်းကြီး နောက်ခံထား ရိုက်ကူးထားသည့်ဓာတ်ပုံကို အွန်လိုင်းတင်ခဲ့သည့် influencer တဦး ထောင် ၅ ရက် ချမှတ်ခံရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။ Ref ; Daily Mail

Unicode … ကမ္ဘာ့အမွေအနစ် ပိရမစ်ပေါ်တွင် ဆက်စီပုံများ ရိုက်ကူးသူဓာတ်ပုံ ဆရာ အဖမ်းခံရ

အီဂျစ်နိုင်ငံရ ကမ္ဘာ့အမွေအနစ် ပိရမစ် များပေါ်တွင် အမျိုးသမီးတဦး၏ sexy ပုံများကို ရိုက်ကူးသူ ဓာတ်ပုံဆရာကို သက်ဆိုင်ရာအာဏာ ပိုင်များက ဖမ်းဆီး လိုက်ပါသည်။

၎င်းဓာတ်ပုံဆရာသည် ကိုင်ရိုမြို့အပြင်ရ နစ်ပေါင်း ၄၇၀၀ သက်တမ်းရ ဂျိုဇာပိရမစ် (Pyramid of Djoser)aပါ်တွင် ဆယ်လ်မာအယ်လ်ရမီ အမည်ရ အကမယ်တဦးနင့် အတူ ကိုယ်လုံးပေါ်ပုံများ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

အကယ်မယ် ဆယ်လ်မာသည် follower ထောင်ပေါင်းများစွာရသည့် သူမ၏ Instagram အကောင့်တွင် ယင်းဓာတ်ပုံ များတင်လိုက်ပြီးနောက် အင်တာနက်ပေါ်တွင် တမဟုတ်ချင်းပျံ့နသွားခဲ့သည်။ ဓာတ်ပုံဆရာနင့်အတူ ဆယ်လ်မာလည်း အဖမ်းခံထားရကြောင်း ပြည်တွင်းသတင်း အချို့က ဖော်ပြသည်။

ဆယ်လ်မာက ဓာတ်ပုံများကို instagram မ ပြန်လည် ဖြုတ်ချခဲ့သော်လည်း ယဉ်ကျေးမ သမိုင်းကြောင်းအရ တန်ဖိုးကြီးမားသည့် ပိရမစ် ပေါ်တွင် မလေးမစား ပြုမူသည့်အပေါ် ရးဟောင်းသုတေသီများ အပါအဝင်လအများပြည်သူကို ဒေါသထွက်စေခဲ့သည်။

ယူနက်စကို စားရင်ဝင် ကမ္ဘာ့ရးဟောင်းအမွေအနစ် ပိရမစ်များတွင် အဂါရဝ မလျော်ကန်သည့် လုပ်ရပ်များ အဖြစ်ပွားစေရန် စည်းမျည်းစည်းကမ်း သတ်မတ်ချက်များ ချမတ်ထားရပြီဖြစ်ကြောင်း၊ယခုဖြစ်စဉ် မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည် ဆိုခြင်းနင့်ပတ်သက်၍ အီဂျစ် ခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့မ ဝန်ထမ်း ၆ ဦးကို စစ်ဆေးလျက်ရကြောင်း ခရီးသွားဝန်ကြီးဌာနမ ပြောရေးဆိုခွင့် ရသူကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း ခွင့်ပြုချက်မရဘဲ ပိရမစ်ပေါ်တက်ခဲ့ပြီး ဂီဇာရးသင်္ချိုင်းကြီး နောက်ခံထား ရိုက်ကူးထားသည့်ဓာတ်ပုံကို အွန်လိုင်းတင်ခဲ့သည့် influencer တဦး ထောင် ၅ ရက် ချမတ်ခံရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။ Ref ; Daily Mail

Tags:

Add a Comment

Your email address will not be published. Required fields are marked *