SP Bakery မုန့်တိုက်ပိုင်ရှင်ကို မိုးကုတ်မြို့လယ်ခေါင်တွင် ပြန်ပေးဆွဲသွား

SP Bakery မုန့်တိုက်ပိုင်ရှင်ကို မိုးကုတ်မြို့လယ်ခေါင်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ပြန်ပေးဆွဲသွား

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်တို့တွင် ဆိုင်ခွဲများ ဖွင့်လှစ်ထား သော နာမည်ကြီး SP Bakery မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ယနေ့မနက်ပိုင်း လက်နက်ကိုင် အဖွဲ့တစ်ခုက မိုးကုတ် မြို့လယ်တွင် သေနတ်ထောက်၍ ပြန်ပြေးဆွဲသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် အကြောင်း အရာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အဆင့်ရှိ အရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ” ဟုတ်ပါတယ် ။ ဒီနေ့ မနက်ပိုင်းပါ ” ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၀၈း၄၅ အချိန် မိုးကုတ်မြို့၊ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ် ၊ အောင်ချမ်းသာဈေး၊ ( ပတ္တမြားဈေး) နှင့် အထက -၃ ကျောင်းအနီး လမ်းမပေါ်တွင် စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင် တစ်စုက ပြန်ပြေးဆွဲသွားခြင်းဖြစ်သည်။

၎င်းသည် မြို့မရပ်ကွက် ဈေးဟောင်းရပ် ရာအိမ်မှူးတစ်ဦးနှင့်အတူ လမ်းလျှောက်နေစဉ် ပြန်ပြေးဆွဲ ခံလိုက်ရခြင်း ဖြစ်သည်။ ပြန်ပြေးဆွဲ သွားသူတို့သည် ၇ ဦးခန့် ရှိပြီး လက်နက်များ ပါလာကြောင်း၊

ဦးကျော်ဝင်းကို သေနတ်ဖြင့် ထောက်၍ ပါဂျဲရိုး အဖြူရောင် ကားပေါ်သို့တင်ကာ ဈေးအနောက်ဘက်မှ တဆင့် ၊ ရွှေကူကြီး ဘုရားလမ်းအတိုင်း ရေပူ အုန်းကိုင်းဘက်သို့ ခေါ်ဆောင်သွားကြောင်း ရဲ၏ စစ်ဆေးချက်အရသိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က မြို့ဝင်/ထွက် ဂိတ်များအား ပိတ်ဆို့ထားရှိပြီး စုံစမ်းရှာဖွေနေကြောင်းသိရသည်။ Source ;Myanmar Harp

Tags:

Add a Comment

Your email address will not be published. Required fields are marked *