ကိုဗစ်သတ်မှတ်စည်းကမ်း မလိုက်နာမှုဖြင့် Banana မြစ်သားမြို့မရဲစခန်း၌ တိုင်ကြားခံရ
|ကိုဗစ်သတ်မှတ်စည်းကမ်း မလိုက်နာမှုဖြင့် Banana မြစ်သားမြို့မရဲစခန်း၌ တိုင်ကြားခံရ
လူစုဝေးခြင်း ပြုလုပ်ဖျော်ဖြေသဖြင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မဖြင့် အဆိုတော် Banana (ခ) ခြိမ့်ကေကို တိုင်ကြားခံရကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ မြစ်သားမြို့နယ် နေ အဆိုတော် ခြိမ့်ကေကိုမှာ ဒီဇင်ဘာ (၃) ရက်၊ မင်းဝန် ကျေးရွာနေ ဦးဇော်မင်းထိုက်၏ သမီးမွေးနေ့ပွဲ၌ ဖျော်ဖြေမှု ပြုလုပ်မှုကြောင့်အ ရေးယူပေးရန် တိုင်ကြားလာခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းဖျော်ဖြေပွဲကို လူ (၅၀) ခန့် ဖိတ်ကြားထားခဲ့ပြီး တီးဝိုင်းနှင့်အ တူ တင်ဆက်ခဲ့သဖြင့် ကိုဗစ်သတ်မှတ် စည်းကမ်းနှင့်မညီသည့်အတွက် ဟုဆိုကာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဖြင့်ဥပဒေနှင့်အ ညီ စိစစ်အရေးယူပေးရန် တင်ပြလာမှုအပေါ် စစ်ဆေးနေကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုတော် Banana (ခ) ခြိမ့်ကေကို နှင့် အတူ မွေးနေ့တီးဝိုင်း ဖျော်ဖြေရေးအတွက် ဦးဆောင်ကျင်းပသည့် ဦးဇော်မင်းထိုက်မှာလည်း တိုင်ကြားမှုအထဲ၌ ပါရှိသည့်အပြင် အချိန်မီ သတင်းတင်ပြမှုမရှိသော ရပ်ကျေး အုပ်ချုပ်ရေးမှူးကိုလည်း စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုပေါ်ပေါက်ပါက သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထို့အပြင် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် အပေါ် မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း သတိပေးမှတ်တမ်း လက်မှတ်ရေးထိုး စေခိုင်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ Source ; akonthi
Unicode … ကိုဗစ်သတ်မတ်စည်းကမ်း မလိုက်နာမဖြင့် Banana မြစ်သားမြို့မရဲစခန်း၌ တိုင်ကြားခံရ
လူစုဝေးခြင်း ပြုလုပ်ဖျော်ဖြေသဖြင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမဆိုင်ရာ ပုဒ်မဖြင့် အဆိုတော် Banana (ခ) ခြိမ့်ကေကို တိုင်ကြားခံရကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့ထံမ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ မြစ်သားမြို့နယ် နေ အဆိုတော် ခြိမ့်ကေကိုမာ ဒီဇင်ဘာ (၃) ရက်၊ မင်းဝန် ကျေးရွာနေ ဦးဇော်မင်းထိုက်၏ သမီးမွေးနေ့ပွဲ၌ ဖျော်ဖြေမ ပြုလုပ်မကြောင့်အ ရေးယူပေးရန် တိုင်ကြားလာခြင်းဖြစ်ကြောင်း ရဲမတ်တမ်းအရ သိရသည်။
ယင်းဖျော်ဖြေပွဲကို လူ (၅၀) ခန့် ဖိတ်ကြားထားခဲ့ပြီး တီးဝိုင်းနင့်အ တူ တင်ဆက်ခဲ့သဖြင့် ကိုဗစ်သတ်မတ် စည်းကမ်းနင့်မညီသည့်အတွက် ဟုဆိုကာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမဖြင့်ဥပဒေနင့်အ ညီ စိစစ်အရေးယူပေးရန် တင်ပြလာမအပေါ် စစ်ဆေးနေကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့ထံမ သိရသည်။
အဆိုတော် Banana (ခ) ခြိမ့်ကေကို နင့် အတူ မွေးနေ့တီးဝိုင်း ဖျော်ဖြေရေးအတွက် ဦးဆောင်ကျင်းပသည့် ဦးဇော်မင်းထိုက်မာလည်း တိုင်ကြားမအထဲ၌ ပါရသည့်အပြင် အချိန်မီ သတင်းတင်ပြမမရသော ရပ်ကျေး အုပ်ချုပ်ရေးမးကိုလည်း စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မပေါ်ပေါက်ပါက သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ရဲမတ်တမ်းအရ သိရသည်။
ထို့အပြင် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် အပေါ် မြစ်သားမြို့နယ်အုပ်ချုပ်ရေးမးကိုလည်း သတိပေးမတ်တမ်း လက်မတ်ရေးထိုး စေခိုင်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမ သတင်းရရသည်။ Source ; akonthi