ခြိမ့်ကေကို နှင့် မွေးနေ့ ဦးဆောင်ကျင်းပသူတို့ ထွက်ပြေး တိမ်းရှောင်နေ

ခြိမ့်ကေကို နှင့် မွေးနေ့ ဦးဆောင်ကျင်းပသူတို့ ထွက်ပြေး တိမ်းရှောင်နေ

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ Facebook ဆယ်လီ ခြိမ့်ကေကို နှင့် မွေးနေ့ပွဲ ကိုလူစုလူဝေနဲ့ ဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်တို့နှစ်ဦးဟာ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရဲစခန်းက စုံစမ်း သိရှိရပါတယ်။

ဒီနေ့ ရစ်ကန် ရဲတပ်ဖွဲ့က မြစ်သားမြို့နယ် အတွင်းက သူတို့နှစ်ဦး နေအိမ်ကို ဝင်ရောက် ဖမ်းဆီးခဲ့ပေမယ့် ဦးဇော်မင်းထိုက် နဲ့ Fb ဆယ်လီ ခြိမ့်ကေကို တို့နှစ်ဦးကို မတွေ့ရှိခဲ့ဘူးလို့ သိရပါတယ်။ ရဲလုပ်ငန်းစဉ်တွေအရ ချိတ်ဆက် ဖမ်းဆီးမှုတွေ ဆက်လက် ပြုလုပ် နေတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

” ဖမ်းတော့မိမှာပါ ဒီကာလကြီး နယ်ကျော်ပြီး ဝေးဝေး ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့ ” ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ် မင်းဝန် ကျေးရွာမှာ ဦးဇော်မင်းထိုက်ရဲ့ သမီးဖြစ်သူရဲ့ မွေးနေ့ပွဲကို လူဦးရေ ၅၀ ဖိတ်ကြား ကျင်းပခဲ့မှုနဲ့

ခြိမ့်ကေကို အနေနဲ့ပါဝင် ဖျော်ဖြေခဲ့မှုကြောင့် လူဦးရေ ၅၀ ထက်ကျော်လွန်သွားတဲ့အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) နဲ့ တရားစွဲ ခဲ့တာဖြစ်ပါတယ်။ Source ; Galaxy News

Add a Comment

Your email address will not be published. Required fields are marked *