ဂူဂဲလ်ရဲ့ရှေ့ပြေးပုံစံ ကွန်ပျူတာထက် အဆ ၁၀ ဘီလီယံ ပိုမြန်တဲ့ကွန်ပျူတာကို တရုပ်တီထွင်နေ
|ဂူဂဲလ်ရဲ့ ရှေ့ပြေးပုံစံ ကွန်ပျူတာထက် အဆ ၁၀ ဘီလီယံပိုမြန်တဲ့ ကွန်ပျူတာကို တရုပ်တီထွင်နေ
တရုတ်နိုင်ငံဟာ အမေရိကန်ထိပ်သီး နည်းပညာ ကုမ္ပဏီကြီး ဂူဂဲလ်ကတီထွင်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာရဲ့ ပုံစံတူကို တီထွင် နေပြီး အဲဒီကွန်ပျူတာက Google Prototype ကွန်ပျူတာထက် လုပ်ငန်းတွေကို အဆပေါင်း (၁၀) ဘီလီယံ ပိုမြန်အောင် လုပ်နိုင်တယ်လို့ ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ပါတယ်။
ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပျူတာတွေကို သိပ္ပံ နည်းပညာ အထွန်းကားဆုံး နိုင်ငံတွေက အပြိုင်အဆိုင် တီထွင်နေကြရာမှာ ဂျပန်က Fugaku ကွန်ပျူတာကို ၂၀၂၀ ဇွန်လမှာ ထုတ်လုပ်ခဲ့ပါတယ်။
Fugaku စူပါကွန်ပျူတာဟာ သူ့အရင်ကအမြန်ဆုံး ကွန်ပျူတာ ထက် ၂.၈ ဆ ပိုမြန်အောင် လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဒေါ်လာတစ်ဘီလီယံ သုံးခဲ့ရသလို ခြောက်နှစ် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူနိုင်ငံမှာ ညဏ်ရည်တု နည်းပညာ ထွန်းကားဖို့အတွက် ဒေါ်လာတစ်ဘီလီယံ ထုတ် ပေးခဲ့ပြီး Google ကုမ္ပဏီကနေ Fugaku ကွန်ပျူတာ ထက်ပိုမြန်တဲ့ ကွန်ပျူတာ ရှေ့ပြေးပုံစံကို ထပ်မံ တီထွင်ခဲ့ပါတယ်။
အဲဒီကွန်ပျူတာဟာ သာမန်အဆင့်အမြင့်ဆုံး ကွန်ပျူတာတွေ နှစ်ပေါင်း တစ်ထောင်လောက် အချိန်ယူလုပ်ဆောင်မှ ရနိုင်မယ့် အရာတွေကို စက္ကန့် (၂၀၀) အတွင်း လုပ်နိုင်အောင် တီထွင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု တရုတ်နိုင်ငံ ဟူဖေးမြို့ သိပ္ပံနဲ့နည်းပညာ တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဖန်တီးထုတ်လုပ်နေတဲ့ ကွမ်တမ်ကွန်ပျူတာကတော့ အမေရိကန် ကထုတ်တဲ့ အဆင့်အမြင့်ဆုံးကွန်ပျူတာထက် အဆပေါင်း ၁၀ ဘီလီယံ ပိုမြန်အောင် လုပ်ဆောင်နိုင်ပြီး ဂျပန်ထုတ် Fugaku ကွန်ပျူတာထက် အဆပေါင်း ၁၀၀ ထရီလီယံ ပိုမြန်အောင် လုပ်ဆောင်နိုင်ပြီလို့ ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီကွမ်တမ် ကွန်ပျူတာ တီထွင်နိုင်ဖို့ ဒေါ်လာ (၁၀) ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံပေးခဲ့တာလည်း ဖြစ်ပါတယ် ။ အခု ဒီကွမ်တမ် ကွန်ပျူတာကြောင့် နှစ်ပေါင်း ရာထောင်ချီတဲ့က အချက်အလက်တွေ၊ မှတ်တမ်းတွေကို သိမ်းထားပြီး စက္ကန့်ပိုင်းအတွင်း ချက်ချင်းလက်ငင်း ပြန်ရှာနိုင်တော့မှာ ဖြစ်တဲ့အတွက် အမေရိကန်ကိုနှာတစ်ဖျားမက အသာရသွားတာလို့ နည်းပညာလောက , က သုံးသပ်နေကြပါတယ်။ Ref : Dailymail / Photo : AFP Source ; O media