ရုရှားတွင်မီးပန်းစက်ရုံ မီးလောင်ခဲ့ရာမှ ညဉ့်ကောင်းကင်ယံထက် ရောင်စုံမီးပန်းများနှင့် ပြည့်နှက်သွားခဲ့

ရုရှားတွင်မီးပန်းစက်ရုံ မီးလောင်ခဲ့ရာမှ ညဉ့်ကောင်းကင်ယံထက် ရောင်စုံမီးပန်းများနှင့် ပြည့်နှက်သွားခဲ့

ရုရှားနိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရော့စတော့ဗ်အွန်ဒွန်က မီးရှူးမီးပန်း စက်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် မှောင်မိုက်နေတဲ့ ညဉ့်ကောင်းကင်ယံမှာ ရောင်စုံမီးပန်းပွားတွေ အပြည့် ဖြစ်ခဲ့ရပါတယ်။

ဒီဇင်ဘာလ ၆ ရက် အစောပိုင်းအချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထား ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ အဆိုပါမီးရှူးမီးပန်း စက်ရုံဆီကို မီးသတ်ဝန်ထမ်း ၄၀၀ကျော် သွားရောက် ငြှိမ်းသတ်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။

မီးလောင်မှုနဲ့အတူ ကောင်းကင်ထက်မှာ ရောင်စုံ မီးပန်းတွေ ပေါက်ကွဲနေတဲ့ ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ရုရှားအရေးပေါ် အခြေအနေဝန်ကြီးဌာနရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပြီး အနီးတဝိုက်က မြို့နေဒေသခံတွေကိုလည်းသတိပြုကြဖို့ နှိုးဆော်ထုတ်ပြန် ထားခဲ့ပါတယ်။

အရောင်းဆိုင်ခန်းထဲက လျှပ်စစ် အပူပေးစက်ကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး လာမယ့် New Year အချိန်အခါ အတွက် မီးရှူးမီးပန်းတွေ ကြိုတင်စုဆောင်း သိုလှောင်ထားတဲ့ ကုန်လှောင်ရုံထိပါ မီးကူးစက် သွားခဲ့တာလို့ ကနဦးသုံးသပ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။

ဒီမီးလောင်မှုကြောင့် အဆောက်အအုံတွေ ထိခိုက် ပျက်စီးမှုတွေရှိခဲ့ပေမယ့် လူသေဆုံးမှုတော့ မရှိခဲ့ပါဘူးလို့ သတင်းထုတ်ပြန်ထား ခဲ့ ပါတယ်။ ခရက်ဒစ်

Unicode … ရုရးမီးပန်းစက်ရုံတွင် မီးလောင်ခဲ့ရာမ ညဉ့်ကောင်းကင်ယံထက် ရောင်စုံမီးပန်းများနင့် ပြည့်နက်သွားခဲ့

ရုရးနိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရော့စတော့ဗ်အွန်ဒွန်က မီးရမီးပန်း စက်ရုံတစ်ခုမာ မီးလောင်မ ဖြစ်ပွားခဲ့တာကြောင့် မင်မိုက်နေတဲ့ ညဉ့်ကောင်းကင်ယံမာ ရောင်စုံမီးပန်းပွားတွေ အပြည့် ဖြစ်ခဲ့ရပါတယ်။

ဒီဇင်ဘာလ ၆ ရက် အစောပိုင်းအချိန်မာ မီးလောင်မ ဖြစ်ပွားခဲ့တာလို့ ဒေးလီးမေးလ် သတင်းမာ ဖော်ပြထား ခဲ့ပါတယ်။ မီးလေ ာင်မဖြစ်ပွားတဲ့ အဆိုပါမီးရးမီးပန်း စက်ရုံဆီကို မီးသတ်ဝန်ထမ်း ၄၀၀ကျော် သွားရောက် ငြမ်းသတ်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။

မီးလောင်မနဲ့အတူ ကောင်းကင်ထက်မာ ရောင်စုံ မီးပန်းတွေ ပေါက်ကွဲနေတဲ့ ဖြစ်ရပ်ကို မတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ရုရးအရေးပေါ် အခြေအနေဝန်ကြီးဌာနရဲ့ အင်စတာဂရမ်အကောင့်မာ တင်ထားခဲ့ပြီး အနီးတဝိုက်က မြို့နေဒေသခံတွေကိုလည်းသတိပြုကြဖို့ နဆော်ထုတ်ပြန် ထားခဲ့ပါတယ်။

အရောင်းဆိုင်ခန်းထဲက လျပ်စစ် အပူပေးစက်ကနေ စတင်မီးလောင်ခဲ့တာဖြစ်ပြီး လာမယ့် New Year အချိန်အခါ အတွက် မီးရးမီးပန်းတွေ ကြိုတင်စုဆောင်း သိုလာင်ထားတဲ့ ကုန်လင်ရုံထိပါ မီးကူးစက် သွားခဲ့တာလို့ ကနဦးသုံးသပ်ထားပြီး စုံစမ်းစစ်ဆေးမတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။

ဒီမီးလောင်မကြောင့် အဆောက်အအုံတွေ ထိခိုက် ပျက်စီးမတွေရခဲ့ပေမယ့် လူသေဆုံးမတော့ မရခဲ့ပါဘူးလို့ သတင်းထုတ်ပြန်ထား ခဲ့ ပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *