ဗြိတိန်က အသက် (၉၀) အရွယ်အဖွားအို ကမ္ဘာပေါ်မှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံး ထိုးနှံသူဖြစ်လာ
|ဗြိတိန်က အသက် (၉၀) အရွယ်အဖွားအို ကမ္ဘာပေါ်မှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံး ထိုးနှံသူဖြစ်လာ
ဗြိတိန်အစိုးရဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၈) ရက်နေ့က Pfizer ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအနေနဲ့ စောင့်ရှောက်ခံသက်ကြီးရွယ်အိုတွေကို စတင် ထိုးပေးရာမှာ အသက် (၉၀) အရွယ် မြောက်အိုင်ယာလန်သူ မာဂရက်ကင်နန်က ကမ္ဘာမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အထိုးခံရသူအဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။
အီနီစကီလန် အရပ်သူဖြစ်တဲ့ မာဂရတ်ကင်နန်ကို ကိုဗစ်ထရီမြို့က တက္ကသိုလ် ဆေးရုံပေါ်မှာပဲ ကိုဗစ် ကာကွယ်ဆေး စတင်ထိုးပေးခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်မက ကမ္ဘာမှာ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခံရတဲ့သူဖြစ်လို့ ကျေနပ် မဆုံးပါဘူး။ ဒီဆေးထိုးခံလိုက်ရခြင်းက ကျွန်မအဖို့ ရောက်လာတော့မယ့် မွေးနေ့အတွက် အကောင်းဆုံးမွေးနေ့ လက်ဆောင် ဖြစ်ခဲ့ပါပြီ။
နှစ်သစ်ကူး အခါသမယကို ချစ်တဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ဖြတ်သန်းခွင့် ရပါပြီ။ ကျွန်မလို အသက် ၉၀ အရွယ် အဖွားကြီးတောင် ဒီဆေးကိုထိုးပြီး ဘေးကင်း ကျန်းမာတဲ့အတွက် အခြားလူတိုင်းဘာလို့ မထိုးနိုင်ရမှာလဲ။ အားလုံး ကာကွယ်ဆေး ထိုးဖို့ တိုက်တွန်းပါတယ်။ ” လို့ မာဂရတ် ကင်နန်က ပြောပါတယ်။
ဗြိတိန်ဟာ ပြီးခဲ့တဲ့ အပတ်က Pfizer ကာကွယ် ဆေးကို ကိုဗစ် – ၁၉ ကာကွယ် ဆေးအဖြစ် ထိုးဖို့ တရားဝင် ခွင့်ပြုခဲ့ပြီး ပထမဆုံး ကာကွယ်ဆေး ထိုးပေးတဲ့ နိုင်ငံ ဖြစ်လာ ပါတယ်။ Source ; O Media