အိန္ဒိယတွင်ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ရောဂါသည်တွေရဲ့ သွေးထဲမှာ ခဲနဲ့နီကယ်ဓာတ်များ အများအပြားပါဝင်နေ
အိန္ဒိယတွင်ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ရောဂါသည်တွေရဲ့ သွေးထဲမှာ ခဲနဲ့နီကယ်ဓာတ်များ အများအပြားပါဝင်နေ
အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ရောဂါ ခံစားနေရတဲ့ လူနာတွေရဲ့ သွေးထဲမှာ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေတာ တွေ့ရပြီး ခဲနဲ့နစ်ကယ်ဓာတ်တွေ များနေတာ တွေ့ရှိ ခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကိုဗစ်ကူးစက်ခံရသူ (၉.၇) သန်း ရှိလာတဲ့အတွက် အကြီးမားဆုံး ဖိအားနဲ့ ရုန်းကန် ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အန်ဒရာပရာဒက်ရှ် ပြည်နယ်မှာ ထူးဆန်းတဲ့ ရောဂါခံစားရသူတွေ အများအပြားတွေ့ရှိခဲ့ပြီး နောက်ပိုင်း လူနာတွေရဲ့ သွေးနမူနာတွေကို ဒေလီ မြို့မှာရှိတဲ့ (All India Institute Of Medical Science) ဋ္ဌာနကို ပို့ပြီး စမ်းသပ်ခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခုအချိန် စစ်ဆေးမှုတွေပြုလုပ်ပြီး ဆေးရုံက ဆင်းနိုင်သူတွေ များ ပေမယ့် (၁၅၀) လောက်ကိုတော့ အီလူရူဆေးရုံမှာ ဆက်တင်ထားရပြီး ကြပ်မတ်ကုသ နေရဆဲဖြစ်ပါတယ်။ အန်ဒရာပရာဒက်ရှ် ပြည်နယ်မှာ ကိုဗစ်ကူးစက်သူ ရှစ်သိန်း ရှိခဲ့ရာမှာ အခုလို ထူးဆန်းတဲ့ရောဂါသစ်တစ်မျိုး ထပ်မံရင်ဆိုင် နေရတဲ့အတွက် အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနအတွက် ပိုပြီး ခေါင်းခဲစရာ ဖြစ်နေပါတယ်။ Ref ; Mirror
Unicode … အိန္ဒိယမာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ရောဂါသည်တွေရဲ့ သွေးထဲမ ခဲနဲ့နီကယ်ဓာတ်များ အများအပြားပါဝင်နေ
အိန္ဒိယနိုင်ငံမာ ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ရောဂါ ခံစားနေရတဲ့ လူနာတွေရဲ့ သွေးထဲမာ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေတာ တွေ့ရပြီး ခဲနဲ့နစ်ကယ်ဓာတ်တွေ များနေတာ တွေ့ရ ခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကိုဗစ်ကူးစက်ခံရသူ (၉.၇) သန်း ရလာတဲ့အတွက် အကြီးမားဆုံး ဖိအားနဲ့ ရုန်းကန် ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမာ ပြီးခဲ့တဲ့ရက်ပိုင်းက အန်ဒရာပရာဒက်ရ ပြည်နယ်မာ ထူးဆန်းတဲ့ ရောဂါခံစားရသူတွေ အများအပြားတွေ့ရခဲ့ပြီး နောက်ပိုင်း လူနာတွေရဲ့ သွေးနမူနာတွေကို ဒေလီ မြို့မာရတဲ့ (All India Institute Of Medical Science) ဋ္ဌာနကို ပို့ပြီး စမ်းသပ်ခဲ့ရာမာ အခုလိုတွေ့ရခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကစပြီး အီလူရူမြို့မာ လူအများစု အပြင်းဖျားခဲ့ကြပြီး အခုဆိုရင် ဒီလိုပုံစံတူ ရောဂါဖြစ်သူ ငါးရာကျော် ရသွားခဲ့ပြီ လို့ သိရ ပါတယ်။ အဲဒီရောဂါ ဖြစ်သူတွေက ပြို့အန် တာတွေ၊ စိတ်ခြောက်ခြားတာတွေ ဖြစ်တတ်ပြီး ရောဂါပြင်းထန်ရင် သတိမေ့တာနဲ့ တက်တဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုအချိန် စစ်ဆေးမတွေပြုလုပ်ပြီး ဆေးရုံက ဆင်းနိုင်သူတွေ များ ပေမယ့် (၁၅၀) လောက်ကိုတော့ အီလူရူဆေးရုံမာ ဆက်တင်ထားရပြီး ကြပ်မတ်ကုသ နေရဆဲဖြစ်ပါတယ်။ အန်ဒရာပရာဒက်ရ ပြည်နယ်မာ ကိုဗစ်ကူးစက်သူ ရစ်သိန်း ရခဲ့ရာမ အခုလို ထူးဆန်းတဲ့ရောဂါသစ်တစ်မျိုး ထပ်မံရင်ဆိုင် နေရတဲ့အတွက် အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနအတွက် ပိုပြီး ခေါင်းခဲစရာ ဖြစ်နေပါတယ်။ Ref ; Mirror
Add a Comment
Your email address will not be published. Required fields are marked *