မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဦးဆုံး ဖြစ်နိုင်သည့် ထန်းလျှော်ဖြင့်ရက်လုပ်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဦးဆုံး ဖြစ်နိုင်သည့် ထန်းလျှော်ဖြင့်ရက်လုပ်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဆုံး ဖြစ်နိုင်သည့် ထန်းလျှော်ဖြင့် ဗုဒ္ဓရုပ်ပွားတော်ကို ရက်လုပ်နေကာ ပြီးစီးလု အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း အဆိုပါ ရုပ်ပွားတော်ကို ရက်လုပ် ပူဇော်နေသူများထံက ဒီဇင်ဘာလ ၅ ရက်တွင် သိရသည်။
အဆိုပါရုပ်ပွားတော်ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာတန်းရှည်ကျေးရွာ၊ တိုက်သစ် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ထားရှိရက်လုပ်နေခြင်းဖြစ်ကာ လောကမာရ ဇိန်ထန်းဘုရားကြီးဟု ဘွဲ့တော်သတ်မှတ်ထားပြီး ဘုရား၏ ဉာဏ်တော်မှာ ၂၇ ပေ ရှိကာ ပလ္လင်တော်ပါ ပါက ၃၄ ပေ အမြင့် ရှိပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသကို လျှောက်ထား သြဝါဒခံယူကာ တည်ထားခြင်းဖြစ်ကြောင်း တော်ဝင်ထန်း အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ပိုးဖြူက ပြောသည်။
ရုပ်ပွားတော်သည် အဆိုပါ အရပ်ဒေသတွင်ရှိသော ထန်းတောင်သူများကို ကိုယ်စားပြုထားသကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ဝယ်ထားလိုက်သော ထန်းပင်များ က ထွက်ကုန်ပစ္စည်းများကို သုံးထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
တိုက်သစ် ဘုန်းတော်ကြီးကျောင်းတွင် ရှေးဟောင်း ဆင်းတုတော် ၂၅ ဆူ လည်းတည်ရှိနေကာ အဆိုပါဘုရားသည် ခရီးသွားများအတွက်စိတ်ဝင်စားဖွယ်နေရာတစ်ခုလည်း ဖြစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ Source ; Pyi Myanmar
Unicode … မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဦးဆုံး ဖြစ်နိုင်သည့် ထန်းလျာ်ဖြင့်ရက်လုပ်သည့် ဗုဒ္ဓရုပ်ပွားတော်ကြီး
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ပထမဆုံး ဖြစ်နိုင်သည့် ထန်းလျာ်ဖြင့် ဗုဒ္ဓရုပ်ပွားတော်ကို ရက်လုပ်နေကာ ပြီးစီးလု အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း အဆိုပါ ရုပ်ပွားတော်ကို ရက်လုပ် ပူဇော်နေသူများထံက ဒီဇင်ဘာလ ၅ ရက်တွင် သိရသည်။
အဆိုပါရုပ်ပွားတော်ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာတန်းရည်ကျေးရွာ၊ တိုက်သစ် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ထားရရက်လုပ်နေခြင်းဖြစ်ကာ လောကမာရ ဇိန်ထန်းဘုရားကြီးဟု ဘွဲ့တော်သတ်မတ်ထားပြီး ဘုရား၏ ဉာဏ် တော်မာ ၂၇ ပေ ရကာ ပလ္လင်တော်ပါ ပါက ၃၄ ပေအမြင့် ရပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရင် နန္ဒမာလာဘိဝံသကို လျာက်ထား သြဝါဒခံယူကာ တည်ထားခြင်းဖြစ်ကြောင်း တော်ဝင်ထန်း အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ပိုးဖြူက ပြောသည်။
ရုပ်ပွားတော်မ ဆံတော်ကသုံး လိုင်းမြောက်ပဲ ကျန်ပါတော့ တယ်။ အလက ထန်းတောင်သူတွေ ပါတယ်။ နန်းတွေ ထိုးရတာကိုး။ ရွာသူ ရွာသားတွေပါတယ်။ ထန်းပင် အလရင်တွေလည်းပါတယ်။ ထိန်းသိမ်းထားတဲ့ ထန်းပင်တွေက ထန်းလက်တွေကို အန်တီတို့က ခုတ်တယ်။ ထန်းလက်တွေကို ယူပြီးတော့ အန်တီတို့က ထိုးတာပေါ့ နော်။ ထန်းတောင်သူတွေ အကုန်လုံးလည်းပါတယ်။
ဒီထန်းပင်တွေ ကို အုပ်စုလိုက် ခုတ်နေတဲ့အချိန် ကြိုး စည်းထားတဲ့အပင်တွေကို အန်တီတို့ကဝယ်ပြီးသိမ်းလိုက်တာကို။ အဲဒီအပင်က ထန်းလက်တွေက ယူပြီးတော့ဘုရားကို ထိုးတာပေါ့ဟု အဆိုပါဘုရားတွင်ကိုယ်တိုင် နန်းထိုး၍လည်း ကုသိုလ်ယူခဲ့သူ ၎င်းက ဆိုသည်။
ရုပ်ပွားတော်သည် အဆိုပါ အရပ်ဒေသတွင်ရသော ထန်းတောင်သူများကို ကိုယ်စားပြုထားသကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ဝယ်ထားလိုက်သော ထန်းပင်များ က ထွက်ကုန်ပစ္စည်းများကို သုံးထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒီဆင်းတုတော်သည် အဓိပ္ပာယ် တွေအများကြီးကို ယူလာတာပေါ့ နော်။ သဘာဝထိန်းသိမ်းတယ်။ နောက်တစ်ခါ ထန်းတောင်သူတွေ အားလုံးရဲ့ အလတွေ ပါသလို သင်တန်းလုပ်ပေးတယ်။ သင် တန်းသူတွေ ရက်တတ်လာတယ်။ အန်တီ ထင်ပါတယ်။
နောက်ထပ် ဘုရားတစ်ဆူကို ထပ်ပြီး ရက်လုပ်ဖို့ဆိုတာအင်မတန်ခက်ခဲ ပါတယ်။ ဘာလို့လဲဆိုရင် အားလုံးကို လက်ချည်းပဲလေ။ ထန်းလျာ်ကို ခုတ်ရတာလည်း လက်နဲ့ခုတ်ရသလို လျာ် သပ်ရတာလည်း ထန်းတောင်သူတွေက အရမ်းထက်တဲ့ ဓားနဲ့သပ်ပေးရတယ် ဟု ဒေါ်ပိုးဖြူကပြောသည်။
တိုက်သစ် ဘုန်းတော်ကြီးကျောင်းတွင် ရးဟောင်း ဆင်းတုတော် ၂၅ ဆူ လည်းတည်ရနေကာ အဆိုပါဘုရားသည် ခရီးသွားများအတွက်စိတ်ဝင်စားဖွယ်နေရာတစ်ခုလည်း ဖြစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ Source ; Pyi Myanmar
Add a Comment
Your email address will not be published. Required fields are marked *