ထောင် ၁၀ နှစ်ကျသွားတဲ့ အီရန်က အိန်ဂျလီနာဂျိုလီ

ထောင် ၁၀ နှစ်ကျသွားတဲ့ အီရန်က အိန်ဂျလီနာဂျိုလီ

နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် အိန်ဂျလီနာဂျိုလီနဲ့ဆင်တူ အောင် ဖန်တီးပြုပြင်ခဲ့ပြီး အီရန်ရဲ့ အိန်ဂျလီနာဂျိုလီလို့ ထင်ရှားခဲ့တဲ့ အမျိုးသမီးဟာ ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရ ပြီဖြစ်တယ်လို့ သူမရဲ့ ရှေ့နေဖြစ်သူက အတည်ပြုခဲ့ပါတယ်။

သူမဟာ အင်စတာဂရမ်မှာ နာမည်ကျော်ကြယ်တပွင့် အဖြစ်ရှိနေခဲ့ ပေမယ့်လည်း သူမရဲ့ လူမှုကွန်ရက်တွေပေါ်က ဆောင်ရွက်မှုတွေ ကြောင့် အခုလို ထောင်ကျခဲ့တာလို့ ဆိုပါတယ်။

အိန်ဂျလီနာဂျိုလီနဲ့ ဆင်တူပေမယ့် Zombie တစ်ကောင်လိုပုံစံမျိုးမှာရှိနေခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် Sahar Tabar ဟာ တီဟီရန်မြို့ကဖြစ်ပြီး ထင်ပေါ်ကျော်ကြားမှု ရှိဖို့အတွက် ဂျိုလီရဲ့ မျက်နှာသွင်ပြင် အနေအထားမျိုးကို တမင်ဖန်တီးယူခဲ့ပြီးနောက် နာမည်ကျော်ကြားခဲ့ပြီး အင်စတာဂရမ်မှာ ဖော်လိုဝါပေါင်း လေးသိန်းရှစ်သောင်းကျော်အထိ ရရှိခဲ့ပါတယ်။

သူမရဲ့ထွင်လုံးတွေနဲ့ ပတ်သက်ပြီး လူအများစုက ဟာသအနေနဲ့ သာ သဘောထားခဲ့ပေမယ့်လည်း ၂၀၁၉ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ သူမဟာ အခြားသော အင်စတာဂရမ် ဆယ်လီအမျိုးသမီး ၃ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။

အီရန်သတင်းထောက်ဖြစ်တဲ့ Masih Alinejad က Daily Mail သတင်းစာကို ပြောခဲ့ရာမှာတော့ Sahar ဟာ လူအများလာဘ်စားမှုကို အားပေးအားမြောက် ပြုခဲ့တာကြောင့် အခုလိုမျိုး ထောင်ဒဏ်ချမှတ် ခံရတာဖြစ်တယ်လို့ သူမရဲ့ ရှေ့နေက ပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

သတင်းထောက် Masih Alinejad ဟာ ဒီသတင်းကို တွစ်တာပေါ်မှာ ပထမဆုံးဝေမျှခဲ့သူဖြစ်ပြီး ” မိတ်ကပ်နဲ့ Photoshop တွေ အသုံးပြုပြီး Zombie အိန်ဂျလီနာဂျိုလီလိုပြုလုပ်ခဲ့တဲ့ အီရန်အင်စတာဂရမ်စတားဟာ ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခံလိုက်ရပါတယ်၊ သူမက အသက် ၁၉ နှစ်ပဲရှိသေးပြီး သူမရဲ့ ဟာသက သူမကိုထောင်ထဲပို့ခဲ့တာပါ၊ သူမမိခင်ကတော့ နေ့တိုင်း ငိုကြွေးနေရပါတယ်၊ ချစ်ရပါသော အိန်ဂျလီနာဂျိုလီ၊ ငါတို့မင်းရဲ့ အသံကို လိုအပ်နေပါတယ်၊ ငါတို့ကိုကူညီပါ ” လို့ သူမက ရေးသားခဲ့တာပါ။

Masih က ဂျိုလီအနေနဲ့ ဗီဒီယိုကတဆင့် Sahar အတွက် အသနားခံပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အစ္စလာမ်မစ်နိုင်ငံအနေနဲ့ အမျိုးသမီးတွေအပေါ်မှာ ညှင်းပန်းနှိပ်စက်မှုသမိုင်းရှိခဲ့ဖူးတယ်လို့ သူမက ထပ်မံပြောဆိုခဲ့ပြီး ကျားမခွဲခြားမှုအပေါ်မှာ ဆန့်ကျင်ဖို့လိုအပ်ကြောင်းလည်း သူမက ပြောခဲ့ပါတယ်။ Sahar ကိုစွဲချက်တင်ခဲ့မှုမှာ စော်ကားမှု၊ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ မသင့်လျော်သော နည်းလမ်းတွေနဲ့ ဝင်ငွေရရှိခြင်းနဲ့ လူငယ်တွေ အဂတိလိုက်စားဖို့ အားပေးအားမြှောက်ပြုမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

သူမကို ထိန်းသိမ်းခဲ့စဉ်က ထောင်ဒဏ် ၃ လနဲ့ ၂နှစ်အတွင်းသာ ကျခံရဖွယ်ရှတိယ်လို့ အီရန်ရုပ်သံသတင်းဌာနတစ်ခုဖြစ်တဲ့ Channel 3(IRIB TV3) က ထုတ်လွှင့်ခဲ့ပါသေးတယ်။ Sahar ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ခွဲစိတ်ကုသမှုပေါင်း အကြိမ်ပေါင်း ၅၀ ကျော်ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဂျိုလီနဲ့ ထပ်တူနီးပါးဆင်တူအောင် ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ Zombie တစ်ကောင်လိုပုံစံဖြစ်အောင် မိတ်ကပ်တွေအသုံးပြုခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း သူမရဲ့ အင်စတာဂရမ်က ဓာတ်ပုံတွေကိုတော့ သူမကိုယ်တိုင်နှစ်သက်မှုမရှိဘူးလို့ အင်တာဗျူးတွေမှာ ပြောဆိုခဲ့ပြိး အဆိုပါဓာတ်ပုံတွေကို Photoshop နဲ့ ပြင်ဆင်မှုအများကြီး လုပ်ထားတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက ထင်ပေါ်ကျော်ကြားချင်ခဲ့တဲ့ သူမဟာ မိခင်ဖြစ်သူရဲ့ တားမြစ်မှုတွေကြားကနေ အင်စတာဂရမ်မှာ ကျော်ကြားလာအောင် ကြိုးစားခဲ့ပြီး နှာခေါင်း၊ နှုတ်ခမ်းတို့အပါအဝင် ခွဲစိတ်မှုတွေအများအပြားပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *