လွန်ခဲ့သော နှစ်ပေါင်း၅၀၀၀ကျော်က ရေခဲလူသား မံမီ Otzi
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်က ရေခဲလူသား မံမီ Otzi
ဥရောပတိုက်က သြစတြီးယားနဲ့ အီတလီ နယ်စပ် အကြားက Hauslabjoch ဒေသ အနီးက Otztal Alps တောင်တန်းမှာ (၁၉၉၁) ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ Otzi the Iceman လို့ အမည်ပေးထားတဲ့ အမျိုးသားမံမီ ရုပ်အလောင်းဟာ ဥရောပရဲ့ သ ဘာဝအတိုင်း တွေ့ရတဲ့ သက်တမ်းအရင့်ဆုံး မံမီရုပ်အလောင်းလည်း ဖြစ်ပါတယ်။
မံမံရုပ်အလောင်း အများစုဟာ ပုပ်သိုးလွယ်တဲ့ အပိုင်းတွေကို ဖယ်ထုတ်ပြီး ဆေးစီရင်ထားတာဖြစ်ပေမယ့် Otzi ကတော့ အေးခဲလွန်းတဲ့ ရေခဲထုကြောင့် မပျက်မစီးပဲ ရှိနေရတာပါ။ Otzi က ရေခဲလူသားလို့ နာမည်နဲ့လိုက်အောင်ပဲ အမြင့်ပေ ၁၀၅၀၀ ဝန်းကျင်အ မြင့်တောင်တန်းနေရာက အေးခဲတဲ့ရေခဲထုအကြားမှာ ဘီစီ ၃၄၀၀ နဲ့ ၃၁၀၀ ကြားကာလ ကတည်းက သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ရုပ်အလောင်းဟာ မပျက်စီးပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။
လေ့လာချက်တွေ အရတော့ Otzi the Iceman ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀) ကနေ (၁၂၀၀၀) အကြားကာလကတည်းက ဘိုးဘေးအစဉ်အဆက် မျိုးနွယ်စုတစ်ခုမှဖြစ်ပြီး သူရဲ့ကိုယ်ခန္ဓာအနှံ့မှာလည်း အမှတ်အသားအခု (၅၀) လောက်ရှိတယ်လို့ သိရပါတယ်။
ခန္ဓာကိုယ်အပြင် အသုံးအဆောင် ပစ္စည်းတွေပါ ပျက်စီးသင့် သလောက် မပျက်စီးသေးပဲ ရှာဖွေတွေ့ရှိ ခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက်အနေနဲ့ ဝတ်မှုန်တွေနဲ့ ဆိတ်သားကိုစွဲမြဲစားသောက်ခဲ့သူဖြစ်တယ်လို့ အဖြေထွက်ခဲ့ပြီး သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပုံမှန်မဟုတ်တာကြောင့်လည်း Otzi the Iceman ဟာ အသက်ရှင်စဉ်က ရောဂါထူပျောသူ တစ်ဦးဖြစ်ရမယ်လို့ ခန့်မှန်းထား ကြပါတယ်။
ဘယ်ဘက် လက်မောင်းမှာတော့ မြှားတချောင်း စိုက်ဝင်နေပြီး အဲဒီနေရာတဝိုက်မှာ ပျက်စီးနေတာကြောင့် ဒီဒဏ်ရာနဲ့ပဲ သေဆုံးတယ်လို့ ယူဆကြပါတယ်။ Ötzi ဟာ အရပ်အမြင့် ၅ ပေ ၃ လက်မခန့်ရှိပြီး ကိုယ်အလေးချိန် ၁၁၀ ပေါင်ခန့်ရှိကာ အသက် ၄၅ နှစ်ခန့်မှာ သေဆုံးခဲ့တာ လို့ ပညာရှင်တွေက ခန့်မှန်းတွက်ချက် ထားပါတယ်။
Unicode … လွန်ခဲ့သော နစ်ပေါင်း ၅၀၀၀ ကျော်က ရေခဲလူသား မံမီ Otzi
ဥရောပတိုက်က သြစတြီးယားနဲ့ အီတလီ နယ်စပ် အကြားက Hauslabjoch ဒေသ အနီးက Otztal Alps တောင်တန်းမာ (၁၉၉၁) ခုနစ်မာ တွေ့ရခဲ့တဲ့ Otzi the Iceman လို့ အမည်ပေးထားတဲ့ အမျိုးသားမံမီ ရုပ်အလောင်းဟာ ဥရောပရဲ့ သ ဘာဝအတိုင်း တွေ့ရတဲ့ သက်တမ်းအရင့်ဆုံး မံမီရုပ်အလောင်းလည်း ဖြစ်ပါတယ်။
မံမံရုပ်အလောင်း အများစုဟာ ပုပ်သိုးလွယ်တဲ့ အပိုင်းတွေကို ဖယ်ထုတ်ပြီး ဆေးစီရင်ထားတာဖြစ်ပေမယ့် Otzi ကတော့ အေးခဲလွန်းတဲ့ ရေခဲထုကြောင့် မပျက်မစီးပဲ ရနေရတာပါ။ Otzi က ရေခဲလူသားလို့ နာမည်နဲ့လိုက်အောင်ပဲ အမြင့်ပေ ၁၀၅၀၀ ဝန်းကျင်အ မြင့်တောင်တန်းနေရာက အေးခဲတဲ့ရေခဲထုအကြားမာ ဘီစီ ၃၄၀၀ နဲ့ ၃၁၀၀ ကြားကာလ ကတည်းက သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ရုပ်အလောင်းဟာ မပျက်စီးပဲ ရနေခဲ့တာ ဖြစ်ပါတယ်။
လေ့လာချက်တွေ အရတော့ Otzi the Iceman ဟာ လွန်ခဲ့တဲ့နစ်ပေါင်း (၁၀၀၀၀) ကနေ (၁၂၀၀၀) အကြားကာလကတည်းက ဘိုးဘေးအစဉ်အဆက် မျိုးနွယ်စုတစ်ခုမဖြစ်ပြီး သူရဲ့ကိုယ်ခန္ဓာအနမာလည်း အမတ်အသားအခု (၅၀) လောက်ရတယ်လို့ သိရပါတယ်။
ခန္ဓာကိုယ်အပြင် အသုံးအဆောင် ပစ္စည်းတွေပါ ပျက်စီးသင့် သလောက် မပျက်စီးသေးပဲ ရဖွေတွေ့ရ ခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက်အနေနဲ့ ဝတ်မန်တွေနဲ့ ဆိတ်သားကိုစွဲမြဲစားသောက်ခဲ့သူဖြစ်တယ်လို့ အဖြေထွက်ခဲ့ပြီး သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပုံမန်မဟုတ်တာကြောင့်လည်း Otzi the Iceman ဟာ အသက်ရင်စဉ်က ရောဂါထူပျောသူ တစ်ဦးဖြစ်ရမယ်လို့ ခန့်မန်းထား ကြပါတယ်။
ဘယ်ဘက် လက်မောင်းမာတော့ မြားတချောင်း စိုက်ဝင်နေပြီး အဲဒီနေရာတဝိုက်မာ ပျက်စီးနေတာကြောင့် ဒီဒဏ်ရာနဲ့ပဲ သေဆုံးတယ်လို့ ယူဆကြပါတယ်။ Ötzi ဟာ အရပ်အမြင့် ၅ ပေ ၃ လက်မခန့်ရပြီး ကိုယ်အလေးချိန် ၁၁၀ ပေါင်ခန့်ရကာ အသက် ၄၅ နစ်ခန့်မာ သေဆုံးခဲ့တာ လို့ ပညာရင်တွေက ခန့်မန်းတွက်ချက် ထားပါတယ်။
(၂၀၀၁) ခုနစ်မာတော့ သိပ္ပံပညာရင်တွေ ဘက်က Otzi the Iceman ရဲ့ ကိုယ်အတွင်းက သွေးနီဥဆဲတွေကို အောင်မြင်စွာထုတ်ယူနိုင် ခဲ့ကြပါတယ်။ လက်ရအချိန်မာတော့ သူ့ရဲ့ မံမီကို အီတလီ Bolzano မြို့က သုတေသန ပြတိုက်မာ ပြသ ထားပါတယ်။ အဲဒီအချိန်က ရခဲ့တဲ့ သူ့ရဲ့ ပုံပန်းသွင်ပြင်ကိုလည်း 3D နည်းပညာနဲ့ ဖော်ထုတ်ပြသ ထားပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ် ; သုတဇုန်
Add a Comment
Your email address will not be published. Required fields are marked *