ပျံတက်ခါနီး လေယာဉ်တောင်ပံပေါ် တက်သူကို ရဲခေါ်ဖမ်းဆီးခဲ့ရ

ပျံတက်ခါနီး လေယာဉ်တောင်ပံပေါ် တက်သူကို ရဲခေါ်ဖမ်းဆီးခဲ့ရ

အမေရိကန်နိုင်ငံ လပ်စ်ဗေးဂတ်မြို့မှာ ပျံတက်ခါနီး Alaska လေကြောင်းပိုင် လေယာဉ်ရဲ့ တောင်ပံပေါ်ကို တက်တဲ့ လူတယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ စနေနေ့မှာ McCarran နိုင်ငံတကာ လေဆိပ်ကနေ Portland ကို ပျံသန်းမဲ့ လေယာဉ် ပျံတက်ဖို့ ပြင်ဆင်နေတုန်း လူတဦး လေယာဉ်ဆီ ချဉ်းကပ်တာကို မြင်လိုက်တဲ့ လေယာဉ်မှူးက ထိန်းချုပ်မျှော်စင်ကို အကြောင်းကြား လိုက်ပါတယ်။

အဲဒီနောက် လေယာဉ် တောင်ပံပေါ် တက်တဲ့လူကို ရဲနဲ့လေဆိပ် ဝန်ထမ်းတွေက ဖမ်းဆီး လိုက်တာပါ။ ကျူးလွန်သူဟာ လေဆိပ်ခြံစည်းရိုးကို ကျော်ဝင်လာတာကို တွေ့တဲ့ လေဆိပ်ဝန်ထမ်းက သက်ဆိုင်ရာကို မွန်းလွဲ တနာရီခွဲကျော်မှာ သတင်းပို့ ခဲ့ပါတယ်။

ခရီးသည်တဦးရဲ့ ဗီဒီယို မှတ်တမ်းအရ ဒီလူဟာ ဘိုးအင် ၇၃၇ လေယာဉ်တောင်ပံပေါ် ထိုင်တာ ၊ လမ်းလျှောက် တာကို မြင်ရပါတယ်။ ဒီနောက် ဖိနပ်နဲ့ ခြေအိတ်ကို ချွတ်လိုက်ပြီး တောင်ပံအစွန်ဖျားကို သွားဖို့ပြင်နေတုန်း ရဲတွေက သူ့နား ချဉ်းကပ် လိုက်ချိန်မှာ တောင်ပံပေါ်ကနေ လျှောချလိုက်လို့ လေယာဉ်ကွင်း ကတ္တရာ လမ်းပေါ် ပြုတ်ကျသွားပါတယ်။

ဒီလူကို ရဲတွေက ထိန်းသိမ်းလိုက်ပြီး ဆေးကုဖို့ ခေါ်သွားပါတယ်။ လေယာဉ်ကတော့ စစ်ဆေးဖို့ ဂိတ်ကို ပြန်သွားရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မွန်းလွဲ ၁၂ နာရီခွဲ မှာ ထွက်ရမဲ့ လေယာဉ်ဟာ ညနေ ၄ နာရီ ၄၈ မိနစ်ကျမှ ထွက်ခွာခဲ့ရပါတယ်။ Source; CNN / One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *