ကိုဗစ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ အသက် ၁၀၄ နှစ် အရွယ် စပိန်အဖွားအို
ကိုဗစ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ အသက် ၁၀၄ နှစ်အရွယ် စပိန်အဖွားအို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ဆေးရုံတင်ထားရတဲ့ အသက် ၁၀၄ နှစ်ရှိ စပိန်အဖွားအိုဟာ ပြန်သက်သာလာလို့ ဒီနေ့ ဆေးရုံဆေးခွင့်ရပါတယ်။ အသက်အကြီးဆုံး လူနာရဲ့ အမည်က အယ်လီနာဖြစ်ပြီး သူဆေးရုံက ဆင်းချိန်မှာ သူ့ကိုဆေးကုသပေးတဲ့ မက်ဒရစ်ရှိ ဂရီဂိုရီယို-မာရာနွန်ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံ အကူ ဝန်ထမ်းတွေက လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။
သူမဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း အဆုတ်ရောင်ရောဂါခံစားရတယ်လို့ ဆေးကုသပေးတဲ့ ဆရာဝန်က ပြောပါတယ်။ အယ်လီနာဟာ မက်ဒရစ်ဆေးရုံမှာ သီတင်း ၂-ပတ်ကြာ တက်ခဲ့ရပြီး၊ ပြန်သက်သာ လာလို့ ဆေးရုံ ဆင်းခွင့်ရသူ ၄,၁၄၉ ဦးမြောက် ဖြစ်တယ်လို့ ဆိုပါတယ်။
Unicode … ကိုဗစ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ အသက် ၁၀၄ နစ် အရြယ္ စပိန်အဖွားအို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ဆေးရုံတင်ထားရတဲ့ အသက် ၁၀၄ နစ်ရ စပိန်အဖွားအိုဟာ ပြန်သက်သာလာလို့ ဒီနေ့ ဆေးရုံဆေးခွင့်ရပါတယ်။ အသက်အကြီးဆုံး လူနာရဲ့ အမည်က အယ်လီနာဖြစ်ပြီး သူဆေးရုံက ဆင်းချိန်မာ သူ့ကိုဆေးကုသပေးတဲ့ မက်ဒရစ်ရ ဂရီဂိုရီယို-မာရာနွန်ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံ အကူ ဝန်ထမ်းတွေက လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။
သူမဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း အဆုတ်ရောင္ေရာဂါဂါခံစားရတယ်လို့ ဆေးကုသပေးတဲ့ ဆရာဝန်က ပြောပါတယ်။ အယ်လီနာဟာ မက်ဒရစ်ဆေးရုံမာ သီတင်း ၂-ပတ်ကြာ တက်ခဲ့ရပြီး၊ ပြန်သက်သာ လာလို့ ဆေးရုံ ဆင်းခွင့်ရသူ ၄,၁၄၉ ဦးမြောက် ဖြစ်တယ်လို့ ဆိုပါတယ်။
” အားလုံး ကျန်းမာရေး ကောင်းကြပါစေ၊ မကြာခင်မာအရာအားလုံး ကောင်းသွားဖို့ မျာ်လင့်ပါတယ် ” ဆိုပြီး အဖွားအိုက ဆုတောင်းပေးခဲ့ပါတယ်။Worldometer စာရင်းအရ လူဦးရေ ၄၇ သန်းနီးပါးရတဲ့ စပိန်နိုင်ငံမာ ဒီနေ့ တရက်တည်း ဗိုင်းရပ်စ်ကူးစက်သူ (+9,452) ဦးရပြီး သေဆုံးသူက (+388) ဦးရပါတယ်။ အားလုံးပေါင်းဆိုရင် ဗိုင်းရပ်စ်ကူးသူ တသန်းကျော် (1,771,488) ရနေပြီး သေဆုံးသူ လေးသောင်းကျော် (48,401) ရနေပြီဖြစ်ပါတယ်။ ။Source ; One News Myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *