ကာကွယ်ဆေးကို အောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့ ဆရာဝန်လင်မယား တစ်နှစ်တာ အကောင်းဆုံးလူသားဆုရရှိ

ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့ ဆရာဝန်လင်မယား တစ်နှစ်တာ အကောင်းဆုံးလူသားဆုရရှိ

ကမ္ဘာ့စီးပွားရေး သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ Financial Times က သူတို့ရဲ့ တစ်နှစ်တာ အကောင်းဆုံးလူသားဆု (People Of The Year) ကို ကိုဗစ်ကာကွယ်ဆေး စထုတ်လုပ်နိုင်ခဲ့တဲ့ တူရကီ-ဂျာမနီ လင်မယားစုံတွဲကို ပေးအပ်လိုက်တယ်လို့ ဒီဇင်ဘာလ (၁၆) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တူရကီကနေ ဂျာမနီကို ရွှေ့ပြောင်း ခိုလှုံလာတဲ့ ဒေါက်တာ ယူဂါဆာဟင်နဲ့ အိုဇလမ်တာရီစီတို့ဟာ အမေရိကန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Pfizer က ခေါင်းဆောင် ဆေးသုတေသန ပညာရှင်တွေပါ။

သူတို့ထုတ်လိုက်တဲ့ Pfizer-BioNtech ကိုဗစ် ကာကွယ်ဆေးကို အင်္ဂလန်က ပထမဆုံးတရားဝင် ကိုဗစ်ကာကွယ်ဆေးအဖြစ် အတည်ပြုပြီး ဆေးထိုးပေးနေတာ ပထမ တစ်ပတ်ထဲမှာတင် လူတစ်သိန်းလေးသောင်းနီးပါးရှိနေပါပြီ။

အမေရိကန်ကလည်း အဲဒီဆေးကိုပဲ အရေးပေါ် ကိုဗစ် ကာကွယ်ဆေးအဖြစ် ဒီရက်ပိုင်းထဲ အသိအမှတ်ပြုခဲ့ပြီး အလုံးအရင်း တင်သွင်းနေသလို ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေကလည်း အဲဒီဆေးကိုသုံးဖို့ လက်ခံ အတည်ပြုထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေက ဒီဆေးကို ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အဖြစ်သုံးဖို့ အတည်ပြုလိုက်တာကြောင့် အဲဒီဆရာဝန် ဇနီးမောင်နှံကို သိပ္ပံ နည်းပညာနဲ့ စီးပွားရေး အောင်မြင်မှုကြီးအတွက် Financial Times က People Of The Year အဖြစ် ဂုဏ်ပြုခဲ့တာပါ။

ဇွန်လနောက်ပိုင်းကစလို့ Pfizer ဆေးဟာ ကာကွယ်ဆေးဖြစ်ဖို့ အလား အလာ အကောင်းဆုံးလို့ သတင်းထွက်ပြီးကတည်းက ကုမ္ပဏီရှယ်ယာတွေထိုးတက်လာခဲ့ပြီး နိုဝင်ဘာလထဲမှာတော့ အဲဒီဇနီးမောင်နှံဟာ ကမ္ဘာ အချမ်းသာဆုံး ဘီလီယံနာ (၅၀၀) စာရင်း ဝင်သွားခဲ့ပါတယ်။

ဗြိတိန်နဲ့ အမေရိကန်က ဆေးကိုအတည်ပြုမှာယူခဲ့ချိန်မှာတော့ သူတို့ဟာ ထိပ်တန်း ဘီလီယံနာ စာရင်းဝင်တွေ ဖြစ်လာပြီး ကြွယ်ဝမှု ဒေါ်လာ (၅.၂) ဘီလီယံအထိ ချမ်းသာလာခဲ့တယ်လို့ Bloomberg သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။Source ; O Media

Add a Comment

Your email address will not be published. Required fields are marked *