လေယဉ်ဖြင့်ဝေဟင်မှ ရှုခင်းကြည့်ခရီးစဉ်အား ဒီဇင်ဘာ ၂၀ ရက်တွင် စတင်မည်
|လေယဉ်ဖြင့်ဝေဟင်မှ ရှုခင်းကြည့် ခရီးစဉ်အား ဒီဇင်ဘာ ၂၀ ရက်တွင် စတင်မည်
ပထမဆုံး ရှုခင်းကြည့် လေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပျံသန်းပြေးဆွဲမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၉ နာရီ တွင် ထွက်ခွာမည့် ရှုခင်းကြည့် လေယာဉ်ခရီးစဉ်သည် ကျိုက်ထီးရိုး စေတီရှုခင်းနှင့် ဘားအံမြို့အလှရှုခင်းကို လိုက်လံပြသမည်ဖြစ်ကာ တစ်နာ ရီခွဲခန့် ကြာမည် ဖြစ်သည်။
မြန်မာအမျိုးသားလေ ကြောင်းလိုင်းပိုင် ATR 72 အမျိုး အစားလေယာဉ်ဖြင့် ရှုခင်းကြည့် ခရီးစဉ်ကို စီစဉ်ထားခြင်းဖြစ် သည်။ အဆိုပါ လေယာဉ်သည် လုံခြုံမှုရှိသည့် အနိမ့်ဆုံး အမြင့်ပေသို့ ဆင်းသက်ကာ ရှုခင်း ကောင်းစွာ ကြည့်နိုင်ရန်အတွက် အနှေးပျံမည်ဟုလည်း သိရသည်။
ယင်းခရီးစဉ်ကို လိုက်ပါမည့် ခရီးသည်များသည် မိမိ စရိတ်ဖြင့် ကိုဗစ်ကင်းရှင်းကြောင်း ဆေး စစ်ချက် ရယူရမည် ဖြစ်သည်။ လေယာဉ် လက်မှတ်ခသည် ပြတင်းပေါက်နှင့် နီးသည့်ထိုင်ခုံအတွက် ကျပ်ကိုးသောင်းကျသင့်ပြီး လျှောက်လမ်းဘေးထိုင်ခုံအတွက် ကျပ်ခြောက်သောင်း ကျသင့်မည်ဖြစ်သည်။ လက်မှတ် အရေအတွက်ကတော့ ၅၀ ကျော် ရောင်းချမည်ဖြစ်သည်။
COVID-19 ကပ်ရောဂါကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်းသည် လုံးဝနီးပါးရပ်ဆိုင်းခဲ့ရပြီး ခရီးသွားလုပ်ငန်း ပြန်လည် စတင် နိုင်ရေးအတွက် ကနဦးကြိုးပမ်းမှု အဖြစ် အပျော်စီး လေယာဉ်ခရီးစဉ်၊ မြစ်တွင်းသင်္ဘောခရီးစဉ်၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးစဉ်တို့ကို ဒီဇင်ဘာလအတွင်း စီစဉ်ရန် လျာထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Soutce ; Popolay