အားထပ်သွင်းရန် လုံးဝမလိုသည့် ကမ္ဘာ့ပထမဆုံးလျှပ်စစ်ကား ၂၄ နာရီအတွင်း ရာင်းကုန်သွားခဲ့

အားထပ်သွင်းရန် လုံးဝမလိုသည့် ကမ္ဘာ့ပထမဆုံးလျှပ်စစ်ကား ၂၄ နာရီအတွင်း ရာင်းကုန်သွားခဲ့

အားထပ်သွင်းစရာ လုံးဝမလိုတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ကားကို ၂၄ နာရီအတွင်း ရောင်းကုန် သွားခဲ့တယ်လို့ သိရပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီ Aptera က နေရောင်ခြည်စွမ်းအင်သုံး မော်တာတပ်ဆင်ထားတဲ့ကားကို ဒေါ်လာ ၂၆၀၀၀ နဲ့ရောင်းချပေးနေပြီး အဆိုပါ သုံးဘီးလျှပ်စစ်ကားဟာ တစ်နှစ်ကို မိုင်ပေါင်း ၁၁၀၀၀ ကျော် အကွာအဝေးကို သွားနိုင်ပါတယ်။

Paradigm နဲ့ Paradigm+ limited edition ကားကြိုတင်မှာယူမှု အားလုံးက ၂၄ နာရီအတွင်း ရောင်းထွက် သွားခဲ့တာဖြစ်ပြီးတော့ ဝယ်ယူသူတွေက မိမိတို့ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

လုံးဝအားသွင်းစ ရာမလိုတဲ့ ကားဖြစ်ပေမယ့် အားနည်းချက်အနေနဲ့ ကားမှာတပ်ဆင်ထားတဲ့ ဆိုလာပြားတွေက တစ်ရက်ကို မိုင်ပေါင်း ၄၀ စာ သွားနိုင် လောက်တဲ့ စွမ်းအင်ကိုသာ စုပ်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် နေချစ်ချစ် တောက်ပူတဲ့ ရာသီဥတု မျိုးရှိမှသာ ဒီစွမ်းအင်ကို အပြည့်အဝ စုပ်ယူပေးမှာ ဖြစ်ပါတယ် ။

ကုမ္ပဏီ တည်ထောင်သူ Steve Fambro ကတော့ တစ်နေ့ကို မိုင် ၄၀ ပမာဏဟာ သာမန်နေ့စဉ် သွားလာနေကျ သူတွေအတွက် လုံလောက်တဲ့ ပမာဏဖြစ်ပြီးတော့ အလုပ်သွားတဲ့ အချိန်မှာ နေပူထဲမှာ ကားပါကင်ထိုးထားခဲ့ရုံနဲ့ ကားကိုနေ့စဉ်ရက်ဆက် အသုံးပြုနေလို့ ရတယ်လို့ဆိုပါတယ်။

နေရောင်ခြည် စုပ်ယူမှုမလုံ လောက်ဘူးဆိုရင်တောင် သီးခြား အားသွင်းနိုင်အောင် ထည့်သွင်းလုပ်ဆောင်ပေး ထားတယ်လို့ သိရပါတယ်။ Crd ; Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *