မိခင်ဖြစ်သူမှာကိုဗစ်ဖြင့် ဆုံးပါးသွားခဲ့ပေမဲ့ စိတ်ဓါတ်မကျ အိမ်မပြန်ပဲ ဘဝတူကိုဗစ်လူနာတွေကို ပြုစုပေးနေတဲ့ ဂုဏ်ပြုထိုက်တဲ့ ပန်းရောင်ဆရာမလေး

မိခင်ဖြစ်သူမှာကိုဗစ်ဖြင့် ဆုံးပါးသွားခဲ့ပေမဲ့ စိတ်ဓါတ်မကျ အိမ်မပြန်ပဲ ဘဝတူကိုဗစ်လူနာတွေကို ပြုစုပေးနေတဲ့ ဂုဏ်ပြုထိုက်တဲ့ ပန်းရောင်ဆရာမလေး

ပိုးကူးစက်ခံရသဖြင့် မိခင်ဖြစ်သူနှင့်အတူ ပဲခူး (ကလိ) ဆေးရုံကို ဗစ်ကုသ ဆောင်တွင် အတည်ပြုလူနာအဖြစ် ဆေးကုသမှုခံယူနေရာမှVolunteer အဖြစ်ယင်းဆေးရုံတွင် အသက်ကြီးသူများအား ပြုစုပေးနေသူ အိမိုးထွေးအား We Love Bago Founder ဦးတင်စိုးမှ ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကို ယနေ့ (၁၉.၁၂.၂၀၂၀) မှာ ဂုဏ်ပြုပေးအပ်သည်။

ဇိုင်းဂနိုင်ကြီး ကျေးရွာနေ မအိမိုးထွေးသည် လွန်ခဲ့သည့် တစ်လ အကြာက ပိုးကူးစက်ခံရပြီး မိခင်နှင့် ကလိဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ မိခင်ဖြစ်သူ ယင်းဆေးရုံတွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး နောက်ပိုင်းတွင် စိတ်ဓာတ်မကျ အိမ်မပြန်ပဲ ဆေးရုံတွင်ဘဝတူ ကိုဗစ်လူနာများအား Volunteer အနေဖြင့် ပြုစုပေးနေခြင်း ဖြစ်သည်။

မိခင်ကွယ်လွန်သွားတော့ အိမိုးထွေးက ဆေးရုံမှာ ဆက်လက် ကုသမှုခံယူပြီး သူကိုယ်တိုင် ကုသမှု ခံယူရင်း ဘဝတူကိုဗစ်လူနာများကို ကုသမှု စင်တာက ဆရာ ဆရာမများ လမ်းညွှန်မှုအတိုင်း ဝိုင်းဝန်းပြုစု ပေးနေတဲ့အတွက် လူနာများကြားမှာ ပန်းရောင်ဆရာမလေးဟု ဂုဏ်သတင်းကျော်ဇော နေသူဖြစ်တယ်ဟု ကလိဆေးရုံ တာဝန်ခံက ပြောကြားသည်။

အိမိုးထွေးရဲ့ အဓိက ဂုဏ်ယူစရာ စွမ်းဆောင်ချက်ကတော့ ဈေးပိုင်း (၁၈) လမ်းမက အဖွားအရွယ် အဖွားသန်းအား ပြုစုစောင့်ရှောက်မှုလိုအပ်နေတဲ့အချိန်မှာ မိခင်ရင်းလို ပြုစုစောင့်ရှောက်မှုပေးတဲ့အတွက် အဖွားသန်းက ကိုဗစ် ရောဂါဆိုးကို အနိုင်ယူနှိုင်ခဲ့တယ်ဟု ပဲခူးမြို့နယ် ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဦးကိုနိုင်က ပြောကြားသည်။

ဒီနေ့တော့သူ့ရဲ့လှုမှုဝန်ထမ်းစိတ်ဓာတ်ကိုလေးစားလို့ We Love Bago Founder ဦးတင်စိုးက ကျပ်ဆယ်သိန်းတန်ဆွဲကြိုးတကုံးနှင့်We Love Bago charity organization ဂုဏ်ပြုလွှာ တစ်စောင်ပေးအပ်ကာ ဂုဏ်ပြုချီးမြှင့်တာဟု ဦးကိုနိုင်က ပြောကြားသည်။ မအိမိုးထွေးသည် ကလိဆေးရုံတွင် စေတနာဝန်ထမ်းဘဝဖြစ် ဘဝတူကိုဗစ်လူနာများအားဆက်လက်ပြုစုပေးလျှက်ရှိသည်။ Soutce ; Love Bago

Add a Comment

Your email address will not be published. Required fields are marked *