လူပေါင်း ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်နေတဲ့ အမေရိကန်က အငြိမ်းစား စာပို့သမားကြီး

လူပေါင်း ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်နေတဲ့ အမေရိကန်က အငြိမ်းစား စာပို့သမားကြီး

အမေရိကန် ပြည်ထောင်စု၊ တန်းနက်ဆီးပြည်နယ် (Tennessee) က အသက် ၈၇ နှစ်အရွယ် အငြိမ်းစား စာပို့သမားကြီးတစ်ဦးဟာ အဆိုပါဒေသက ကလေးဦးရေ ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်တယ်လို့ ၁၅ နှစ်ကြာ စုံစမ်းမှုနဲ့ DNA စစ်ဆေးချက်တွေအရ သိရှိခဲ့ရပါတယ်။

အဖြစ်အပျက်က ဒီလိုပါ ။ ၂၀၀၁ ခုနစ်မှာ စူးစမ်းလေ့လာသူ သုတေသီတစ်ဦးဖြစ်သလို အလွတ်စုံထောက်တစ်ဦးလည်းဖြစ်တဲ့ ဆစ်ဒ်ရွိုင်း(Sid Roy) ထံကို လူနှစ်ယောက် ရှေ့ဆင့်၊ နောက်ဆင့်ဆိုသလို ရောက်လာခဲ့ပြီး သူတို့ ရဲ့ ဖခင်အရင်းကို ရှာဖွေဖော်ထုတ်ပေးဖို့ ဆစ်ဒ်ဆီမှာ ကိုယ်စီကိုယ်ငှ အလုပ်အပ် သွားခဲ့ကြပါတယ်။ ဆစ်ဒ်ရဲ့ စုံစမ်းဖော်ထုတ်မှု အပြီးမှာတော့သူတို့နှစ်ယောက်လုံးရဲ့ ဖခင်အရင်းကတစ်ဦးတည်း ဖြစ်နေတာကို သွားတွေ့ခဲ့ပါတယ်။

ဆစ်ဒ်အတွက် အံ့အားသင့်ရုံ အဆင့်ကနေ နောက်ထပ် အမှန်တရားတွေကိုပါ တစ်ကိုယ်တည်း ကြိတ်ပြီးဖော်ထုတ်လိုတဲ့ အဆင့်ကို ရောက်သွားပြီး တန်းနက်ဆီးပြည်နယ်က ကလေး ၁၃၀၀ကျော်ရဲ့ ဖခင်က တစ်ဦးတည်းသာဖြစ်နေေ ကြောင်း အဖြေရလဒ်ဟာ သူရဲ့ ၁၅ နှစ်ကျော်ကြာ သုတေသနခရီးမှာDNA စစ်ဆေးချက်၊ သက်သေ သာဓကတွေနဲ့ ခိုင်ခိုင် မာမာကြီး ပေါ်ထွက်လာခဲ့တပါ။ ကလေးတွေရဲ့ ဖခင်အရင်းဖြစ်တဲ့ အငြိမ်းစား စာပို့သမားကြီးကလည်း ဝန်ခံသွားခဲ့သလို အင်တာဗျူးမှာ အခုလိုဖြေခဲ့ပါတယ်။

” ဟိုဘက်ခေတ်တုန်းက သန္ဓေတားတယ် ဆိုတာမျိုး ခေတ်မစားသေးတော့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေလို့ပဲ မှတ်ယူနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ကျွန်တော့်သိက္ခာအတွက် အရှက်ရစရာ မရှိပါဘူး။ ငယ်ငယ် တုန်းက ၁၉၆၀ ကာလတွေပေါ့။ ကျွန်တော်က ဂျွန်နီကတ်ရှ်နဲ့ တစ်ထေရာထည်းနီးပါးတူတယ်။ ဆိုတော့ ကောင်မလေးတွေ ကျွန်တော့်ကိုသိပ်ကြွေကြတယ်။

တချို့ဆို ဂျွန်နီကတ်ရှ်လို့ကို တကယ် အောက်မေ့ကြတာနော်။ ကျွန်တော်က တော်တော်လေး စွံခဲ့တယ်ပြောရမယ်။ အခွင့်အရေးတွေ အများကြီးရခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်လည်း ပုထုဇဉ် လူသားပဲလေ။ အခွင့်အရေးတွေ ပေးလာမှ တော့ ဘယ်ငြင်းနိုင်မှာလဲဗျ ” လို့ စာပို့သမားဟောင်းကြီးက ဝန်ခံခဲ့ပါတယ်။

ဆစ်ဒ်ရွိုင်းရဲ့ သုတေသနရလဒ်အရ စာပို့သမားကြီးရဲ့ ဇာတ်လမ်းမှာနောက်ထပ် ကလေးပေါင်းမြောက်များစွာ ရှိသေးကြောင်း သိသာထင်ရှားနေတယ်လို့ ဆိုပါတယ်။ အရေအတွက်အရ ရာနဲ့ချီသလား၊ ထောင်နဲ့ချီသလား ဆိုတာတော့ တိတိ ကျကျ မပြောသွားခဲ့ပါဘူး။

နောက်ပြီး ဖခင်အရင်းကိုအစစ် အမှန်အတိုင်း သိရှိသွားကြတဲ့ သားသမီးတွေကလည်း ဒီအမှန်တရားရဲ့ အသေးစိတ် အချက် အလက်တွေသာ ပေါက်ကြားသွားခဲ့ရင် မိသားစု တော်တော်များများ ပြိုကွဲသွားဖို့ရှိတာကို နားလည်ကြပါတယ်။ ဒါကြောင့် ဖခင်အရင်းကို သိရှိခွင့်ရတဲ့ လက်ရှိအခြေအနေနဲ့သာ ကျေနပ်ကြပြီး အဘိုးအိုအပေါ် အပြစ်မမြင်ကြတာကြောင့် အမှုအခင်းနဲ့ တရားစွဲဆိုမှုတွေလည်း ဖြစ်လာဖို့မရှိဘူးလို့ သူကဆိုပါတယ်။ Crd ; yoyarlay

Add a Comment

Your email address will not be published. Required fields are marked *