ဂဏန်းလိုလူ နဲ့ ပုရွက်ဆိတ်လိုလူ … သင်ဘယ်လိုလူမျိုးလဲ

ဂဏန်းလိုလူ နဲ့ ပုရွက်ဆိတ်လိုလူ … သင်ဘယ်လိုလူမျိုးလဲ

အဘိုးအိုတစ်ယောက်ဟာ ကမ်းခြေမှာ ပလိုင်းနဲ့ဂဏန်း ကောက်နေတယ်။ ဂဏန်းထည့်တဲ့ ပလိုင်းကို အဖုံးမဖုံးထားဘူးတဲ့ ။ ဒါကိုခလေးတစ်ယောက်ကတွေ့ပြီး အဘိုးကို သွားမေးတယ်။ အဖိုးဘာလို့ ပလိုင်းကိုအဖုံး မဖုံးထားတာလဲ ဂဏန်းတွေ ထွက်ကုန်မှာပေါ့လို့ ပြောလိုက်တယ်။

ဒါနဲ့အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ” တစ်ကောင်တည်း ဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို ဆွဲချနေတာ ဘယ်သူ မှထွက်နိုင်မှာ မဟုတ်ပါဘူးလို့ ပြန်ဖြေတယ်တဲ့” ဒါဟာ Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။

ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင် အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်တက်ပြီဆိုရင် ဆွဲချလေ့ရှိပြီး ဘယ်သူမှဘဖွင့်ထားတဲ့အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။

ကျနော်တို့သိထားတာက ဂဏန်းဆိုတာ ဘေးတိုက်သွားတာ လောက်ပါ ။ ဒီအကြောင်းလေး သိလိုက်မှအခုလို ကိုယ်လွတ်ဖို့ ကြိုးစားတာတောင် တစ်ခြား ကောင်က ဆွဲချတတ်တာ သိရပါတယ်။

တခါတေလ ကိုယ့်ပတ်ဝန်းကျင်မှာ ဂဏန်း နဲ့တူတဲ့ လူမျိုးတွေ တွေ့ရတတ်တယ်။ အဲ့လိုလူတွေက မိမိကိုယ် အောင်မြင်အောင် မကြိုးစားနိုင်သလို၊ သူတစ်ပါး အောင်မြင်တာကိုလည်း မလိုလားပါဘူး။ တခါတေလ ကိုယ့်ပတ်ဝန်းကျင်ကြီး တစ်ခုလုံးက ဂဏန်းတွေနေတဲ့ ပတ်ဝန်းကျင်လို ဖြစ်နေတတ်တယ်။

ဒါနဲ့ဆန့်ကျင်ဘက်ကပုရွက်ဆိတ်တွေပါ။စိတ်ဝင်စားစရာ Documentary လေးတစ်ခု ကြည့်လိုက်ရတယ်။ အမေဇုန်တောထဲမှာ ရေတွေကြီးတော့ ကျန်တဲ့ တိရိစ္ဆာန်တွေပါအပြင် ပုရွက်ဆိတ်ပါ ဒုက္ခရောက်တာပေါ့။ တောကြီး တစ်ခုလုံးရေတွေ ပြည့်နေတော့ ပုရွက်ဆိတ်တွေလည်း ဘယ်မှ မသွားနိုင်ဘူးတဲ့။

အဲဒါနဲ့ ပုရွက်ဆိတ်တွေက တစ်ကောင်နဲ့ တစ်ကောင် ချိတ်ဆက်လိုက်ပြီး ရေပေါ်ပေါ်နေတဲ့ ပုရွက်ဆိတ်အုံကြီး လုပ်လိုက်တယ်တဲ့။ ပြီးတော့ချိတ်ဆက်တဲ့ ကောင်က ချိတ်ဆက် ရေကူးတဲ့ကောင်ကကူးပြီး ညီညီညွတ်ညွတ်နဲ့ ကမ်းခြေ တစ်နေရာကို ရောက်အောင် သွားနိုင်ခဲ့တယ်။ တစ်ကောင်ထဲနဲ့ မလုပ်နိုင်တဲ့ကိစ္စကို အများစုပေါင်းပြီး ညီညီညွတ်ညွတ် လုပ်နိုင်တဲ့ သာဓကပါ။

နောက်ပြီး ပုရွက်ဆိတ်ဆိုတာ စည်းကမ်းရှိတယ်။ တစ်ကောင်နဲ့ တစ်ကောင်ညီညီ ညွတ်ညွတ်နဲ့ အလုပ်တွေကို အတူတကြ လုပ်ဆောင် တတ်ကြပါတယ် ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဂဏန်းနဲ့တူတဲ့ လူတွေရှိလား။ အဲလို လူမျိုးရှိရင် သတိထား ပေါင်းသင်းဖို့လိုပါ တယ်။

ဒါမှမဟုတ် ဂဏန်းတွေရဲ့ ပတ်ဝန်းကျင်နဲ့ကြားထဲ ကိုယ်ရောက်နေလား ကြည့်ဖို့လိုပါတယ်။ ဂဏန်းလိုလူက ရှေ့ကလည်းဦးမဆောင်ဘူး နောက်ကလည်းမလိုက်ဘူး။ နေရာတကာ ကန့်လန့်ကန့်လန့်နဲ့ ဘေးတိုက်သွားသလို ကိုယ်တိုးတက်ဖို့ ကြိုးစားရင်လည်း ကိုယ့်ကို ဆွဲချကြမှာပါ။

အကယ်၍အဲ့လို ပတ်ဝန်းကျင်မျိုး ရောက်နေခဲ့ရင်လည်း ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်လို အလုပ်ကြိုးစားတဲ့ သူမျိုးအများနဲ့ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ သူမျိုး ဖြစ်အောင်ကြိုးစားပါ။ ပြီးရင် ပုရွက်ဆိတ်တွေနဲ့တူတဲ့ ပတ်ဝန်းကျင်လိုမျိုး တစ်ယောက်နဲ့တစ်ယောက် စည်းလုံးတဲ့ အချင်းချင်း ရိုင်းပင်း ကူညီတဲ့ ပတ်ဝန်းကျင်ကို ရောက်အောင်သွားသင့်ပါတယ် ။ ဒါမှသာ ကိုယ့်ရည်မှန်းချက်ကို အဆင်ပြေစွာ ရောက်နိုင်မှာပါ။ Crd ; စိတ်အာဟာရရသစာများ

Add a Comment

Your email address will not be published. Required fields are marked *