ဖေ့စ်ဘွတ်သုံးနေတဲ့ ညီလေးညီမလေး အကို အမတွေကို ” FB သုံးရင် ဒါတွေကိုသတိထားပြီး ရှောင်စေချင်ပါတယ်”

ဖေ့စ်ဘွတ်သုံးနေတဲ့ ညီလေး ညီမလေး အကို အမတွေကို ” FB သုံးရင်ဒါတွေကို သတိထားပြီး ရှောင်စေချင်ပါတယ်”

(၁) ပုံတွေခဏခဏ မတင်ပါနဲ့ ။

ပုံတွေခဏခဏ တင်ရင်လူတစ်ချို့က ကိုယ့်ကိုတစ်မျိုးမြင်လာနိုင်ပြီး မလိုလားအပ်တဲ့ လူမှုရေး ပြဿနာတွေ ကြုံလာတတ်ပါတယ်။

(၂) အပျော်သဘောနဲ့ အဓိပ္ပါယ်မဲ့ status တွေသိပ် မတင်ပါနဲ့ ။

Facebook ဆိုတာ များသောအားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် မြင်ဖူးနေတာမျိုး မဟုတ်ဘဲ ခင်မင်နေခြင်းဖြစ်၍ လူတွေရဲ့စိတ်ကို ကိုယ်တင်တဲ့ ပို့စ်တွေကြည့်ပြီး တန်ဖိုးသတ်မှတ် နေကြတာဖြစ်လို့ သတိထား စေချင်ပါတယ်။

(၃) ကိုယ်ရေးတဲ့ comments တွေကို သတိထားပါ ။

လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ တစ်ခါ တစ်ခါမှာ ပညာအရည်အချင်း ၊ ချောမောလှပမှု ရာထူးစည်းစိမ်တွေ မဟုတ်ဘဲ နုတ်ထွက် စကားဖြစ်နေတတ်တယ်။ ကိုယ်က စနှောက်ချင်လို့ပဲဖြစ်ဖြစ် အဆဲပါမှ ပြောတတ်တဲ့ အကျင့်ပဲဖြစ်ဖြစ် အခြားသူတွေက ကိုယ့်ကို အထင်သေး သွားတတ်ပါတယ်။

(၄) ကိုယ့်စိတ်ခံစားချက်တွေကို ကလေးဆန်ဆန် ခဏခဏ postတင်တာ သတိထားပါ။

ယောက်ျားလေး တစ်ယောက်က သူရေးချင်တာရေးတာ ကိစ္စမရှိပေမယ့် မိန်းကလေး တစ်ယောက်အနေနဲ့တော့ ဟိုလူနဲ့ ကွဲပြန်ပြီ ၊ ဒီလူနဲ့ ပြတ်ပြန်ပြီ ဘယ်လို နားလည်ရမှန်းမသိအောင် အထင်လွှဲခံရတတ်ပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ မှားသွားနိုင်ပါတယ် သတိထားစေချင်ပါတယ်။

(၅) မလိုအပ်ဘဲ Tag တွဲတင်ခြင်း မပြုစေချင်ပါ ။

Post တစ်ခုကို Tag တွဲတင်တယ်ဆိုတာ များသောအားဖြင့် ကိုယ့်အကောင့် အချင်းချင်း ကိုယ့်အရမ်းချစ်ခင်ရတဲ့ မိသားစု အချင်းချင်း ၊ယောက်ျားလေးချင်း ၊ မိန်းကလေးချင်း တင်တာပြဿနာ မရှိပေမယ့် ကျား/မ နှစ်ယောက်တည်း Tag မိရင် ဘာလိုလို ညာလိုလို အထင်ခံရတတ်ပါတယ် ။ အထင်ခံနိုင်တယ် ထားအုံး ယောက်ျားလေးက ဘာမှမဖြစ်နိုင်ပေမယ့် တစ်ခုခုဆိုရင် မိန်းကလေးဘက်ကို များစွာထိခိုက် သွားစေနိုင်ပါတယ် ။ကျွန်တော် ကိုယ်တိုင်လည်း အထင်ခံခဲ့ ရဖူးပါတယ်။

(၆) ချစ်သူစုံတွဲ ပုံတွေ မတင်သင့်ဘူးလို့ ယူဆပါတယ်။

ချစ်သူဆိုတာ လင်မယား မဟုတ်သေးပါဘူး ချစ်သူဆိုတာ ဆိုင်သလို ရှိပေမယ့် တရားဝင် မပိုင်သေးပါဘူး။ လင်မယားတွေတောင် အခန့်မသင့်ရင် ကွဲကြရသေးတာပဲ ။ ချစ်သူဆိုတာကလည်း အချိန်မရွေး အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲ သွားနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ကမ္ဘာလုံးသိအောင် မကြော်ငြာတာ အကောင်းဆုံးလို့ အကြုံပြုပါရစေ။

(၇) ကိုယ်နဲ့ အဆင်မပြေတဲ့ friendsတွေကို Block မယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ ပေါက်ကွဲသံစဉ်တွေ မတင်သင့်ပါဘူး ။

ကိုယ်မကြိုက်ဘူးလား ပြောနေစရာမလိုပါဘူး Block လိုက်ပါ ။ Add ထားတဲ့ friတွေ ကိုယ်လက်ခံချင်လား လက်ခံလိုက်ပါ ။ ကိုယ်မကျေနပ်တဲ့ friတွေကို စာတွေတင်ပြီးအသိပေးနေတာက ဆိုးကျိုးရှိပါတယ် ။ ဘာဆိုးကျိုးလဲဆိုတော့ လူမုန်းများခံရပြီး အကောင့်တွေ report အထုခံရတတ်သလို ကိုယ့်နာမည်ကို မသမာတဲ့သူက အပုပ်ချပြီး နာမည်ဖျက်တတ်ပါတယ်။ အကြံပေးခြင်းပါခင်ဗျာ ကျန်တာကတော့ “As you like can you choice”

Ps : ကျွန်တော် ကိုယ်တိုင်လည်း fb နက်ပတ်သက်ပြီး အထင်လွဲခံရမှု တွေ မကောင်းကြံမှုတွေ ခံခဲ့ရဖူးပါတယ်။ အ့ကြောင့် ကျွန်တော့် သူငယ်ချင်းများ မောင်နှမ သားချင်းအားလုံးကို ကျွန်တော့်လိုအဖြစ် မရောက် စေချင်လို့ ဒီပို့ကို တင်ပေးရခြင်း ဖြစ်ပါတယ် ။

လူတိုင်းမှာ လွတ်လပ်ခွင့်တွေရှိပါတယ် ။ လွတ်လပ်ခွင့်တွေကို ကောင်းကျိုးရှိရှိ အသုံးချစေခြင်ပါတယ် ။ လွတ်လပ်ခွင့် တွေ ပျော်ရွှင်မှုတွေ နောက်မှာမကောင်းမှုကို လုပ်ဖို့စောင့်နေတဲ့ သူတွေလည်း ရှိတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်ခင်ဗျာ။ Crd to Oraginal

Add a Comment

Your email address will not be published. Required fields are marked *