ချစ်သူနဲ့မိသားစုကိုပြဖို့ သုဝဏ္ဏဘူမိ လေဆိပ်အတွင်း ပိုင်းလော့ယူနီဖောင်းနဲ့ ဓာတ်ပုံဝင်ရိုက်သူ အဖမ်းခံရ

ချစ်သူနဲ့မိသားစုကိုပြဖို့ သုဝဏ္ဏဘူမိလေဆိပ်အတွင်း ပိုင်းလော့ယူနီဖောင်းနဲ့ ဓာတ်ပုံဝင်ရိုက်သူ အဖမ်းခံရ

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၂) ရက်နေ့က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲကို လေယာဉ်မှူး မှတ်ပုံ အတု၊ ယူနီဖောင်း အတုတွေနဲ့ ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို ဗီဇာသက်တမ်း ကုန်နေမှု၊ အယောင်ဆောင် မှုတွေနဲ့ ထောင်ဒဏ် ရှစ်လချ မှတ်လိုက်တယ်လို့ သိရပါတယ်။

ရဲမင်းသူလို့ ခေါ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ဟာ မိသားစုနဲ့ ချစ်သူကို ပို့ပေးဖို့ လေဆိပ်ထဲကို ဆယ်လ်ဖီဓာတ်ပုံ ရိုက်ဖို့အဝင်မှာ လေဆိပ်လုံခြုံရေးတွေက မသင်္ကာလို့ စစ်ဆေးခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတာပါ။

သူဟာ ဗန်ကောက်မြို့၊ ဟွာမက်ရပ်ကွက်က ကွန်ဒိုတိုက်ခန်းတစ်ခုမှာ နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံမှာတက္ကသိုလ် တက်ရောက်ဖို့ရောက်ရှိနေပေမယ့် ကျောင်းနား ထားရသူဖြစ်ကာ အခုအချိန်မှာ လေကြောင်း သင်တန်းကို အွန်လိုင်းကနေပဲ သင်ကြားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုတွေအရ ရဲမင်းသူရဲ့ ဗီဇာဟာ သက်တမ်း ကုန်ဆုံးနေတာ တွေ့ရတဲ့အတွက် ဆမတ်ပရာကန်ခရိုင် တရားရုံးကို အမှုလွှဲလိုက်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာပဲ ထောင်ဒဏ် ရှစ်လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ Source ; Omedia

Unicode … ချစ်သူနဲ့မိသားစုကိုပြဖို့ သုဝဏ္ဏဘူမိလေဆိပ္အတြင္း ပိုင်းလော့ယူနီဖောင်းနဲ့ ဓာတ်ပုံဝင်ရိုက်တဲ့ မြန်မာနိုင်ငံသား အဖမ်းခံရ

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၂) ရက်နေ့က ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲကို လေယာဉ်မး မတ်ပုံ အတု၊ ယူနီဖောင်း အတုတွေနဲ့ ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကို ဗီဇာသက်တမ်း ကုန်နေမ၊ အယောင်ဆောင် မတွေနဲ့ ထောင်ဒဏ် ရစ်လချ မတ်လိုက်တယ်လို့ သိရပါတယ်။

ရဲမင်းသူလို့ ခေါ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ဟာ မိသားစုနဲ့ ချစ်သူကို ပို့ပေးဖို့ လေဆိပ်ထဲကို ဆယ်လ်ဖီဓာတ်ပုံ ရိုက်ဖို့အဝင်မာ လေဆိပ်လုံခြုံရေးတွေက မသင်္ကာလို့ စစ်ဆေးခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတာပါ။

သူဟာ ဗန်ကောက်မြို့၊ ဟွာမက်ရပ်ကွက်က ကွန်ဒိုတိုက်ခန်းတစ်ခုမာ နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံမာတက္ကသိုလ် တက်ရောက်ဖို့ရောက်ရနေပေမယ့် ကျောင်းနား ထားရသူဖြစ်ကာ အခုအချိန်မာ လေကြောင်း သင်တန်းကို အွန်လိုင်းကနေပဲ သင်ကြားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးမတွေအရ ရဲမင်းသူရဲ့ ဗီဇာဟာ သက်တမ်း ကုန်ဆုံးနေတာ တွေ့ရတဲ့အတွက် ဆမတ်ပရာကန်ခရိုင် တရားရုံးကို အမလွလိုက်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မပဲ ထောင်ဒဏ် ရစ်လ ချမတ်လိုက်တာ ဖြစ်ပါတယ်။ Source ; Omedia

Tags:

Add a Comment

Your email address will not be published. Required fields are marked *