မိသားစုပေါင်း ၈၀၀ ကျော်အတွက် အစားအသောက်တွေ လှူဒါန်းပေးခဲ့တဲ့ လူကြမ်းမင်းသားကြီး

မိသားစုပေါင်း ၈၀၀ ကျော်အတွက် အစားအသောက်တွေ လှူဒါန်းပေးခဲ့တဲ့ လူကြမ်းမင်းသားကြီး

Hollywood ရုပ်ရှင်လောကကရဲ့ နာမည်ကျော် မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Danny Trejo ကိုတော့ ရုပ်ရှင်ချစ်ပရိသတ် တော်တော်များများ သိရှိကြမှာပါ။ Danny ဟာ ဇာတ်လမ်းတော်တော်များများမှာ လူကြမ်း၊ လူဆိုးခေါင်းဆောင် အစရှိတဲ့ ဇာတ်ကောင်တွေမှာသာ အများဆုံး သရုပ်ဆောင်လေ့ရှိပြီး Con Air, Desperado, Machete, Bad Ass အစရှိတဲ့ အက်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ လူကြမ်းမင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။

အခုလည်း Danny ဟာ Los Angeles အရှေ့ပိုင်းမှာရှိတဲ့ မိသားစုပေါင်း ၈၀၀ ကျော်အတွက် စားသောက်စရာတွေ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း Foxnews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ တော်တော်များများ သိကြတဲ့အတိုင်း လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းအတွက် စားဝတ်နေရေး တော်တော်လေးကို အခက်အခဲ ဖြစ်နေရတဲ့ အချိန်ပါ။

ဒါကိုသိတဲ့ Danny ကတော့ Everest Foundation နဲ့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က အမေရိကန်နိုင်ငံ၊ Los Angeles မြို့ အရှေ့ပိုင်းမှာရှိတဲ့ Front-line workers တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ကိုယ်တိုင် သွားရောက်ကာ စားသောက်စရာ တွေ ထောက်ပံ့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Danny ဟာ သူ့ရဲ့ စားသောက်ဆိုင်က ထုတ်လုပ်တဲ့ သူ့ရဲ့ကိုယ်ပိုင် Tacos မုန့်တွေကိုပါ ဝေငှခဲ့ကြောင်း သိရပါတယ်။

“ လက်ရှိ ဒီအခြေအနေကြီးဟာ ဘယ်အချိန်မှ ပြီးဆုံးနိုင်မယ်ဆိုတာဘယ်သူမှ မသိရပါဘူး။ ကျိန်းသေတာကတော့ ၂၀၂၀ တစ်နှစ် ပတ်လုံးဟာ ကျွန်တော်အပါအဝင် လူသားတိုင်းအတွက် အခက်ခဲဆုံးအချိန် ဖြစ်တာ jm ကတော့ ကျိန်းသေပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့လည်း ကိုယ်တက်နိုင်သလောက်လေး လူတွေကို အကူအညီပေးချင်တာပါ။

အခုလို အစားအစာတွေကို လှူဒါန်းခွင့်ရတဲ့ အတွက်လည်း တော်တော်လေးကို ပျော်မိပါတယ်။ နောက်ထပ်လည်း ဒီလိုမျိုး ကူညီနိုင်တဲ့ အခွင့်အရေးတွေ ထပ်ရချင် ပါသေးတယ်”လို့ Danny က သူ့ရဲ့ Instagram အကောင့်မှာ ဖော်ပြခဲ့ပါတယ်။ Crd ; Pyi Hein Kyaw

Add a Comment

Your email address will not be published. Required fields are marked *