2020 ဒီဇင်ဘာ 29 မှ 2021 ဇန္နဝါရီ 5 အတွင်း မိုးလေဝသ အခြေအနေ

2020 ဒီဇင်ဘာ 29 မှ 2021 ဇန္နဝါရီ 5 အတွင်း မိုးလေဝသအခြေအနေ

ဒီတပါတ်က နှစ်ဟောင်းအကုန် နှစ်သစ်အကူး ရက်သတ္တပါတ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2020 နှစ်ကတော့ မိုးကာလ မိုးနည်းခဲ့ပြီး မိုးကြိုမိုးဦးလည်း မုန်တိုင်နည်း ခဲ့တယ်။ မိုးလွန်မှ မိုးရကြလို့ မိုးစပါးအတွက် ရေလိုအပ်ချက် မင့်မားခဲ့တဲ့ နှစ်တနှစ်အဖြစ် မှတ်သားနိုင်ပါတယ်။

2020 June လမှ ယခုအထိ (2021 Mayအထိ ဖြစ်နေမဲ့) လာနီညာ သက်ရောက်မှုကြောင့် မိုးအကုန် ဆောင်းအကူလတွေမှာ ယခင်နဲ့မတူဘဲ လေပွေလှိုင်းတွေ မုန်တိုင်းငယ်တွေကြောင့် မြန်မာမှာ ချိန်ခါမဟုတ် မိုးတွေ ရခဲ့ကြတယ်။ ဆောင်းကလည်း အေးစက်ခြင်းနဲ့အတူ ဆောင်မိုးကြောင့်စိုစွတ်ခြင်းပါ တွဲခံစားခဲ့ရသော နှစ်အဖြစ် သုံးသပ်ရပါတယ်။

ယခုတပါတ်မှာလည်း လေပွေလှိုင်းအဆင့် မရောက်သည့်တိုင် အရှေ့ဘက်က လေပြင်းများ 2021 ဇန္နဝါရီ 3-5ရက်မှာ မုတ္တမကွေ့ ဘင်္ဂလားပင်လယ် အော် တောင်ပိုင်းတွေမှာ ဖြတ်ကျော်တိုက်ခတ် နိုင်ပါတယ် ။ အရှေ့လေပြင်းများက ရေလုပ်သားများကို နှစ်စဉ်အန္တရာယ်ပေးသော ဖြစ်စဉ်ဖြစ်လို ယခုတပါတ် သတိထားရမှာ ဖြစ်ပါတယ်။

အဲ့ဒီရက်မှာ တနင်္သါရီမှာ မိုးအနည်းငယ် ရွာနိုင်သလို ရှမ်းအရှေ့ လည်းမိုးအနည်းငယ် ရွာနိုင်ပါတယ်။ ပင်လယ်နဲနီးတဲ့ ရန့်ကုန်နဲ့ ဧရာဝတီ အအေးသက်သာနေမည်ဖြစ်ပြီး ကချင် စစ်ကိုင်း ချင်း ရခိုင်မြောက် မန္တလေး မကွေးရှမ်းပြည်နယ် ကယားပြည်နယ်တွေကတော့ ဆက်လက်အေးပြီး ဆောင်း အရသာဆက်ရနေမှာ ဖြစ်ပါတယ်။

နံနက်ပိုင်းလည်း မြူထူများ ကျနိုင်ပါတယ်။နှစ်သစ်မှာ လာနီညာ အကျိုးဆက် မေလအထိ ရှိနေမှာမို့ ရာသီဥတု ဖေါက်ပြန်မှု့ကို သိရှိပြီး ထိခိုက်မှု့လျော့နည်းအောင် ဆောင်ရွက်နိုင်ကြပါစေ ။ နောက်တခု ကိုဗစ်ကပ်ဘေးကလည်းဆက်လက် သက်ရောက်နေဆဲမို့ နှစ်သစ်မှာ စိတ်သစ်မာန်သစ်နဲ့ ဘေးကင်းအောင်း ပိုမိုအလေးထား တုံ့ပြန်ဆောင်ရွက်နိုင်ကြပါစေလို့ နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်။ ကျန်းမာ ပျော်ရွှင် ကြပါစေ။ Source ; U Chit Kyaw

Add a Comment

Your email address will not be published. Required fields are marked *