ကယ်လီဖိုးနီယား ပင်လယ်နက်ယုန် လို့လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ပင်လယ် ပက်ကျိ
|ကယ်လီဖိုးနီယား ပင်လယ်နက်ယုန် လို့လူသိများတဲ့ ကမ္ဘာ့အကြီးဆုံး ပင်လယ် ပက်ကျိ
အရှည် ၉၉ စင်တီမီတာ ရှိပြီး အလေးချိန် ၁၄ကီလိုဂရမ်အ လေးချိန်ရှိတဲ့ Aplysia vaccaria ဆိုတာ အနက်ရောင်ပင်လယ်ယုန် ဒါမှမဟုတ် ကယ်လီဖိုးနီးယား ပင်လယ်နက်ယုန်လို့ လူသိများတဲ့ ကမ္ဘာအကြီးဆုံး ပင်လယ် ပက်ကျိ တစ်ကောင်ပါ။
ပတ်ကျိဆိုရင် လူ့လက်ချောင်း သာသာလောက်ရှိတဲ့ အကောင်တွေကိုပဲ မြင်ဖူးကြ သူတွေအဖို့အလယ်အလတ်စား ခွေးတစ်ကောင်လောက် နီးပါး ကြီးမား လေးလံတဲ့ ပက်ကျိ ရှိတယ်ဆိုတာကိုတကယ်အံ့ဩကြမှာပါ။
အခု Aplysia vaccaria ကတော့ အလွန်တွေ့ရ ခဲပါတယ်။ ကယ်လီဖိုးနီးယား ကမ်းခြေနဲ့ ကယ်လီဖိုးနီးယားပင်လယ်ကွေ့မှာ နေထိုင်သူတွေ ဆိုရင်တေဥ,တင်ချိန်မှာရေတိမ်ပိုင်းကို ဝင်လာတတ်တဲ့ ပင်လယ်ပက်ကျိတွေကို ရတတ်ပါတယ်။
ဒီကြီးမားတဲ့ ပင်လယ် ပက်ကျိက အခြားပင်လယ်မျော့တွေလိုအပင်စား သတ္တဝါတွေဖြစ်ပြီး အညိုရောင်ရေညှိတွေကို စားသုံးကြပါတယ်။
Aplysia vaccaria က အစားအစာကနေ ရရှိတဲ့ဒြပ်ပေါင်းတွေကနေ အဆိပ်တွေကို ကို ထုတ်လုပ်နိုင်ပါတယ်။ ပက်ကျိကအက်တတိုစီစီရိုင်နိုက်ဒိုင် ဆိုတဲ့အဆိပ်ကို ထုတ်နိုင်တာကြောင့် သူတို့ကို လာစားမယ့် ပင်လယ်ငါးတွေရဲ့ ရန်ကနေ ကာကွယ်နိင်ပါတယ်။
ကံကောင်းတာကတော အဲဒီ အက်တတိုစီစီရိုင်နိုက်ဒိုင် အဆိပ်က လူသားတွေကို အန္တရာယ်မပေးပါဘူး။ လွန်ခဲ့တဲ့နှစ်အနည်း ငယ်က YouTuber နဲ့ ရုပ်သံစီစဉ် တင်ဆက်သူ Coyote Peterson က အလယ်အလတ်အရွယ်အစား ပင်လယ်ပက်ကျိတစ်ကောင်ကိုကောက်ယူပြီး မိနစ်အနည်းငယ်ကြာထဲ့အထိ သူ့လက်နဲ့ ကိုင်ပြခဲ့ဖူးပါတယ်။ အဲဒီအချိန်က သူကိုင်ခဲ့တဲ့ပက်ကျိရဲ့ အလေးချိန်က လေးကီလိုဂရမ်ဝန်းကျင်လို့သိရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ် ; မင်းသုတဟန် Ref: OD / ChannelKeyMyanmar crd to origanal